လွတ်လပ်သောအာရှအသံ၊ အင်တာနက် စာမျက်နှာ သုံးစွဲခြင်း စည်းမျဉ်းများ

(ဤ စည်းမျဉ်းများသည် ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်အကျုံးဝင်သည်။)

(ဤ စည်းမျဉ်းများသည် ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်အကျုံးဝင်သည်။)

စည်းမဉ်းမားကို သဘောတူခင်း

လွတ်လပ်သောအာရှအသံ၊ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည့် အကြောင်းအရာ၊ အချက် အလက်၊ ဆောင်းပါးများအား အသုံးမပြုမီ ဤစည်းမျဉ်းစည်းကမ်းများအား ကြိုတင်ဖတ်စေလိုပါသည်။

ဤစည်းမျဉ်းစည်းကမ်းများသည် RFA Message Boards၊ Podcasting နှင့် RSS Feed များအား သုံးစွဲမှုများအားလုံးနှင့်အကြုံးဝင်သည်။ (အားလုံးကိုခြုံငုံ၍ လွတ်လပ်သောအာရှအသံ အင်တာနက် စာမျက်နှာ သို့မဟုတ် ဌာနဟုသုံးသွားမည်။)

လွတ်လပ်သောအာရှအသံအင်တာနက် စာမျက်နှာကိုသုံးစွဲသည်နှင့်တပြိုင်နက် ထိုသုံးစွဲသူသည် ဤစည်းမျဉ်းများကိုလိုက်နာရန်သဘောတူသည်ဟု သတ်မှတ်သည်။ လိုအပ်ပါက ဌာနအနေနှင့် ဤစည်းမျဉ်းများကို အချိန်မရွေးပြင်ဆင်ဖြည့်စွက်ခွင့်ရှိသည်။ ထိုသို့ပြင်ဆင် ဖြည့်စွက်သည်များကိုလည်း လွတ်လပ်သောအာရှအသံအင်တာနက်စာမျက်နှာ၌ ဖော်ပြပေးသွားမည်။

ထိုသို့ဖော်ပြပြီးသည်နှင့်တပြိုင်နက် ထိုပြင်ဆင်ဖြည့်စွက်ချက်များသည် အတည်ဖြစ်ပြီး အင်တာနက် စာမျက်နှာသုံးစွဲသူအနေနှင့် ထိုအချက်များအား လိုက်နာဖို့သဘောတူသည်ဟု သတ်မှတ်သည်။

မူပိုင်ခင့်

လွတ်လပ်သောအာရှအသံအင်တာနက်စာမျက်နှာပါ အကြောင်းအရာများအား အမေရိကန်အစိုးရ မူပိုင် ခွင့်ဥပဒေ၊ နိုင်ငံတကာမူပိုင်ခွင့်ဥပဒေများနှင့်အညီ အကာအကွယ်ပေးထားသည်။ လွတ်လပ်သော အာရှအသံအင်တာနက်စာမျက်နှာ၌ စာအားဖြင့်ရေးသားဖော်ပြထားသည့် အကြောင်းအရာများအား ဖြန့်ဝေခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ ပြန်လည်အသုံးပြုခြင်းများကို ကြိုဆိုခွင့်ပြုသည်။ သို့သော် ထိုသို့ အသုံးပြုလျှင် လွတ်လပ်သောအာရှအသံပိုင်အကြောင်းအရာများဖြစ်ကြောင်း အောက်ပါအတိုင်း ရည်ညွှန်းဖော် ပြရမည်။

Copyright 2006, RFA. Reprinted with the permission of Radio Free Asia, 2025 M St. NW, Suite 300, Washington DC 20036. http:/ / www.rfa.org

လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာမှ သတင်း၊ ဆောင်းပါးစသည်တို့ကို တခုလုံး မဟုတ်ပဲ တစိတ်တပိုင်းကို ကောက်နှုတ်အသုံးပြုခြင်းဖြစ်လျှင် ကောက်နှုတ်ခက် မျှသာဖြစ်ကြောင်း ဖော်ပြအသိပေးရမည်။ ထို့အပြင် ထိုကောက်နှုတ်ချက်သည် တပုဒ်လုံး၏မူရင်းအာဘော်အား ပြောင်းလဲသွားစေခြင်း၊ အဓိပ္ပါယ်ကောက်လွဲမှားသွားအောင် ဖန်တီးခြင်းများမပြုလုပ်ရ။

အထူးသတိပြုရန်မှာ လွတ်လပ်သောအာရှအသံအင်တာနက်စာမျက်နှာတွင်ဖော်ပြထားသည့် ဌာန ၉ ခုစလုံး၏ မည်သည့်အသံ၊ မည်သည့်အစီအစဉ်၊ မည်သည့်ဓါတ်ပုံ၊ ဂရပ်ဖစ်ဒီဇိုင်း၊ ဗီဒီယိုများကိုမျှ ခွင့်ပြုချက်မယူပဲ ထုတ်လွှင့်ဖော်ပြခြင်း၊ ပြန်လည်ထုတ်လွှင့်ဖော်ပြခြင်းများကိုမဆို ပြင်းထန်စွာတားမြစ်ပိတ်ပင် သည်။

တ်လပ်သောအာရအသံ၏ အမတ်တံဆိပ်

Radio Free Asia ( RFA) နှင့် RFA အစီအစဉ်အမည်များသည်၊ RFA ဌာန၏ အမှတ်တံဆိပ်များ ဖြစ်ပြီး၊ လွတ်လပ်သောအာရှအသံ၏ မူပိုင်ဖြစ်သည်။ လွတ်လပ်သောအာရှအသံထံမှ၊ စာအား ဖြင့်ကြိုတင်ခွင့်ပြုချက် မရရှိပဲနှင့်၊ လွတ်လပ်သောအာရှအသံ၏ မည်သည့် သင်္ကေတ၊ အမှတ်တံဆိပ် နှင့် ဂရပ်ဒီဇိုင်းများကိုမျှ၊ သုံးစွဲခြင်း မပြုလုပ်ရ။

သို့ရာတွင်၊ RSS Feeds များပါဝင်သည့် လွတ်လပ် သောအာရှအသံတံဆိပ်ကိုမူ အသုံးပြုနိုင်သည်။ သိုပေသော်ထိုသို့အသုံးပြုရာ၌ ရှေ့တွင်ဖော်ပြသွားမည့် လွတ်လပ်သောအာရှအသံ RSS Feeds ဆိုင်ရာအကူအညီများနှင့်ဖြစ်ရမည်။

မိမိ၏ ကိုယ်ပိုင်အင်တာနက် စာမက်နာမားတင် ထည့်သင်းဖော်ပမှု

လွပ်လပ်သောအာရှအသံအင်တာနက်စာမျက်နှာအား ၎င်း၏ကိုယ်ပိုင် အင်တာနက်လိပ်စာမပေါ်စေပဲ၊ မိမိကိုယ်ပိုင်အင်တာနက်စာမျက်နှာ လိပ်စာဘောင်အတွင်း သွတ်သွင်းအသုံးပြုခြင်းမျိုးကို ခွင့်မပြု။

တ်လပ်သောအာရအသံ အင်တာနက်စာမက်နာကို ဆက်သယ်ခင်းနင့်စပ်လဉ်း၍

လွတ်လပ်သောအာရှအသံသည် အမြင့်မားဆုံးသတင်းအဆင့်အတန်းနှင့် သတင်းကျင့်ဝတ်များကို လိုက်နာကျင့်သုံးသော၊ လွတ်လပ်သော၊ စီးပွားရေးလုပ်ငန်းမဟုတ်သောအဖွဲ့အစည်းဖြစ်သည်။

လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာအား ဝင်ရောက်ဆက်သွယ်ခွင့်ပေးခြင်းသည်

၁။ လူပုဂ္ဂိုလ်တဦးတယောက်၊ အဖွဲ့အစည်းတစုံတခု၏ဦးတည်ချက်၊ အတွေးအခေါ်၊ ၎င်း၏အင်တာ နက်စာမျက်နှာ၊ နိုင်ငံရေးလှုပ်ရှားမှု၊ တင်ပြချက်များနှင့် လုပ်ငန်းဆောင်တာများအား လွတ်လပ်သော အာရှအသံက ထောက်ခံမှုပေးသည် ကြော်ငြာပေးသည်ဟူသည့်သဘော မသက်ရောက်စေရ။

၂။ လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာပါအကြောင်းအရာများကို စီးပွားရေးရည်ရွယ် ချက်အတွက် အသုံးမပြုရ။

လွတ်လပ်သောအာရှအသံ၏ မည်သည့်အင်တာနက်စာမျက်နှာကိုမဆို ဝင်ရောက်ကြည့်ရှုခွင့်အား လွတ်လပ်သောအာရှအသံအနေဖြင့် ပြန်လည်ရုတ်သိမ်းပိုင်ခွင့်ရှိသည်။

တ်လပ်သောအာရအသံ အင်တာနက်စာမက်နာ၌ ဖော်ပထားသော အခားအင်တာနက်စာမက်နာမားနင့်စပ်လဉ်း၍

လွတ်လပ်သောအာရှအသံ၊ အင်တာနက်စာမျက်နှာ၌ အခြားအင်တာနက်စာမျက်နှာအဆက်အသွယ် များကိုဖော်ပြပေးထားသည်။ ထိုစာမျက်နှာများသည် လွတ်လပ်သောအာရှအသံနှင့်လုံးဝပတ်သက်မှု မရှိပါ။ ၎င်းအပြင် ထိုအင်တာနက်စာမျက်နှာပါအကြောင်းအရာ၊ စီစဉ်ထုတ်လုပ်သူ၊ အစီအစဉ်များနှင့် လုပ်ငန်းဆောင်ရွက်မှုများအား လွတ်လပ်သောအာရှအသံက သဘောတူထောက်ခံမှုမရှိပါ။

ထိုစာမျက်နှာများ၏အကြောင်းအရာ၊ စီစဉ်ထုတ်လုပ်သူ၊ အရည်အသွေး၊ ကြော်ငြာ၊ ထုတ်လုပ်မှု၊ လုပ်ငန်းဆောင်တာများအပါအဝင် ဖော်ပြထားသည့်တခြားကိစ္စရပ်များနှင့်စပ်လျဉ်း၍ လွတ်လပ်သော အာရှအသံ၌ စိုးစဉ်းမျှတာဝန်မရှိပါ။

ထိုအင်တာနက်စာမျက်နှာများတွင်ဖော်ပြထားသည့်၊ သို့မဟုတ် ထိုစာမျက်နှာများမှတဆင့်ဖော်ပြထား သည့် အကြောင်းအရာများ၊ ထုတ်လုပ်တင်ပြချက်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား အသုံးပြုရာမှ တဆင့် ပေါ်ထွက်လာသည့် သို့မဟုတ် ပေါ်ထွက်လာသည်ဟု စွပ်စွဲခံရသည့်၊ မည်သည့် အပျက်အစီး။ ဆုံးရှုံးမှုများနှင့် ပတ်သက်၍လည်း တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လွတ်လပ်သောအာရှအသံ၌တာဝန်မရှိပါ။

RSS Feeds နည်းဖင့် သတင်းမားတိုက်ရိုက်ရယူသည့်ကိစ္စ

www.rfa.org/ rss/ index.html လိပ်စာမှတဆင့် RSS Feed များရယူနိုင်အောင် လွတ်လပ်သော အာရှအသံက အထူးတလည်စီစဉ်ပေးထားပါသည်။ လွတ်လပ်သောအာရှအသံ RSS Feed များတွင် သတင်းခေါင်းစဉ်များ၊ အကျဉ်းချုပ်များနှင့် သတင်းတပုဒ်လုံးကိုဖတ်ရှုနိုင်ပါသည်။ ထို RSS Feed အားလုံးကို လွတ်လပ်သောအာရှအသံကပိုင်ဆိုင်သည်။

လွတ်လပ်သောအာရှအသံ RSS Feeds မှာဖော်ပြထားသည့် အကြောင်းအရာ အချက်အလက်တစိတ် တပိုင်းကိုဖြစ်စေ၊ သို့မဟုတ် လွတ်လပ်သောအာရှအသံ RSS Feeds ကိုဝင်ရောက်ဖတ်ရှုနိုင်သည့် လိပ်စာကိုဖြစ်စေ၊ တဆင့်ထပ်မံဖော်ပြနိုင်သည်။

သို့ရာတွင် အောက်ဖော်ပြပါအချက်များနှင့် ညီညွတ်မှသာလျှင် ဖော်ပြနိုင်ခွင့်ရှိသည်။

-       ဖော်ပြထားသောလွတ်လပ်သောအာရှအသံ၊ RSS Feeds လိပ်စာများသည် လွတ်လပ်သော အာရှအသ ံအင်တာနက်စာမျက်နှာသို့ တိုက်ရိုက်ရောက်ရှိနိုင်ရမည်။

-       လွတ်လပ်သောအာရှအသံ၊ RSS Feeds မှရယူသည့် အချက်အလက်များအား တဆင့်ပြန် လည်အသုံးပြုခြင်း၊ ဖော်ပြခြင်းအားဖြင့် လူပိုဂ္ဂိုလ်တဦးတယောက်၊ အဖွဲ့အစည်းတစုံတခု၏ ဦးတည်ချက်၊ အတွေးအခေါ်၊ အင်တာနက်စာမျက်နှာ၊ အစီအစဉ်များနှင့် လုပ်ငန်းဆောင်ရွက်မှု ကို လွတ်လပ်သောအာရှအသံကထောက်ခံသည်၊ မြှင့်တင်ပေးသည်ဆိုသည့်သဘောမသက် ရောက်စေရ။

-       လွတ်လပ်သောအာရှအသံ၊ RSS Feeds ၌ ဖော်ပြထားသည့် ခေါင်းစဉ်နှင့်အကျဉ်းချုပ်များအပါ အဝင်၊ အကြောင်းအရာတခုလုံး၏ မူရင်းအဓိပ္ပါယ် အနှစ်သာရများအားပြောင်းလဲပစ်ခြင်း၊ အဓိပ္ပါယ်အကောက်မှားအောင် ဖန်တီးခြင်းများ မပြုလုပ်ရ။

-       လွတ်လပ်သောအာရှအသံ၊ RSS Feeds မှတဆင့်ရယူထားသော သတင်းနှင့် အခြားအကြောင်းအရာများကို ပြင်ဆင်၊ ဖြည့်စွက်၊ ပြောင်းလဲခြင်းများ မပြုလုပ်ရ။

တ်လပ်သောအာရသံ၊ အင်တာနက်စာမက်နာကို သုံးစခင်း

လူပုဂ္ဂိုလ်တဦးတယောက်အနေနှင့် လွတ်လပ်သောအာရှအသံ RSS Feeds ပါ အကြောင်းအရာ အချက်အလက်များကို  ၎င်း၏ကိုယ်ပိုင်အင်တာနက်စာမျက်နှာတွင်ဖော်ပြမည်ဆိုလျှင် “လွတ်လပ် သောအာရှအသံ” နာမည်ကိုထည့်သွင်းဖော်ပြရမည်။ ထို့အပြင် “လွတ်လပ်သောအာရှအသံ၏ သတင်းခေါင်းစဉ်များ” ဟုလည်းဖော်ပြရမည့်အပြင်၊ RSS Feeds တွင်ဖော်ပြထားသော လွတ်လပ် သောအာရှအသံ၏ သင်္ကေတတံဆိပ်ကိုလည်း ဖော်ပြရမည်။ သို့သော် တစုံတရာကိုမျှ ပြုပြင် ပြောင်းလဲမှုမလုပ်ရ။

အထက်တွင်ဖော်ပြခဲ့သည့်ကိစ္စရပ်မျိုးမှလွဲ၍ လွတ်လပ်သောအာရှအသံ၏ မူပိုင်ခွင့်သင်္ကေတ၊ သို့မဟုတ် လွတ်လပ်သောအာရှအသံ၏အမှတ်အသားများ၊ လွတ်လပ်သောအာရှအသံ RSS Feed များအား တခြားကိစ္စရပ်များ၌ အသုံးပြုခြင်းကိုလည်း ပြင်းထန်စွာတားမြစ်သည်။ လွတ်လပ် သောအာရှအသံ RSS Feeds မှတဆင့်ရယူထားသော သတင်းနှင့်အခြားအကြောင်းအရာများကို အသုံးပြုမည်ဆိုလျှင် ဤစည်းမျဉ်းစည်းကမ်းများပါမူပိုင်ခွင့်အခန်းကို ဖတ်ရှုစေလိုပါသည်။

လွတ်လပ်သောအာရှအသံအနေဖြင့် RSS Feeds စီစဉ်ပေးထားခြင်းကို အချိန်မရွေးရပ်ဆိုင်းနိုင် ခွင့်ရှိသည်။ ထို့အပြင်လူတဦးတယောက်က လွတ်လပ်သောအာရှအသံ RSS Feeds များကို ဆက်သွယ်ခွင့်၊ အသုံးပြုခွင့်၊ လွတ်လပ်သောအာရှအသံ RSS Feeds ပါအကြောင်းအရာများအား အသုံးပြုခွင့် သို့မဟုတ် လွတ်လပ်သောအာရှအသံ၏ မူပိုင်ခွင့်တံဆိပ်အသုံးပြုခွင့်များကိုလည်း လွတ်လပ်သောအာရှအသံအနေနှင့် အချိန်မရွေးရပ်ဆိုင်းနိုင်ခွင့်ရှိသည်။

ထို့အပြင်အောက်ပါစဉ်းကမ်းများအားလိုက်နာရမည်။

၁။ သူတပါးဂုဏ်သိက္ခာညှိုးနွမ်းစေသော၊ မမှန်ကန်သော၊ ထင်ယောင်ထင်မှားဖြစ်စေနိုင်သော၊ ညစ်ညမ်းသော၊ မဖွယ်မရာဖြစ်သော၊ လိင်ပိုင်းဆိုင်ရာ နှိုးဆွသော၊ အကြမ်းဖက်သော၊ အလွဲသုံး စားလုပ်သော၊ ခြိမ်းခြောက်သော၊ မတရားပြုကျင့်သော၊ ခွဲခြားနှိမ်ချဆက်ဆံသော၊ လူမျိုးခွဲခြား စိတ်ရှိသော၊ ယုတ်ရင်းကြမ်းတမ်းသော၊ သူတပါးအခွင့်အရေးကို ကျူးကြော်ထိပါးသော၊ ဥပဒေ ချိုးဖောက်သော၊ အမုန်းစိတ်ပွားစေမည့်အရေးအသားများပါဝင်သော၊ အရွယ်မရောက်သေးသူများ အားတနည်းနည်းဖြင့် ထိခိုက်စေနိုင်သော အရေးအသား၊ အကြောင်းအရာ၊ ဓါတ်ပုံ၊ ဗွီဒီယို အစရှိ သည်များကို လွတ်လပ်သောအာရှအသံ Message Boards သို့ မပေးပို့ရ။

၂။ လွတ်လပ်သောအာရှအသံ Message Boards ကိုဆက်သွယ်ရာ၌ လွတ်လပ်သောအာရှအသံ ၏ အရာရှိများ၊ ဝန်ထမ်းများအပါအဝင် တခြားလူပိုဂ္ဂိုလ်တဦးတယောက်၊ အဖွဲ့အစည်းတစုံတခု အဖြစ် အယောင်ဆောင်ဆက်သွယ်မှုမျိုး မလုပ်ရ။ ( ဥပမာ..မိမိကိုယ်ပိုင်အမည်နှင့် အီးမေးလ်လိပ် စာကိုမသုံးပဲ တခြားသူတဦးဦး အဖွဲ့အစည်းတခုခု၏ အမည်နာမနှင့် အီးမေးလ်လိပ်စာကို သုံးစွဲမှု မျိုး။)

၃။ အီလက်ထရောနစ်နည်းလမ်းဖြင့် ဖြန့်ချီနိုင်ခွင့်ရှိသည်ဆိုသော မူပိုင်ခွင့်၊ သို့မဟုတ် အခြား အလားတူ ခွင့်ပြုချက်တစုံတရာရှိမှသာလျှင်၊ အကြောင်းအရာ အချက်အလက်များကို လွတ်လပ် သောအာရှအသံ Message Boards သို့ ပေးပို့နိုင်သည်။

မူပိုင်ခွင့်၊ အမှတ်တံဆိပ်၊ အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီတခုခု၏ လျှို့ဝှက်ကိစ္စ၊ တသီးပုဂ္ဂလ လွတ်လပ်ခွင့်၊ ကိုယ်ရေးကိုယ်တာ၊ အများစိတ်ဝင်စားမှု၊ ကျင့်ဝတ်ဆိုင်ရာ သို့မဟုတ် မူပိုင်ခွင့်ဆိုင်ရာ သို့မဟုတ် ယုံကြည်အပ်နှင်းမှုဆိုင်ရာများနှင့်စပ်လျှဉ်း၍ လိုက်နာရမည့် စည်းကမ်းဥပဒေများ ( ဥပမာ..လျှို့ဝှက်အဖြစ်ထိမ်းသိမ်းရမည့်အချက်အလက်များ၊ သို့မဟုတ် ကုမ္ပဏီလျှို့ဝှက်ကိစ္စများ) အပါအဝင် လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော တခြားအင် တာနက်စာမျက်နှာများ၏ အခွင့်အရေးနှင့် စည်းမျဉ်းများကိုချိုးဖောက်ခြင်း၊ ထိုစာမျက်နှာများပါ အကြောင်းအရာများကို ခိုးယူ၊ ကူးချပြီး မိမိကိုယ်ပိုင်အဖြစ်ဖော်ပြခြင်းမျိုး မပြုလုပ်ရ။

လွတ်လပ်သောအာရှအသံ Message Boards  သို့ပေးပို့သောအကြောင်းအရာများသည် မိမိကိုယ်ပိုင် သော်လည်းကောင်း၊ သို့မဟုတ် အများပိုင် (အများပြည်သူသုံးခွင့်ရှိသော အကြောင်းအရာအချက် အလက်မျိုး) သော်လည်းကောင်း ဖြစ်ရမည်။ ဤအချက်ကို လွတ်လပ်သောအာရှအသံ အင်တာနက် စာမျက်နှာ အသုံးပြုနေသူအနေဖြင့် သဘောတူသည်၊ လိုက်နာရန်ဂတိပြုသည်ဟုသတ်မှတ်သည်။

မည်သည့်ဂီတကိုမှ လွတ်လပ်သောအာရှအသံ Message Boards သို့မဟုတ် လွတ်လပ်သောအာရှ အသံအခြားဌာနများသို့ မပေးပို့ရ။

၄။ လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာပါ အကြောင်းအရာများအား စီးပွားရေးလုပ်ငန်း နှင့်မသက်ဆိုင်သည့် ကိစ္စများ၌သာလျှင် သုံးစွဲခွင့်ရှိသည်။ အလှူခံခြင်း၊ ရန်ပုံငွေတောင်းခံခြင်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား ထောက်ခံချက်ပေးခြင်း၊ ယုံကြည်လက်ခံလာအောင် ကြိုးပန်းခြင်း၊ ကြော်ငြာပေးခြင်း စသည့်ကိစ္စရပ်မျိုးပါဝင်နေသော အကြောင်းအရာများကို မဖြန့်ချီရ၊ မပေးပို့ရ။

၅။ Virus သို့မဟုတ် အလားတူ ပျက်စီးစေနိုင်သော Code နှင့် တခြားအရာများကိုမပေးပို့ရ၊ လက် ဆင့်မကမ်းရ။ ရာဇဝတ်မှုမြောက်သောအပြုအမူများကျူးလွန်အောင် သွေးဆောင်ရန်၊ တခြားတစုံ တဦးအဖြစ် အယောင်ဆောင်ရန်၊ Chain Letter များပေးပို့ရန်၊ အစုလိုက်အပြုံလိုက်စာများဖြန့်ဝေရန်၊ သို့မဟုတ် Spam များပေးပိုရရန် စသည့်ရည်ရွယ်ချက်များဖြင့် လွတ်လပ်သောအာရှအသံ အင်တာ နက်စာမျက်နှာအား အသုံးမချရ။ ထို့အပြင် Spam များပေးပို့ရန်ရည်ရွယ်ချက်ဖြင့် လွတ်လပ်သော အာရှအသံ အင်တာနက်စာမျက်နှာသုံးစွဲသူ တခြားပုဂ္ဂိုလ်များ၏ အီးမေးလ်လိပ်စာများအား ရယူသုံးစွဲ ခြင်းမျိုး မပြုလုပ်ရ။

၆။ လွတ်လပ်သောအာရှအသံသို့ အကြောင်းအရာ၊ အချက်အလက်၊ အသံ၊ ဗွီဒီယိုများပေးပို့လာလျှင် ထိုအရာများအားသုံးစွဲခွင့်လိုင်စင်ကိုပါ လွတ်လပ်သောအာရှအသံသို့ တပါတည်းအပ်နှင်းလိုက်သည် ဟု မှတ်ယူသည်။

ထိုသုံးစွဲခွင့်လိုင်စင်အမျိုးအစားသည် အထူးသီးသန့်မဟုတ်သော၊ ဆက်တိုက်ဖြစ်သော၊ အခကြေးငွေ ပေးစရာမလိုသော၊ တကမ္ဘာလုံးဆိုင်ရာ သုံးစွဲခွင့်လိုင်စင်မျိုးဖြစ်သည်။ ထိုသုံးစွဲခွင့်လိုင်စင်အရဆိုလျှင် အဆိုပါပေးပို့လာသောအကြောင်းအရာများကို သုံးစွဲခွင့်၊ မိတ္တူကူးခွင့်၊ ပြောင်းလဲပြင်ဆင်ခွင့်၊ တခြားသို့ ပေးပို့ခွင့်၊ မီဒီယာအားလုံးမှာ သိအောင်ဖော်ပြဆောင်ရွက်ခွင့်များကို လွတ်လပ်သောအာရှအသံအား ပေးအပ်သည်ဟု သတ်မှတ်သည်။

၇။ အသက် ၁၈ နှစ်အောက် ပုဂ္ဂိုလ်များအနေဖြင့် လွတ်လပ်သောအာရှအသံ Message Boards ကို အသုံးပြုလိုလျှင် မိဘအုပ်ထိမ်းသူ၏ခွင့်ပြုချက်ရရှိထားသူဖြစ်ရမည်။ အသက် ၁၃ နှစ်အောက်၊ အရွယ် မရောက်သေးသူများအနေဖြင့် လွတ်လပ်သောအာရှအသံ Message Boards ကိုသော်လည်းကောင်း၊ လွတ်လပ်သောအာရှအသံကိုသော်လည်းကောင်း မည်သည့်အကြောင်းအရာ အချက်အလက်မျှ ပေးပို့ ခွင့်မရှိ။ Messages Boards ၌လည်း ပါဝင်ဆွေးနွေးခွင့်မရှိ။

၈။ မိမိ၏ကိုယ်ပိုင်အီးမေးလ်လိပ်စာသုံး၍ လွတ်လပ်သောအာရှအသံ Message Boards သို့ အကြောင်းအရာများပေးပို့သူသည် ထိုအကြောင်းအရာများအားလုံးနှင့်ပတ်သက်၍ တဦးတည်းသော တာဝန်ရှိသူဖြစ်သည်။ လွတ်လပ်သောအာရှအသံအနေဖြင့် ပေးပို့လာသော အကြောင်းအရာဟူသမျှ ကို စစ်ဆေးစိစစ်ခြင်းပြုနိုင်မည်မဟုတ်သလို၊ ပြုမည်လည်းမဟုတ်ပါ။

လွတ်လပ်သောအာရှအသံ Message Boards သို့ပေးပို့လာသော အကြောင်းအရာများနှင့်ပတ်သက်၍ လွတ်လပ်သောအာရှအသံ၌ လုံးဝတာဝန်မရှိဆိုသောအချက်ကို အသုံးပြုသူက သဘောတူသည်ဟု သတ်မှတ်သည်။

လွတ်လက်သောအာရှအသံ Message Boards က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်သည်ဟု ယူဆသတ်မှတ်လျှင်၊ သို့တည်းမဟုတ် လွတ်လပ်သောအာရှအသံက ချမှတ် ထားသော မူဝါဒများနှင့် ဆန့်ကျင်ဖီလာဖြစ်နေသည်၊ သို့တည်းမဟုတ် ငြင်းပယ်သင့်သည်ဟု ယူဆ သတ်မှတ်လျှင် (ထိုသို့ယူဆသတ်မှတ်ရန်၊ မသတ်မှတ်ရန်မှာ လွတ်လပ်သောအာရှအသံ၏ ကိုယ်ပိုင် အခွင့်အာဏာဖြစ်သည်။) လွတ်လပ်သောအာရှအသံအနေဖြင့် ထိုပေးပို့လာသော အကြောင်းအရာ များအား ဖျက်သိမ်းခွင့်နှင့် ရွှေ့ပြောင်းခွင့်ရှိသည်။ (တာဝန် မဟုတ်ပါ။ လုပ်ပိုင်ခွင့်ဖြစ်သည်။)

ဤအချက်ကို ပေးပို့သူအနေနှင့် သဘောတူသည်ဟု သတ်မှတ်သည်။

၉။ ထိုပေးပို့လာသောအကြောင်းအရာများ တိကျမှန်ကန်မှုရှိ၊ မရှိကို လွတ်လပ်သောအာရှအသံအနေ နှင့် စုံစမ်းစစ်ဆေးအတည်ပြုမပေးနိုင်ပါ။ ၎င်းအပြင် ထိုပေးပို့လာသောအကြောင်းအရာများအား မူပိုင် ခွင့်ရှိသူကသာပေးပို့သည်၊ သို့တည်းမဟုတ် မူပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်ဖြင့်ပေးပို့သည်။ သို့တည်း မဟုတ် လွတ်လပ်သောအာရှအသံက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည် ဟု လည်း လွတ်လပ်သောအာရှအသံက တာဝန်မခံပါ။

၁၀။ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်မှုအပါအဝင် မည်သည့်အကြောင်းနှင့် မဆို လွတ်လပ်သောအာရှအသံ Message Boards သုံးစွဲခွင့်အားကန့်သတ်နိုင်သည်။သို့တည်းမဟုတ် အပြီးတိုင် ရုတ်သိမ်းနိုင်သည့်အခွင့်အရေး လွတ်လပ်သောအာရှအသံ၌ရှိသည်ဟူသောအချက်ကို အသုံးပြုသူအနေနှင့် သိနားလည်ထားသည်ဟုသတ်မှတ်သည်။

 

တ်လပ်သောအာရအသံ အင်တာနက်စာမက်နာသုံးစဲသူအနေဖင့် လိုက်နာရမည့်စည်းကမ်းမား

လွတ်လပ်သောအာရှအသံ Message Boards အပါအဝင် ၎င်း၏ အင်တာနက်စာမျက်နှာကို အသုံး ပြုသူသည်၊ သို့မဟုတ် www.rfa.org လိပ်စာမှတဆင့် ဆောင်းပါး၊ အီးမေးလ်၊ သို့မဟုတ် တခြား အချက်အလက်များပေးပို့သူသည် အောက်ဖော်ပြပါစည်းကမ်းများအား လိုက်နာရန်သဘောတူသည်၊ ကတိကဝတ်ပြုအာမခံသည်ဟု မှတ်ယူသည်။

၁။ လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာ Message Boards သို့ပေးပို့သောအကြောင်း အရာ အချက်အလက်များသည်၊ သို့တည်းမဟုတ် လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာ သို့ဖြစ်စေ ၎င်းမှတဆင့်ဖြစ်စေ ပေးပို့လာသော အကြောင်းအရာအချက်အလက်များသည် လွတ်လပ် သော အာရှအသံကချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်ပါ၊ ချိုးဖောက်မည် မဟုတ်ပါ။

၂။ လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာသုံးစွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပါမည်။

၎င်းအပြင် အောက်ဖော်ပြပါ အချက် ၄ ချက်ကြောင့် ပေါ်ပေါက်လာရသော ဥပဒေငြိစွန်းမှုများအတွက် ပေးဆပ်ရမည့် ငွေကြေး၊ တန်ဖိုး၊ ကုန်ကျစရိတ် (ရှေ့နေခအပါအဝင်) များကို မိမိဘာသာမိမိ ပေး ဆောင်သွားရန်သဘောတူသည်။ ထိုငွေကြေးကိစ္စများ၊ တိုင်တန်းမှုများ၊ တာဝန်ရှိမှုများနှင့်ပတ်သက်၍ လည်း လွတ်လပ်သောအာရှအသံနှင့်တကွ ၎င်း၏ ညွှန်ကြားရေးမှုးများ၊ အရာရှိများ၊ ဝန်ထမ်းများ၊ အဖွဲ့ဝင်များနှင့် မူပိုင်ခွင့်ပိုင်ရှင်များအား ထိခိုက်နစ်နာစေမှု မရှိစေရ။

ထိုအချက် ၄ချက်မှာ

၁။ လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာကို သုံးစွဲသူအနေဖြင့် မိမိကိုယ်တိုင် လိုက်နာ ပါမည်ဟု သဘောတူညီထားသော စည်းမျဉ်းစည်းကမ်းများအားချိုးဖောက်မှု

၂။ လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာအားသုံးစွဲမှု

၃။ လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာ Message Boards သို့ပေးပို့သောအကြောင်း အရာ အချက်အလက်များ၊ သို့တည်းမဟုတ် လွတ်လပ်သောအာရှအသံအင်တာနက် စာမျက်နှာသို့ ဖြစ်စေ ပေးပို့လာသောအကြောင်းအရာအချက်အလက်များ

၄။ ထိုအကြောင်းအရာ အချက်အလက်များအား လွတ်လပ်သောအာရှအသံက ဖြန့်ချီမှု၊ ဖြန့်ဝေမှုနှင့် အသုံးပြုမှု

လွတ်လပ်သောအာရှအသံအနေနှင့် မည်သည့်ကိစ္စများ၌ အာမခံကြာင်း၊ တိတိလင်းလင်းဖြစ်စေ၊ သွယ်ဝိုက်သောသဘောနှင့်ဖြစ်စေ၊ အကန့်အသတ်သဘော၊ သို့မဟုတ်ယေဘူယျသဘောဖြစ်စေ၊ တခြားမည်သည့်သဘောတခုခုဖြင့် ဖြစ်စေ၊ ဖော်ပြခဲ့သည်များရှိခဲ့လျှင်သော်မှ မည်သည့်အရာကို သော်မျှ လွတ်လပ်သောအာရှအသံအနေနှင့် အာမ မခံ၊ တာဝန်မယူကြောင်းသိစေအပ်ပါသည်။

လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာကဖော်ပြပေးသည့် ဝန်ဆောင်မှုများသည် အရှိ၊ အရှိအတိုင်းမူဖြင့် ပံ့ပိုးပေးထားခြင်းဖြစ်သည်။ ၎င်း၏ စာမျက်နှာသည် အပြတ်အလပ်မရှိ စေရဟု လည်းကောင်း၊ အမှားကင်းစေရမည်ဟုလည်းကောင်းအာမ မခံပါ။

လွတ်လပ်သောအာရှအသံမှဖြစ်စေ၊ ၎င်း၏ အင်တာနက်စာမျက်နှာပေါ်တွင်ဖြစ်စေ၊ သို့မဟုတ် ၎င်းစာ မျက်နှာတွင် ဖော်ပြပေးထားသော တခြားအင်တာနက်စာမျက်နှာများမှတဆင့်ဖြစ်စေ၊ ကြည့်ရှုနားဆင် နိုင်သော အကြောင်းအရာအချက်အလက်များ၊ အယူအဆများ၊ ထုတ်လုပ်မှုများ၊ ဝန်ဆောင်မှုများ၏ အားထားလောက်မှု၊ တိကျမှန်ကန်မှုများနှင့်စပ်လျှဉ်း၍သော်လည်းကောင်း၊ လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာကို ဝင်ရောက်အသုံးပြုမှုမှတဆင့် ပေါ်ပေါက်လာသည့် အကျိုးဆက်များနှင့် စပ်လျှဉ်း၍လည်းကောင်း မည်သည့်အရာကိုမျှ လွတ်လပ်သောအာရှအသံအနေဖြင့် တာဝန်မခံပါ။

လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာအသုံးပြုရာတွင် ပေါ်ပေါက်လာနိုင်သည့် ဆိုးကျိုး များနှင့်ပတ်သက်၍ ဝင်ရောက်အသုံးပြုသူ၏တာဝန်သက်သက်သာဖြစ်သည်။

လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာကို သုံးစွဲမှု၊ မသုံးစွဲနိုင်မှုမှတဆင့် ပေါ်ပေါက်လာ သော ထိခိုက်နစ်တာ ပျက်စီးမှုများနှင့် ပတ်သက်၍လည်း မည်သည့်ကိစ္စရပ်မျိုးမှာမဆို၊ လွတ်လပ် သောအာရှအသံ၊ ၎င်း၏ ညွှန်ကြားရေးမှုးများ၊ အရာရှိများနှင့် ဝန်ထမ်းများ၌ တာဝန်မရှိ။

ထိခိုက်နစ်နာပျက်စီးမှုဆိုရာ၌၊ တိုက်ရိုက်မဟုတ်သည့် အကျိုးဆက်အဖြစ်ပေါ်ထွက်လာသည့်၊ အရေး ထားလောက်သည့်၊ မထားလောက်သည့် အပြစ်ပေးအရေးယူဖို့ လိုအပ်သည်ဟု သတ်မှတ်နိုင်သည့် ထိခိုက်နစ်နာပျက်စီးမှုများအားလုံး အကျုံးဝင်သည်။

မိမိ၏ မူပိုင်ခင့်အခိုးဖောက်ခံရလျှင် ဆောင်ရက်ရမည့်နည်းလမ်း

လွတ်လပ်သောအာရှအသံသည် တခြားသူများ၏ မူပိုင်ခွင့်များကို လေးစားအသိအမှတ်ပြုသည်။ လွတ် လပ်သောအာရှအသံ အင်တာနက်စာမျက်နှာကို အသုံးပြုသော ပုဂ္ဂိုလ်တဦးတယောက်အနေနှင့် မိမိ ပိုင်အကြောင်းအရာအချက်အလက်များအား မူပိုင်ခွင့်ချိုးဖောက်ပြီး ကူးယူခိုးချခံရသည်ဟု ယုံကြည် မှတ်ယူလျှင်၊ မူပိုင်ခွင့်ချိုးဖောက်ခံရသည့်ကိစ္စများဆိုင်ရာ လွတ်လပ်သောအာရှိအသံတာဝန်ခံထံ အောက်ဖော်ပြပါအချက်အလက်များကို စာရေးသားပေးပို့တိုင်တန်းရန်ဖြစ်ပါသည်။

၁။ မူပိုင်ရှင်၏ကိုယ်စားလှယ်အဖြစ် အခွင့်အာဏာပေးအပ်ခြင်းခံရသောပုဂ္ဂိုည်၏ လက်မှတ်အား စာတိုက်မှဖြဟ်စေ၊ အင်တာနက်အီးမေးလ်၊ ဖက်က်စ်တို့မှတဆင့်ဖြစ်စေ ပေးပို့ရန်

၂။ ပုံတူကူးယူအခိုးခံရသည့် အကြောင်းအရာနှင့်ပတ်သက်၍ မိမိသည်သာတရားဝင်မူပိုင်ရှင်ဖြစ် ကြောင်းအထောက်အထား

၃။ ဥပဒေချိုးဖောက်ပြီး ပုံတူအကူးခံရသည့် အကြောင်းအရာ၊ အချက်အလက်ကို ဖော်ပြပေးပို့ရန်။ ၎င်းအပြင် ထိုအကြောင်းအရာကို လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာမှဖယ်ရှားပေးရန်၊ သို့တည်းမဟုတ် ထိုအကြောင်းအရာအားဝင်ရောက်ကြည့်ရှုနိုင်ခွင့်ကို ပိတ်ပင်ပေးရန်တောင်းဆိုသည့် စာ၊ ထို့အပြင် ၎င်းအကြောင်းအရာကို မည်သည့်နေရာမှာ ရှာဖွေတွေ့ရှိနိုင်သည်ဆိုသည့် လိုအပ်သောလုံ လောက်သည့်အချက်အလက်များ

၄။ ဆက်သွယ်နိုင်ရန်အတွက် တိုင်တန်းသူ၏ လိပ်စာ၊ တယ်လီဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာများ

မူပိုင်ခွင့်အချိုးဖောက်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ လွတ်လပ်သောအာရှအသံ၌ တာဝန်ယူဆောင်ရွက် နေသူ၏ အီးမေးလ်လိပ်စာမှာ contact@rfa.org ဖြစ်သည်။

၅။ ကူးယူခိုးချခံရသည့် အကြောင်းအရာ အချက်အလက်နှင့်ပတ်သက်၍ ထိုသို့ပြုမူခြင်းသည် မူပိုင်ရှင် သို့မဟုတ် မူပိုင်ရှင်က တရားဝင်လွှဲအပ်ထားသည့် ကိုယ်စားလှယ်၏ ခွင့်ပြုချက်မရပဲ ပြုမူခြင်းဖြစ်သည် ဆိုသည့်အကြောင်း၊ ယုံကြည်ထင်ရှားလောက်စေသည့် အထောက်အထားနှင့်ရှင်းလင်းချက်များ

၆။ တိုင်တန်းသူအနေဖြင့် မိမိ၏တိုင်တန်းချက်ထဲ၌ ဖော်ပြထားသော အချက်အလက်များ ခိုင်လုံတိကျ မှန်ကန်ပါသည်ဆိုသော အချက်နှင့်တကွ မိမိသည် မူပိုင်ခွင့်အချိုးဖောက်ခံရသော မူပိုင်ရှင်အစစ် အမှန်ဖြစ်သည်၊ သို့တည်းမဟုတ် မူပိုင်ရှင်က အခွင့်အာဏာပေးထားသော ကိုယ်စားလှယ်ဖြစ်သည်ဆို သောအချက်များပါဝင်သည့် စာတစောင်

တိုင်တန်းသူအနေဖြင့် ၎င်းတင်ပြပေးပို့လာသော အချက်များ မမှန်ကန်ကြောင်း လိမ်လည်ထွက်ဆိုမှု များဖြစ်ကြောင်း တွေ့ရှိရလျှင် တရားဥပဒေအရ အရေးယူ အပြစ်ပေးခံရနိုင်သည်(Under penalty of perjury) ဆိုသောအချက်ကို နားလည်သိရှိကြောင်းလည်း ဖော်ပြရပါမည်။

အမေရိကန်နိုင်ငံပင်ပမနေ၍ လတ်လပ်သောအာရအသံအင်တာနက်စာမက်နာ သုံးစဲသူမားနင့် စပ်လျှဉ်း၍

လွတ်လပ်သောအာရှအသံအင်တာနက်စာမျက်နှာသည် အမေရိကန်ပြည်ထောင်စုအတွင်းမှ စီစဉ် ဆောင်ရွက်နေသော အင်တာနက်စာမျက်နှာဖြစ်သည်။ လွတ်လပ်သောအာရှအသံ၏ စာမျက်နှာကို သုံးစွဲသူသည် အမေရိကန်ပြည်ထောင်စုပြင်ပကဖြစ်နေလျှင် အမေရိကန်ပို့ကုန်ဥပဒေ၊ နည်းဥပဒေ များအပါအဝင် သက်ဆိုင်ရာဥပဒေများနှင့်အညီ လိုက်လျောညီထွေ ဆောင်ရွက်ရန်မှာ သုံးစွဲသူ၏ တာဝန်သာဖြစ်သည်။

အထေထေ

လွတ်လပ်သောအာရှအသံအင်တာနက်စာမျက်နှာကို သုံးစွဲသူများအနေဖြင့် ပုဂ္ဂိုလ်ရေးအချက် အလက်များအား မှတ်တမ်းပြုသိမ်းဆည်းခြင်း၊ အများသိအောင်ဖော်ထုတ်ခြင်းဆိုင်ရာ မူများနှင့်တကွ အထက်ဖော်ပြပါ လွတ်လပ်သောအာရှအသံ အင်တာနက်စာမျက်နှာအသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအား အပြည့်အဝနားလည်သဘောပေါက်သည်ဟု သတ်မှတ်သည်။

လွတ်လပ်သောအာရှအသံအင်တာနက်စာမျက်နှာကို သုံးစွဲမှုနှင့်စပ်လျှဉ်း၍ ကနဦးထုတ်ပြန်ခဲ့သည့် အချက်အလက်၊ အရေးအသားနှင့်ပြောဆိုချက်များ သို့မဟုတ် နှုတ်အားဖြင့်သော်လည်းကောင်း၊ စာအားဖြင့်သော်လည်းကောင်း ထုတ်ပြန်ခဲ့သည့် သဘောပေါက် နားလည်မှုများအားလုံးအား ယခုဖော် ပြခဲ့သည့် စည်းမျဉ်းစည်းကမ်းများနှင့် အစားထိုးလိုက်သည်။

ဤ အင်တာနက်စာမျက်နှာ သုံးစွဲခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများသည် ကိုလံဘီယာခရိုင်  (District of Columbia-D.C) ဥပဒေအောက်တွင်ရှိပြီး ထိုဥပဒေအရ အဓိပ္ပါယ်ဖွင့်ဆိုဆောင်ရွက် သွားမည်။ မူပိုင်ခွင့်ချိုးဖောက်မှုပြသနာများအား ကိုင်တွယ်ဆောင်ရွက်ရာ၌၊ အမေရိကန်နိုင်ငံအတွင်း လက်တွေ့စီရင်ကျင့်သုံးနေသည့် ဥပဒေများရှိနေသော်ငြားလည်း ဒီစီဥပဒေနှင့်သာ ကိုင်တွယ်ဆောင် ရွက်သွားမည်။

ဥပဒေခွင့်ပြုချက်အရ လွတ်လပ်သောအာရှအသံအင်တာနက်စာမျက်နှာနှင့်စပ်လျှဉ်း၍ဖြစ်စေ၊ ၎င်း၏ စည်းမျဉ်းစည်းကမ်းများနှင့်စပ်လျှဉ်း၍ဖြစ်စေ ပေါ်ပေါက်လာသည့် အငြင်းပွားမှုများအား ဒီစီနယ်မြေ အတွင်းရှိ သက်ဆိုင်ရာတရားရုံးများ၌သာ စုံစမ်းစစ်ဆေးသွားမည်။ ဤအချက်ကို လွတ်လပ်သော အာရှအသံအင်တာနက်စာမျက်နှာသုံးစွဲသူက သဘောတူသည်ဟု သတ်မှတ်သည်။

အင်တာနက်စာမျက်နှာ သုံးစွဲခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၏ တစိတ်တဒေသများအား လွတ်လပ်သောအာရှအသံကပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းသည် တခြားစည်းမျဉ်းအချက်အလက် တစိတ်တဒေသကိုပါ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းဆိုသည့် သဘောမသက်ရောက်စေရ။

ဤစည်းမျဉ်းစည်းကမ်းများထဲမှ စည်းမျဉ်းတစုံတခုသည် ဥပဒေအရ အာဏာသက်ရောက်မှုမရှိဟု တွေ့ရှိခဲ့သည်ရှိသော် မည်သည့်အကြောင်းပြချက်နှင့်မဆို ထိုစည်းမျဉ်းအား အမြင့်ဆုံးဥပဒေ အာဏာသက်ရောက်စေရန် စီစဉ်ဆောင်ရွက်သွားမည်။ ကျန်စည်းမျဉ်းစည်းကမ်းများအားလုံးမှာမူ၊ မူလအတိုင်းဆက်လက်၍ ဥပဒေအရ အမြင့်ဆုံးအာဏာသက်ရောက်သည်။

*ယခုစာမက်နာအား မိတ်ဆေားထံသို့ အီးမေးလ် ပေးပို့စေလိုပသည်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-01 13:00

အရမ်းကောင်းပါတယ် အားပေးလျက်ပါ နိုင်ငံရေးသတင်းဖေါ်ပြချက်များကိုဖတ်ချင်းပါတယ်။

Anonymous
2012-01-07 11:20

I Like it

Anonymous
2013-01-07 22:07

ကောင်းပါတယ်ဗျာ၊ ကျွန်တော်နေ့တိုင်းဖတ်ပါတယ်၊
မြန်မာပိုင်းနဲ့ နိုင်ငံတကာ အကုန်တင်စေချင်ပါတယ်
ခင်ဗျာ

Anonymous
2012-09-15 11:02

သတင်းများကောင်းပါသည်အချိ့သတင်းများကိုအဆုံးသတ်သည်အထိဆက်လက်ဖေါ်ပြပေးပါအကြောင်းအရာများအဆုံးထိစောင့်မျော်လည်းဆက်လက်မကြားရသဖြင့်တမျော်မျော်ဖြစ်ရပါသည်

Anonymous
2015-03-27 17:15

awareness needs

Anonymous
2015-04-08 10:00

Good

Anonymous
2012-09-04 03:12

ကျွန်တော်၏ http://www.facebook.com/nunn.line?ref=tn_tnmn သို့ သတင်းများကိုပို့ပေးစေလိုပါသည်ခင်ဗျာ ကျေးဇူးအထူးတင်ရှိပါကြောင်းပါခင်ဗျာ