စီးပွားရေးပိတ်ဆို့မှု လျှော့ချခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ


2014.11.09

အမေရိကန်အစိုးရက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု လျော့ချလိုက်ခြင်းဟာ ပြည်သူလူထုပေါ်မှာ အကျိုးသက်ရောက်မှုမရှိဘဲ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေသာ အကျိုးရှိစေနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဒီကနေ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

ရန်ကုန် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ “အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု လျော့ချခြင်းကြောင့် မြန်မာလူထုအပေါ်သက်ရောက်မှုများ” ဆိုတဲ့  ဒီ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ကော်မတီဝင် ဦးထွန်းကြည်က အခုလို ရှင်းပြပါတယ်။

"အမေရိကန်သည် သူ့ရဲ့ပေါ်လတီအရ စစ်အစိုးရသစ်ဖြစ်ရင်လည်း အရပ်သားအစိုးရနဲ့တော့သူက ထိတွေ့ဆက်ဆံမယ့် အပိုင်းတွေလည်း ထိတွေ့ဆက်ဆံနေသလို ဒီဘက်မှာလည်း ဖြေလျော့လာတယ်ပေါ့၊ အဲ့ဒီအပေါ်မှာ ဒုတိယအကြိမ်မှာ ကျနော်တို့တို့ ပြည်သူလူထုရဲ့လူမှှုစီးပွားဘဝတွေဟာ ဘယ်လိုအပြောင်းအလဲရှိမလဲ၊ အဲ့ဒါတွေဟာလည်းသူ့ကို ကျနော်တို့ဟာ ကြားချင်မယ်၊ မြင်ချင်မယ်၊ ကျနော်တို့ လက်ရှိလုပ်ထားတဲ့ ရလာဒ်ကောင်းတွေအပေါ်မှာလည်း သူ့ကိုကျနော်တို့ မက်ဆေ့တစ်ခုကောင်းအနေနဲ့လည်း ကျနော်တို့ ပေးတာထက်စာရင် မြန်မာပြည်သူလူထုပေးတယ်ဆိုတဲ့ မက်ဆေ့ကလေး ကျနော်တို့ကဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲလေးကို ကျနော်တို့က ကျင်းပရခြင်းဖြစ်ပါတယ်"

ဒီဆွေးနွေးပွဲမှာ ဒေါက်တာမြင့်ဆန်း၊ ဦးသန်းစိုးနိုင် နဲ့ ဦးမော်လင်းတို့က အမေရိကန်ပိတ်ဆို့မှုလျော့ချခြင်းကြောင့် ရရှိမဲ့အကျိုးအမြတ်တွေ ၊ထိခိုက်နစ်နာမှုတွေ ကို ရှင်းလင်းဆွေးနွေးကြတယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲကို နိုင်ငံရေးအဖွဲ့အစည်းတွေ နဲ့ ပါတီအဖွဲ့အစည်းတွေက အပါအဝင် လူပုဂ္ဂိုလ် ၃၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် အားလုံးနီးပါးက လာမယ့် လွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီရဲ့ အစီရင်ခံစာအပေါ် အကြိတ်အနယ်ဆွေးနွေးဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။