တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့် မလိုလားဖွယ်ကိစ္စရပ်များ ဖြစ်ပေါ်
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တဲ့ တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်းအစီအစဉ်မှာ မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေး အားနည်းကင်းမဲ့နေတဲ့အတွက် မလိုလားဖွယ်ကိစ္စတွေဖြစ် ပေါ်နေရပုံတွေ၊
စာနယ်ဇင်းလွတ်လပ်ခွင့် အားနည်းလို့ ကောလာဟလသတင်းတွေ၊ မမှန်သတင်းတွေ၊ အားကောင်းလာပုံတွေကို အခြေပြု ဆွေးနွေး တင်ပြထားပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင် ဆွေးနွေးထားသူတွေကတော့ ထိုင်းနိုင်ငံ အခြေစိုက် စာရေးဆရာ၊ သတင်းစာဆရာ ဦးဇင်လင်းနဲ့ AHRC အာရှ လူ့အခွင့်အရေးကော်မရှင် မြန်မာ့အရေးတာဝန်ခံ ရှေ့နေ ဦးမင်းလွင်ဦးတို့ ဖြစ်ကြပါတယ်။