နောက်ဆုံးသတင်းများ

ဆက်လက်ဖတ်ရှုရန်

မဲရေတွက်မှု

Updated on Nov. 14, 4PM local time ( အကျယ်သိရှိရန် ပုံပြဂရပ် ကိုနှိပ်ပါ )

ပြည်သူ့လွှတ်တော် ( အောက်လွှတ်တော်) - 440 နေရာ


အမျိုးသားလွှတ်တော် ( အထက်လွှတ်တော် ) - 224 နေရာ


နောက်ဆုံး ဗီဒီယိုများ

ဆက်လက်ဖတ်ရှုရန်

Next

အဓိက ကျသူများ

သမ္မတ ဦးသိန်းစိန် စစ်အာဏာရှင် အစိုးရ အောက်မှ ၂၀၁၀ ပြည့်နှစ်က ပထမဆုံး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ သမ္မတ ရာထူးကို ရရှိခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ချမှတ် ကျင့်သုံးခဲ့သူ ဆိုပြီး တစ်နိုင်ငံလုံးမှာသာမက နိုင်ငံတကာကပါ လက်ခံ ချီးကျူးခဲ့ကြပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့သလို အမေရိကန် သမ္မတ အိုဘားမား ကိုယ်တိုင် မြန်မာနိုင်ငံကိုလာရောက်ပြီး တွေ့ဆုံ အားပေးစကားပြောခဲ့တာတွေလဲ ပေါ်ထွက်ခဲ့ပါတယ်။ ဦးသိန်းစိန် သမ္မတရာထူးရလာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာပြီဆိုပြီး အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဌ အဖြစ် တာဝန်ယူခွင့်ရခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ တွန်းအားပေးခဲ့တာတွေလဲ ရှိပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲနဲ့  ပတ်သက်ပြီး ပြည်သူတွေက ဆက်ပြိီး သမ္မတ တာဝန်ထမ်းစေလိုတယ်ဆိုရင် သူ့အနေနဲ့ ဆက်လက် တာဝန်ထမ်းလိုတယ်လို့ လူုသိရှင်ကြား ကြေညာထားပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ ဦးသိန်းစိန်အနေနဲ့ ကျန်းမာရေး အခြေအနေကြောင့် မဝင်ဘူးလို့ စောစောပိုင်းက သတင်းတွေ ပေါ်လာခြဲ့ီ့ပီး နောက်ပိုင်းမှာတော့ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် မကြိုးစားဘူးလို့ လူသိရှင်ကြား တရားဝင် ပြောဆိုမထားကြောင်း သူ့ရဲ့ ပြောခွင့်ရှိသူတွေက ပြော ကြပါတယ်။ သူဟာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဖြစ်ပြီး သမ္မတ ရာထူး ယူထားချိန်မှာ ပါတီလုပ်ငန်းမလုပ်ရဆိုတဲ့ စည်းမျဉ်းကြောင့် သူရဦးရွှေမန်းကို ပါတီ ဥက္ကဌ အဖြစ် လွဲပြောင်းတာဝန်ပေးထားခဲ့ရာက ပါတီတွင်း သဘောထားကွဲလွဲမှုတွေကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က ဦးရွှေမန်းကို ပါတီ ဥက္ကဌ အဖြစ် က ဖယ်ရှားလိုက်လို့ ပြည်တွင်းရော ပြည်ပ မှာပါ ဂယက်ရိုက်ခတ်သွားစေခဲ့ပါတယ်။ ဦးရွှေမန်းက သြဇာ အရှိန်အဝါတက်နေပြီး သမ္မတရာထူးအတွက် အပြိုင်အဆိုင် ဖြစ်လာလို့ လမ်းရှင်းလိုက်တာလို့ နိုင်ငံရေးအကဲခတ်တွေက ပြောကြပါတယ်။ လက်ရှိဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတဟာ ရွေးချယ်တင်မြှောက်ခံရသူထဲက ဖြစ်စရာမလိုတဲ့အတွက် ဦးသိန်းစိန်ဟာ ရွေးကောက်ပွဲအပြီး နောက်သက်တမ်းမှာ တာဝန်ထမ်းဆောင်လိုတယ်ဆိုရင် တပ်မတော်သား အစုအဖွဲ့က ရွေးချယ်ပေးလိုက်တဲ့ ဒုတိယသမ္မတကနေတဆင့် သမ္မတဖြစ်နိုင် ပါတယ်။.


သူရ ဦးရွှေမန်း မကြာသေးမီက ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီ ဥက္ကဌတာဝန်ကနေ ဖယ်ရှားခံလိုက်ရတဲ့ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် တာဝန်ထမ်းနေသူ သူရဦးရွှေမန်း ဟာ သမ္မတ ရာထူးကို မျှော်မှန်းနေသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ သြဇာ အရှိန်အဝါ ရှိသူတစ်ဦး ဖြစ်တဲ့အတွက် ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ အဓိက ဇာတ်ကောင်တစ်ဦး ဖြစ်လာမယ်လို့  နိုင်ငံရေး အကဲခတ်တွေက ဆိုကြပါတယ်။ ၁၉၆၉ ခုနှစ် မေမြို့ စစ်တက္ကသိုလ် ကျောင်းဆင်းအရာရှိတစ်ဦး ဖြစ်ပြီး တပ်မတော်မှာ အဆင့်ဆင့် တာဝန်ထမ်းပြီးနောက် ၂၀၀၁ ခုနှစ်မှာ ဒုတိယ-ဗိုလ်ချုပ်ကြီး အဆင့် ရောက်ရှိခဲ့ပါတယ်။ ၂၀၁၀ စက်တင်ဘာ မှာ တပ်မတော်မှ အငြိမ်းစားယူပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး နိုင်ငံတွင်း ကြုံတွေ့နေရတဲ့ ကိစ္စတွေအပေါ် ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့အတွက် ဒီမိုကရေစီ အင်အားစုတွေကလဲ အတိုင်းအတာတစ်ခုအထိ သူ့ကိုလက်ခံလာကြပါတယ်။ အလားတူပဲ အမေရိကန်နဲ့ နိုင်ငံတကာ ကလဲ သူ့ကို ပြုပြင်ပြောင်းလဲမှုတွေ လိုလားသူတစ်ဦးအြုဖစ် ရှုမြင်ခဲ့ကြပါတယ်။ တစ်ဖက်မှာလဲ သူရ ဦးရွှေမန်းကို အပေါ်ယံ ဟန်ပြသက်သက် လုပ်နေသူလို့ ဝေဘန်နေသူတွေလဲ ရှိပါတယ်။ အထူးသဖြင့် စီးပွါးရေးလုပ်ငန်း အများအပြား လုပ်ကိုင်နေကြသူ သားနှစ်ယောက်နဲ့ ပတ်သက်ပြီး စွပ်စွဲပြစ်တင်မှု အများအပြားခံခဲ့ရပါတယ်။ မကြာသေးခင်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲမှာ သိက္ခာကျအောင် ဝေဘန် ခဲ့တယ်ဆိုပြီး တပ်မတော် အသိုင်းအဝိုင်းတချိုက ဦးရွေှ့မန်းကို ကိုယ်စားလှယ်အဖြစ်က ရုတ်သိမ်းပေးဘို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်တန်းမှုလဲ ရှိခဲ့ပါတယ်။ ဥက္ကဋ္ဌနေရာကနေ ဖယ်ရှားခံရအပြီး နှစ် ရက်အကြာမှာ သူရဦးရွှေမန်းက သူရဲ့ Facebook စာမျက်နှာကနေ ... လက်ညှိုးထောင်ခေါင်းညိတ် “မည်ကာမတ္တ လွှတ်တော်မျိုး”ကိုသာ တချို့က ဖြစ်စေလိုတဲ့ အချိန်မှာ သူ့အနေနဲ့ လွှတ်တော်ဆိုတာဟာ နိုင်ငံရဲ့ အသက်ဝိညာဉ်၊ အသက်သွေးကြောအဖြစ် "လွှတ်တော်မရှိ ဒီမိုကရေစီ မရှိ၊ လွှတ်တော် ရှိမှ ဒီမိုကရေစီရှိသည်" ဟုခံယူပြီး ဆောင်ရွက်ခဲ့ကြောင်း၊ သူ့ကြောင့် အများပြည်သူ အခက်အခဲမတွေ့စေရ၊ ပြသနာတွေ မဖြစ်စေရ အောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက် သွားမှာဖြစ်ကြောင်း ရေးသားဖေါ်ပြခဲ့ပါတယ်။ သူရ ဦးရွှေမန်းဟာ လာမယ့်ရွေးကောက်ပွဲမှာ သူ့ရဲ့ဇာတိ ပဲခူးတိုင်း ဖြူးမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်။ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီ ဥက္ကဌအဖြစ်ကနေ ဖယ်ရှားခံလိုက်ရပေမယ့် ထောက်ခံသူ အင်အားအများအပြား ရှိတာကြောင့် စောင့်ကြည့်ကြရမယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။.
ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသူများထဲမှာ ထိပ်တန်းက ပါဝင်သူတစ်ဦး ဖြစ်တဲ့အပြင် လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတွက် ပြည်သူအများရဲ့ ချစ်ခင်ကြည်ညိုမှု ရရှိထားပါတယ်။ ဥာဏ်ပညာ အမျှော်အမြင် ရှိသူ ပုဂ္ဂိုလ်ထူး တစ်ဦးအဖြစ် ပြည်တွင်း ပြည်ပ ခေါင်းဆောင်များက အသိအမှတ်ပြု လက်ခံထားပြီး မြန်မာနိုင်ငံခေါင်းဆောင် ဖြစ်စေချင်ကြသူ ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလဲ သမ္မတ ဖြစ်ချင်ပါတယ်။ သမ္မတ ဖြစ်လာမှသာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် လုပ်ချင်တဲ့ ကိစ္စရပ်တွေကို ပီပီပြင်ပြင် လုပ်နိုင်မှာ ဖြစ်တဲ့အတွက် သမ္မတ လုပ်ချင်တာပါလို့ ပြောကြားခဲ့ပါတယ်။ သို့ပေမယ့်လဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရဲ့ ပုဒ်မ ၅၉ (စ) အရ သမ္မတ အဖြစ်ခံယူရန် သတ်မှတ်ချက်များနှင့် ငြိစွန်းနေပြီး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို မပြင်ဆင်နိုင်သေးတဲ့အတွက် လောလောဆယ်မှာ သမ္မတ ဖြစ်လာဖို့ လမ်းစဝေးနေရသူ ဖြစ်နေပါတယ်။ ပြည်သူ တစ်ရပ်လုံးက ချစ်ကြည်ညို ပြီး သြဇာတိက္ကမ ရှိတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တာနဲ့အညီ ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီပါတီ အနိုင်ရရှိရေးအတွက် အများကြီး ဆောင်ရွက်ပေးနိုင်မယ်လို့ အများက ယုံကြည်ထားကြပါတယ်။.


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်အင်အား ငါးသိန်းခန့်ရှိတဲ့ တပ်မတော် ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ပြီး တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးကို သြဇာလွှမ်းမိုးနေဆဲ ဖြစ်တဲ့အတွက် လာမယ့်ရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်မှု အများကြီး ပေးနိုင်တယ်လို့ အကဲခတ်ပုဂ္ဂိုလ်တွေက ဆိုကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်ကတော့ ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှုရှိမယ်လို့ ယုံကြည်ပြီး ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ကြေညာတဲ့ရလဒ်ကို လက်ခံမယ်၊ ရွေးကောက်ပွဲမှာ ဘယ်သူပဲအနိုင်ရရ လက်ခံသွားမယ် ပြောထားပါတယ်။ မကြာသေးမီိက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ သူရဦးရွှေမန်းကို ပါတီ ဥက္ကဌ အဖြစ် ကနေ သမ္မတ ဦးသိန်းစိန်က ဖယ်ရှားလိုက်တဲ့ကိစ္စမှာ ဗိုလ်ချုပ်မှူးကြီးက ဦးသိန်းစိန်ကိုပံ့ပိုးပြီး လုံခြုံရေးတပ်ဖွဲ့တွေ အကူအညီပေးခဲ့တယ်ဆိုပြီး ပြည်တွင်းပြည်ပ ဝေဖန် ပြစ်တင်မှုတွေလဲ ပေါ်ပေါက်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အနေနဲ့ လာမယ့် ၂ဝ၁၆ ခုနှစ် မှာ အသက် ၆ဝ ပြည့်တဲ့အခါ တပ်မတော်က အငြိမ်းစားယူဖို့ စဉ်းစားမှာဖြစ်သလို သမ္မတရာထူး အတွက် တောင်းဆိုတာရှိရင်လဲ စဉ်းစားသွားမယ်လို့ ပြောပါတယ်။.


ကိုကိုကြီး ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကို ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့နှင့်အတူ ထူထောင်ခဲ့ပြီးနောက် အကြိမ်ကြိမ် အခါခါ ဖမ်းဆီးထိမ်းသိမ်းခံရကာ ထောင်ဒဏ် နှစ်ရှည် ကျခံခဲ့ရပေမယ့် ပြန်လည် လွတ်မြောက်လာချိန်တွင် ဒီမိုကရေစီ နိုင်ငံ ပေါ်ထွန်းရေးအတွက် ကြီုးပမ်းလှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။ လောလောဆယ်မှာလဲ တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် ရှိ အများပိုင် အားကစားကွင်းကို ရန်ကုန်မြို့တော်ဝန်က ပြီးခဲ့တဲ့နှစ်က သိမ်းဆည်းပြီး အဆောက်အဦး ဆောက်ခွင့်ပြုခဲ့တာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် ခွင့်ပြုချက် မရှိတဲ့နေရာမှာ ဆန္ဒပြမှု ပုဒ်မ ၁၉ နဲ့ တောင်ဥက္ကလာပမြို့နယ်မှူးက တရားစွဲဆိုခံရပြီး တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။ စောစောပိုင်းက လာမယ့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး ၀င်ရောက် ယှဉ်ပြိုင်မည်လို့ ကြေညာထားခဲ့ပြီး NLD ပါတီက ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခဲ့ ပါ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်တဲ့အပြင် ထောင်ဒဏ် အနှစ် ၂၀ နီးပါး ကျခံခဲ့ရပြီး၊ ဒီမိုကရေစီရေးအတွက် ကြံ့ကြံ့ခံ ကြိုးပမ်းခဲ့လို့ ပြည်သူအများရဲ့ ချစ်ခင်လေးစားမှု ခံရပြီး နိုင်ငံရေးအမြင်ရှိသူ ၊ အနာဂတ် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်တယ်လို့ အများက လက်ခံထားသူ ဖြစ်ပါတယ်။.
Next

မြန်မာ့ သမိုင်းဝင် ရွေးကောက်ပွဲ သန်းပေါင်းများစွာ မဲပေး

မြန်မာနိုင်ငံမှာ ပိုမို ပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတည်ထောင်ရေး အတွက် စစ်တပ်က ဖြေလျှော့ပေးလာမလားဆိုတဲ့ေ မးခွန်းအတွက် ပြည်သူ သန်းပေါင်း ၃၀ ကျော်က ဒီနေ့ ၂၀၁၅ ခု နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲပေးရွေးချယ်ကြပါတယ်။ြ မန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကျော် စစ်တပ်က အုပ်ချုပ်လာပြီး၊ လွန်ခဲ့တဲ့ ၅ နှစ်မှာ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ ပါဝင်တဲ့ အရပ်သားတပိုင်း အစိုးရက အုပ်ချုပ်ခဲ့ပါတယ်။
Next

လွှတ်တော်

Next
Next

ဓါတ်ပုံများ

Next

နိုင်ငံရေးပါတီများ


- ၈၈ မျိုးဆက် ဒီမိုကရေစီပါတီ
- ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ
- ကချင်ပြည်နယ် ဒီမိုကရေစီပါတီ
- ကချင်ဒီမိုကရက်တစ်ပါတီ
- ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီ
- ကမန်အမျိုးသားတိုးတက်ရေးပါတီ
- ကရင်ပြည်သူ့ပါတီ
- ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ကရင်ဒီမိုကရက်တစ်ပါတီ
- ကရင်အမျိုးသား ပါတီ
- ကယားလူမျိုးစုဒီမိုကရေစီပါတီ
- ကယန်းအမျိုးသားပါတီ
- ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
- ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ခူမီး(ခမီး)အမျိုးသားပါတီ
- ချင်းတိုးတက်ရေးပါတီ
- ချင်းဒီမိုကရေစီအဖွဲ့ချုပ်
- ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ
- ခေတ်သစ်ပြည်ထောင်စုပါတီ
- ခေတ်သစ်ပြည်သူ့ပါတီ
- စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)
- စည်းလုံးညီညွတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
- စေ့စပ်ညှိနှိုင်းရေးနှင့် တည်ငြိမ်အေးချမ်းရေးပါတီ
- ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ
- ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
- ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)
- တအာင်း(ပလောင်)အမျိုးသားပါတီ
- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
- တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ
- တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ထားဝယ်တိုင်းရင်းသားများပါတီ
- ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
- ဒီမိုကရက်တစ်ပါတီ(မြန်မာ)
- ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ
- ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ
- ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
- ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ
- ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီ
- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
- ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားရေးအဖွဲ့ချုပ်ပါတီ
- ပြည်ထောင်စုဒီမိုကရေစီပါတီ
- ပြည်သူ့ဒီမိုကရေစီပါတီ
- ပြည်သူ့အကျိုးပြုကျောင်းသားများဒီမိုကရေစီပါတီ
- ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ

- ဖက်ဒရယ်ပြည်ထောင်စုပါတီ
- ဗမာပြည်သူ့ပါတီ
- မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ
- မဟာမိတ်တောင်သူလယ်သမားပါတီ
- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
- မွန်အမျိုးသားပါတီ
- မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ
- မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
- မြန်မာအမျိုးသားကွန်ဂရက်ပါတီ
- မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ
- မြိုတိုင်းရင်းသားပါတီ
- မြိုအမျိုးသားဒီမိုကရေစီပါတီ
- ရခိုင်မျိုးချစ်ပါတီ
- ရခိုင်အမျိုးသားပါတီ
- ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ
- ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
- ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ
- ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
- ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
- ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ
- “ဝ”ဒီမိုကရက်တစ်ပါတီ
- “ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ
- ဝံသာနုဒီမိုကရက်တစ်ပါတီ
- လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ -
- လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)
- လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)
- လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ
- လူ့ဘောင်သစ်ပါတီ
- လမ်းပြကြယ်ပါတီ
- လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
- အမျိုးသမီးပါတီ (မွန်)
- အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ
- အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ
- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
- အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
- အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
- အမျိုးသားတိုးတက်မြင့်မားရေးပါတီ
- အမျိုးသားတိုးတက်ရေးပါတီ
- အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ
- အရှိုချင်းအမျိုးသားပါတီ
- အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ
- အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
Next

မဲဆန္ဒရှင်များ သိကောင်းစရာ

ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာ ဆောင်းပါးများ နားဆင်ရန် အထက်စာသားကို နှိပ်ပါ။

မဲပေးခွင့်ရှိသူစာရင်းများ ပြုစု ထုတ်ပြန်ခြင်း

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခု နိုဝင်ဘာလကစတင်ပြီး တစ်နိုင်ငံလုံးမှာ ကောက်ယူခဲ့ပါတယ်။ အဲသလို ကောက်ယူရာမှာ ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာရှိတဲ့ အိမ်ထောင်စုစာရင်းတွေကို အခြေခံပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ပါဝင်နိုင်အောင် ပြုစုကောက်ခံ တယ်လို့ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောပါတယ်။ ၂၀၁၅ ခု မေလကုန်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ၁၄ မြို့နယ်နဲ့ နေပြည်တော်ကောင်စီ ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ စာရင်းတွေ ကို ထုတ်ပြန်ရာမှာ အမှားအယွင်းတွေ အများအပြားပါရှိနေပြီး မဲစာရင်းမှာ နာမည်မပါသူတွေ ကျန်ခဲ့သူတွေ များတယ်လို့ မဲစာရင်းစိစစ်နေတဲ့ အဖွဲ့တွေက ပြောကြပါတယ်။ အဲဒီ နယ်မြေတွေမှာ နာမည်စာရင်း မပါသူ လေးထောင်ကျော်၊ အချက်အလက်မှားယွင်းသူ နှစ်ထောင်ကျော်နဲ့ သေဆုံးသူတွေ၊ အသက်မပြည့်သူတွေ ပါဝင်နေတယ်လို့ မဲစာရင်းစိစစ်နေတဲ့ အဖွဲ့တွေက ပြောကြပါတယ်။“ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်ပေါင်း ၁၃၀ ကျော်မှာ မဲပေးခွင့်ရှိသူစာရင်းတွေကို ဆက်လက်ထုတ်ပြန်တဲ့အခါမှာလဲ အမည်ထပ်နေတာတွေ၊ သေဆုံးသူတွေနဲ့ အသက်မပြည့်သူတွေ ပါဝင်နေတယ်လို့ မဲစာရင်းစိစစ်ရေးအဖွဲ့တွေက ပြောကြပြန်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးကတော့ အမှားတွေကို အချိန်မီ ပြင်ဆင်ဖို့ ၊ မဲစာရင်းတွေ မှန်ကန်ရေးကို ပူးပေါင်း ဆောင်ရွက်ကြဖို့ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းခဲ့ပါတယ်။ အဲဒီ မဲစာရင်းမှားယွင်း မှုတွေကြောင့် ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းပေးမှာမဟုတ်ဘူးလို့လဲ ပြောပါတယ်။

မဲစာရင်းကို မဖြစ်မနေ စစ်ဆေးကြဘို့ အရေးကြီး

မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတွေအနေနဲ့ မိမိအမည် ပါ- မပါ ဆိုတာကို သွားရောက်စစ်ဆေးကြဘို့ လိုအပ်ပြီး၊ မဲစာရင်းမှာ နာမည်မပါဝင်သူတွေအနေနဲ့ သက်ဆိုင်ရာ ပုံစံ (၃) ပုံစံ (၄) ဆိုတာတွေကို တောင်းယူဖြည့်စွက်ြ့ပီး သက်ဆိုင်ရာကိုတင်ပြရပါမယ်။ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်က ပြန်လည်ပြင်ဆင်ဖြည့်စွက်ထားတဲ့ အပြီးသတ်မဲပေးခွင့်ရှိသူစာရင်းကို ရွေးကောက်ပွဲမကျင်းပမီ တစ်လအလိုမှာ ထပ်မံထုတ်ပြန်မှာဖြစ်ပါတယ်။ ယခုတိုင် ပြင်ဆင်ပြီး မဲစာရင်းတွေမှာ နာမည် လိပ်စာ အမှားအယွင်းတွေ ရှိနေသေးတဲ့အတွက် ပြန်လည် စစ်ဆေးကြဖို့ အလွန် အရေးကြီးတယ်လို့ နိုင်ငံရေးပါတီတွေကရော လူမှု အဖွဲ့တွေကပါ တိုက်တွန်းနေကြပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ပေမယ့် မှတ်ပုံတင်မရှိသေးသူတွေကို နိုင်ငံသားဖြစ်ကြောင်း ရပ်ကွက်တွင်း နေထိုင်သူတွေ၊ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည့်သူ့အင်အားဦးစီးဌာန တစ်ခုခုက ထောက်ခံပေးမယ် ဆိုရင် မဲပေးခွင့်ရှိသူစာရင်း မှာ ထည့်သွင်းပေးမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ကလဲ ပြောပါတယ်။ o တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာလည်း ရွေးကောက်ပွဲ ကျင်းပပေးမှာဖြစ်တယ်လို့ ဆိုပေမယ့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းက မြို့နယ် ၆ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အတိ အကျမပြော နိုင်သေးဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
Next

ဗီဒီယိုများ

Next

ရွေးကောက်ပွဲ ဆိုင်ရာ သတင်းများ

ဆက်လက်ဖတ်ရှုရန်

Back to Top