ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေဟာ တရုတ်-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ အပြည့်အစုံကို RFA ဆောင်းပါးရှင် ခင်စည်သာက တင်ပြထားပါတယ်။
တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ ပူးတွဲ လုပ်ဆောင်နေတဲ့ "လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး" အတွက် ပြည်သူ့ ညီလာခံတရပ်ကို စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဆည်တည်း ကျေးရွာမှာ နှစ်ရက်ကြာ ကျင်းပနေပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
ရန်ကုန်မြို့က ကိုလိုနီခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံတွေ ဖြစ်တဲ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးနဲ့ စုပေါင်းရုံးကို ပြတိုက်နဲ့ဟိုတယ်အဖြစ် ဆောက်လုပ်ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လက်ထဲ လွှဲပြောင်းရောင်းချလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ရှေ့နေများကွန်ရက် အဖွဲ့ဝင်တွေ ဒီကနေ့ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မအိအိခိုင် က တင်ပြထားပါတယ်။
ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကို ရည်စူးတဲ့ ရက်လည်ဆွမ်းကပ်လှူပွဲကို ရန်ကုန်၊ စမ်းချောင်းမြို့နယ် မြောင်းမြလမ်းမှာ ရှိတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော မိသားစုနေအိမ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
၁၉၉၆ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်ဝင်းအောင် အကျဉ်းထောင်တွင်းမှာ ကွယ်လွန်ခဲ့တာ ၆ နှစ်မြောက်တဲ့ အောက်မေ့ဘွယ် အခမ်းအနားကို ရန်ကုန်၊ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ရန်ကုန်တိုင်း တိုက်ကြီးမြို့မှာ မနေ့က ကျင်းပတဲ့ တိုက်ကြီးမြို့နယ် BG "ဗိုလ်ချုပ်သွေးလှူအဖွဲ့" ရဲ့ သွေးပုလင်း လှူဒါန်းမှု ၁၁၁၁ ပြည့် အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က သတင်း ပေးပို့ထားပါတယ်။။
KNU ဗဟိုဦးစီး ကော်မတီဝင် ဖဒိုစောဒေးဗစ်ထောဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်အတွင်း မနေ့က ညပိုင်းက ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် မငြိမ်းငြိမ်းပြည့်က သတင်းပေးပို့ထားပါတယ်။
လယ်ယာမြေ သိမ်းဆည်းမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်နဲ့ RFA ကိုကျော်ကျော်အောင် တွေ့ဆုံ မေးမြန်းခန်းကို ထုတ်လွှင့်ပေးမှာပါ။
NLD အဖွဲ့ဝင်တွေ ပါတီတွင်း သဘောထား ကွဲလွဲနေကြပေမယ့် ဒါဟာ မိသားစုပြဿနာ ဖြစ်တာကြောင့် စိုးရိမ်စရာ မရှိပါဘူးလို့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်း သုံးခွမြို့ကို သွားရောက်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ကို သွားရောက်ပြီး အခြေခံပညာ အထက်တန်းကျောင်းနဲ့ မြို့နယ် စည်ပင်သာယာရေး ဌာန ဝန်ထမ်းတွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့ ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါပြီ။ ၂၀၁၁ ခုနှစ်လယ်ပိုင်းက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကို RFA က တွေ့ဆုံမေးမြန်းခဲ့တာကို တင်ပြအပ်ပါတယ်။
ရဲဘော်သုံးကျိပ်အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကိုယ်တိုင်ရေးသားတဲ့ "ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့" အတ္ထုပ္ပတ္တိ ပေါင်းချုပ် စာအုပ်ကို မြန်မာနိုင်ငံမှာ စတင် ဖြန့်ချိပါမယ်။ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပပါတယ်။
"သတင်းစာများသည် သမိုင်းကို ပြောနေကြသည်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်၊ ပန်းပဲတန်းမြို့နယ် ဗိုလ်ချုပ်လမ်းမှာ ရှိတဲ့ စင်ထရယ်ဟိုတယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ဝါရင့် သတင်းစာဆရာကြီးတွေ ဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်နဲ့ ကြေးမုံဦးကိုကိုကြီး တို့က ဦးဆောင် ဆွေးနွေးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ မနေ့က ရန်ကုန်မြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေ အပါအဝင် လူ ၁ ထောင်ကျော် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
၂ဝ၁၂ အောက်တိုဘာလ ၄ ရက်နေ့ညက အမေရိကန် ပြည်ထောင်စု ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ကြိုဆိုနေကြပုံတွေကို ရိုက်ကူးတင်ပြထားပါတယ်။