မြန်မာ ရွှေ့ပြောင်းအလုပ်သမား သားသမီးများနှင့် ကလေးလုပ်သားများ အခြေအနေ
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးလုပ်သားတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးကြတဲ့ ဧည့်သည်တွေကတော့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မြန်မာနိုင်ငံသားများအရေး ပူးတွဲဖြေရှင်းရေး ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးတို့ ဖြစ်ကြပါတယ်။