မလေးရှားနိုင်ငံကနေ နေရပ်ကိုပြန်လိုကြ တဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေးကို မြန်မာသံရုံးအနေနဲ့ ဦးစီးပြီး ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ပေးဖို့ မလေးရှား အခြေစိုက် မြန်မာ့အမျိုးသားရေး လူမှုကွန်ရက် ကော်မတီက သမ္မတ ဦးသိန်းစိန်ထံ ဒီကနေ့ အိပ်ဖွင့်ပေးစာ ပေးပို့တောင်း ဆိုလိုက်ပါတယ်။
မွန်ပြည်နယ်တွင်းက လူငယ်ထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုဟာ စိုးရိမ် စရာ ဖြစ်လာနေတဲ့အတွက် မြန်မာအစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးဖို့ မွန်ဒေသ လူ့အခွင့်အရေး ဖောင်ဒေးရှင်းက တောင်းဆိုလိုက်ပါတယ်။
ဗိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Alan Duncan ဟာ ဇွန်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် ကို ရောက်ရှိလာပြီး စစ်တွေနဲ့ မြေပုံမြို့နယ်တွေက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို သွားရောက်လေ့လာ ခဲ့ပါတယ်။
ထိုင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက ဆင်ဖြူတော် တစ်ကောင်ကို ငှားရမ်းပြီး ချင်းမိုင် တိရစ္ဆာန်ရုံမှာ ပြသခွင့်ပြုဖို့ ကမ်းလှမ်းခဲ့တာကို မြန်မာအစိုးရဘက်က ငြင်းဆန်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူ ဖြစ်စေဖို့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှု အတွေ့အကြုံတွေကို မျှဝေ သွားမယ်လို့ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ ပြောလိုက်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့ ကျရောက်တဲ့ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၈ နှစ်မြောက် မွေးနေ့ပွဲ ကို ရန်ကုန်မြို့၊ ဗဟန်းမြို့မှာရှိတဲ့ NLD ပါတီရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့ သစ် ၄ မြို့နယ်မှာ ကုမ္ပဏီတွေနဲ့စစ်တပ်က လယ်ဧက တစ်သောင်းကျော် သိမ်းယူထားတဲ့အတွက် လယ်သမားတွေအနေနဲ့  လယ်လုပ်ဖို့လည်း မှတ်ပုံတင်ခွင့် မရ၊ ထိုက်သင့်တဲ့လျော်ကြေးလည်းမရဘဲ အခက်တွေ့နေကြ တယ်လို့ သိရပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ပေါင်းပြီး တစ်ပါတီတည်းထူထောင်ဖို့ သဘောတူ ဆုံးဖြတ်တာဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပထမဆုံးဖြစ်ရပ် တစ်ခုဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောပါတယ်။
ရေဘေး၊ ရောဂါဘယဘေးတွေ ကြုံတွေ့နိုင်ဖွယ်ရှိနေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေးနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ ဖြေရှင်းနိုင်အောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကို အားတက်သရော ကူညီပံ့ပိုးကြဖို့ ဗြိတိန်အစိုးရ နိုင်ငံ တကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး Alan Duncan က တိုက်တွန်းလိုက်ကြောင်း ဗြိတိန်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က စခန်းတစ်ခုကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁ဝဝ ကျော်ကို ထိုင်းနိုင်ငံ တပ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအစိုးရ သတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်ကြားမှာ အစိုးရတပ် လှုပ်ရှားစစ်ကြောင်းတစ်ကြောင်းက ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တပ် စခန်းကို ဒီကနေ့ နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နှစ်နာရီကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။
တနသာင်္ရီတိုင်း၊ ထားဝယ်မြို့၊ ကမြောကင်းလမ်းတောင်ဘက်မှာ အာဏာပိုင်တွေ သိမ်းယူထားတဲ့ လယ်ယာမြေဧက ၃ဝဝ ကျော်အတွက် လယ်သမားတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က လယ် ၃ ဧက ကို ပေ ၄ဝ×၆ဝ မြေကွက်တစ်ကွက်နှုန်း လျော်ကြေးပေး သွားမယ်လို့ ဒီကနေ့ လယ်သမားတွေနဲ့ တွေ့ဆုံမှုမှာ ပြော ကြားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၈)ရပ်ကွက်မှာ ရွေနဂါးမင်းကုမ္ပဏီက သိမ်းယူထားတဲ့ (၄၄၆) ကျုံမနာကွင်းက လယ်ဧက ၁ဝဝ ကျော်မှာ လယ်သမား ၁၃ ဦးက လယ်ယာမြေတွေ ပြန်လည်လုပ်ကိုင်ခွင့် ရရှိဖို့အတွက် ဒီကနေ့ ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒုဥက္ကဌ ခူးဦးရယ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ ယောက်ပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဒုတိယအကြိမ် ထပ်မံဆွေးနွေးဖို့ ထိုင်း-မြန်မာနယ်စပ်ကနေတဆင့် ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်ရှိသွားပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာရှိခဲ့တဲ့ မူပိုင်ခွင့် ဥပဒေတွေဟာ ခေတ်နဲ့ မလျော်ညီတော့တဲ့အတွက် ပြန်လည်ရေး ဆွဲနေပြီဖြစ်ကြောင်း နေပြည်တော်မှာ ကျင်းပနေတဲ့ မူပိုင်ခွင့် ဥပဒေရေးဆွဲရေး ဆွေးနွေးပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံး ပြုပြင်မယ်ဆိုရင် ရှေ့နောက်မညီတဲ့ ပုဒ်မတစ်ခုချင်းစီကို စပြီးပြုပြင်ရမယ်လို့ ညီညွှတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့(UNA)တို့နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက် ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော် ဥက္ကဌ ( California State Assembly Speaker ) က အသိအမှတ်ပြုလွှာတစ်စောင်ကို တနင်္ဂနွေနေ့ညက ပေးအပ် ခဲ့ပါတယ်။
လာမယ့် ၂ဝ၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌအဖြစ်တာဝန်ယူဖို့ မြန်မာ အစိုးရ ပြင်ဆင်ဆောင်ရွက်နေတာတွေဟာ အဆင်ပြေချောမွေ့နေတယ်လို့ သိရကြောင်း Jakarta Post သတင်းစာက ဖေါ်ပြပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းဖို့၊ လယ်မြေတွေ မှာ တောင်သူတွေကို ထွန်ယက်စိုက်ပျိုး ခွင့်ပေးဖို့နဲ့ ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် ဒီကနေ့ဒေသခံတွေက တရားဝင်ခွင့်ပြုမိန့်နဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲမှာပါဝင်တဲ့ အလယ်တောရွာဒေသခံ မစန္ဒာက RFA ကို အခုလို ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ ဆုံစည်းမြိုင်ကျေးရွာမှာ (DKBA) ကလိုထူးဘောတပ်ဖွဲ့က ဦးစီးပြီး ဇွန်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ ကနေ အချက် ၈ ချက်ပါတဲ့ သဘောထားကြေညာချက်တစ်ခု ကို ထုတ်ပြန်လိုက်ပါတယ်။
မလေးရှားနိုင်ငံမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး သက်သေခံ တရားဝင်လက်မှတ်မပါရှိဘဲ နေထိုင်အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ဝ ခန့်ကို ဆာပန်းနယ် တရားရုံးက ဒီကနေ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေ ရဲ့ မြေနေရာပေါ်မှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သုံးထပ်တိုက် လူနေအိမ်ရာတွေ ပြန်လည်ဆောက်လုပ်ပေးဖို့ စီစဉ်နေတာကို နေအိမ်ပျက်စီးဆုံးရှုံးသွားခဲ့ရသူတွေက သမ္မတ ဦးသိန်းစိန်ထံ ကန့်ကွက်စာတင်ထားတယ်လို့ သိရပါတယ်။
ရခိုင်တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (RNDP) နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (Arakan National Party) အဖြစ်ထူထောင်ဖို့ ဒီကနေ့ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့(UNA) တို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အဓိကဆွေးနွေးကြမယ်လို့ သတင်းရရှိပါတယ်။
ဇွန်လ ၁၆ ရက် မနေ့ညက စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ရဲတပ်ဖွဲ့စခန်းနဲ့ တမူးခရိုင် ရဲတပ်ဖွဲ့စခန်းတွေ ကို နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဒုတိယရဲချုပ်ဦးစီးတဲ့ ရဲအင်အား ၁ဝဝ လောက်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြားနဲ့ အိမ်ထောင်ပြု တာကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အမျိုးစောင့်ဥပဒေဆိုတာဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းအပိုဒ် (၁၆) မှာ ဖေါ်ပြထားတဲ့ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း လွတ်လပ်စွာ လက်ထပ် ထိမ်းမြားခွင့်ရှိတယ်ဆိုတဲ့အချက်ကို ချိုးဖောက်တာဖြစ်တယ် လို့  အမျိုးသမီးအဖွဲ့ တွေက မနေ့ကရက်စွဲနဲ့  ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ရမယ်လို့  ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံက ကလေးသူငယ်တွေမှာ အာဟာရ ဓာတ်ချို့တဲ့နေတာတွေ့နေရတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
၂ဝ၁၅ မတိုင်ခင် ငြိမ်းချမ်းရေးရရှိအောင် အချိန်တစ်ခုသတ်မှတ်ဖို့လိုကြောင်း DKBA ကလိုထူးဘောတပ်ဖွဲ့က ဦးဆောင်ကျင်း ပနေတဲ့ ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထား အမြင် နှီးနှောဖလှယ်ပွဲမှာ ဒီကနေ့ဆွေးနွေးခဲ့ကြပါတယ်။