လက်ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု အခြေအနေ
အခုတပတ် အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လက်ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု အခြေအနေတွေနဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှု အရေးမှာ
ပြည်ပ မီဒီယာတွေ အဖွဲ့အစည်း တချို့ရဲ့ အသုံးချခံရမှု အကြောင်းတွေကို အခြေပြု ဆွေးနွေးထားပါတယ်။
ဒီအစီအစဉ်မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် NLD-LA အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဦးဝင်းနိုင်နဲ့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Burma Today Internet သတင်းစာ အယ်ဒီတာချုပ် ဦးမြင့်လှိုင်တို့ ပါဝင် ဆွေးနွေးထားကြပါတယ်။