ခေတ်လူငယ်အစီအစဉ်

တိုင်းပြည်အနာဂတ် တည်ဆောက်မယ့် ခေတ်လူငယ်တွေရဲ့ ဘဝ အတွေ့အကြုံတွေ၊ တိုင်းပြည်ထူထောင်ရေးအတွက် လူငယ်တွေရဲ့ အတွေးအမြင်တွေကို ဒီအစီအစဉ်ကနေ မအင်ကြင်းနိုင်က စီစဉ်တင်ဆက်နေပါတယ်။
2010-08-12
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

အပြာရောင်လွှမ်းတဲ့ ငြိမ်းချမ်းရေးနေ့

ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စက်တင်ဘာလ (၂၁) ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်မြို့အပါအ၀င် အခြားတိုင်းနဲ့ ပြည်နယ်မြို့တချို့မှာ လူငယ်ထုရဲ့ ငြိမ်းချမ်းရေး လိုလားတောင်းတတဲ့ အသံတွေ လွှမ်းခြုံခဲ့ပါတယ်။ ဒီတပတ်အစီစဉ်မှာ ငြိမ်းချမ်းရေးအတွက် လူငယ်တွေ လှုပ်ရှားကြပုံတွေကို တင်ပြထားပါတယ်။

အပြာရောင်လွှမ်းတဲ့ ငြိမ်းချမ်းရေးနေ့
အသံဖိုင်ယူရန်

ပြည်ပအတိုက်အခံ အဖွဲ့အစည်းများရဲ့ ပြည်တော်ပြန်ခရီး

ပြည်တွင်းမှာ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လေ့လာဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ ပြည်ပအတိုက်အခံ အဖွဲ့အစည်း ခေါင်းဆောင်တချို့ အပါအ၀င် ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ၊ မြန်မာ့အရေး လှုပ်ရှားနေသူတွေဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။

အခုလို နှစ်ပေါင်း ၂၄ နှစ်ကြာမှ ပြည်တော်ပြန်ခွင့်ရတဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ လူငယ်ရေးရာ ဥက္ကဋ္ဌ နော်မေဘယ်လ်ထူးနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အတွင်းရေးမှူး မဖြိုးဖြိုးအောင်တိုရဲ့ အမြင်တွေကို ဒီတပတ် စုစည်းတင်ပြထားပါတယ်။

ပြည်ပအတိုက်အခံ အဖွဲ့အစည်းများရဲ့ ပြည်တော်ပြန်ခရီး
အသံဖိုင်ယူရန်

စိတ်ယဉ်ကျေးမှုကို ကဗျာအနုပညာနဲ့ လက်ဆင့်ကမ်းမယ်

စိတ်ယဉ်ကျေးမှုကို ကဗျာအနုပညာနဲ့ လက်ဆင့်ကမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တနင်္ဂနွေနေ့က ကျင်းပတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ဂီတရန်ပုံငွေ ရှာဖွေပွဲမှာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကျောင်းသားလူငယ် ၅၅ ဦးရဲ့ ကဗျာရွတ်ဆိုပွဲ အစီစဉ် ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့ခေတ် လူငယ်တွေအနေနဲ့ ကဗျာနဲ့ ပတ်သက်တဲ့အမြင် ခံစားချက်တွေ ဘယ်လိုရှိသလဲဆိုတာ ဒီတပတ် စုစည်း တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှုကို ကဗျာအနုပညာနဲ့ လက်ဆင့်ကမ်းမယ်
အသံဖိုင်ယူရန်

"စီးဆင်းခြင်း" ကိုယ်ပိုင်စာကြည့်တိုက် ထူထောင်ဖွင့်လှစ်

မြန်မာနိုင်ငံမှာ စာကြည့်တိုက် အသုံးပြုတဲ့ အလေ့အထ များလာအောင် ကိုယ်ပိုင် စာကြည့်တိုက်ဖွင့်ပြီး ကြိုးစားဆောင်ရွက်နေတဲ့ စာပေ၀ါသနာရှင် လူငယ်တချို့ရဲ့ လှုပ်ရှားမှုတွေကို ဒီတပတ် စုစည်းတင်ပြထားပါတယ်။

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က ဗြဟ္မ၀ိဟာရ ကျောင်းတိုက်မှာ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလက "စီးဆင်းခြင်း" ဆိုတဲ့ ကိုယ်ပိုင် စာကြည့်တိုက်ကို ထူထောင် ဖွင့်လှစ်ထားတဲ့ လူငယ်သုံးဦးက ပါဝင် ပြောဆိုထားပါတယ်။

"စီးဆင်းခြင်း" ကိုယ်ပိုင်စာကြည့်တိုက် ထူထောင်ဖွင့်လှစ်
အသံဖိုင်ယူရန်

မြန်မာဒုက္ခသည် ပညာတော်သင်ဆုရ လူငယ်

အမေရိကန်အစိုးရက ထောက်ပံတဲ့ မြန်မာဒုက္ခသည် ပညာတော်သင်ဆုနဲ့ ၂၀၀၇ ခုနှစ်မှာ ထိုင်း မြန်မာနယ်စပ်ကနေ ရောက်လာပြီး နိုင်ငံတကာ သိပ္ပံဘာသာရပ်နဲ့ ကွန်ပြူတာ ဘာသာရပ် နှစ်ဘာသာ အထူးပြုနဲ့ ထူးထူးချွန်ချွန်ဘွဲ့ရခဲ့တဲ့ ကရင်ဒုက္ခသည် လူငယ် စောလာကပေါ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို တင်ပြထားပါတယ်။

မြန်မာဒုက္ခသည် ပညာတော်သင်ဆုရ လူငယ်
အသံဖိုင်ယူရန်

AIDS ရောဂါတိုက်ဖျက်ရေး လုပ်ကိုင်နေသူ လူငယ်များရဲ့ အခန်းကဏ္ဍ

HIV/AIDs ရောဂါ ကူးစက်ခံနေရတဲ့ လူနာတွေကို ကူညီ စောင့်ရှောက်ပေးနေတဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍအကြောင်း ဒီတပတ် စုစည်း တင်ပြထားပါတယ်။ ပြည်တွင်းက ဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(မြန်မာနိုင်ငံ) ဥက္ကဋ္ဌ ကိုရှိုင်းနဲ့ ကုလသမဂ္ဂက ထောက်ပံ့နေတဲ့ ထိုင်းအခြေစိုက် လူငယ်အဖွဲ့ချုပ်ရဲ့ ဒေသဆိုင်ရာ တာဝန်ခံ မသော်ဇင်အေးတို့က ပါဝင် ပြောဆိုထားပါတယ်။

AIDS ရောဂါတိုက်ဖျက်ရေး လုပ်ကိုင်နေသူ လူငယ်များရဲ့ အခန်းကဏ္ဍ
အသံဖိုင်ယူရန်

ရှစ်လေးလုံး လူထုလှုပ်ရှားမှုနှင့် လူငယ်ကဏ္ဍ

မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်မရနိုင်တဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တွေရဲ့ အခန်းအပေါ် ဒီကနေ့ ခေတ်လူငယ်တွေရဲ့ အမြင်ကို စုစည်းတင်ပြထားပါတယ်။

ရှစ်လေးလုံး လူထုလှုပ်ရှားမှုနှင့် လူငယ်ကဏ္ဍ
အသံဖိုင်ယူရန်

စာပေချစ်စိတ်ကြောင့် နိုင်ငံရေးစိတ်ဓာတ် ရင့်သန်လာ

ခေတ်အဆက်ဆက် ကျောင်းသား လှုပ်ရှားမှု သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စာပေချစ်စိတ်ဟာ နိုင်ငံရေးမှာ ရင့်သန်လာရေးကို အထောက်အကူ ဖြစ်စေတယ်ဆိုတာ တွေ့ရပါတယ်။

ဗကသ ဥက္ကဋ္ဌဟောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန် ၀တ္ထုကိုတော့ ဒီနေ့ ခေတ်လူငယ်တွေကို ဘယ်လို ပုံဖော်ကြသလဲဆိုတာ ဒီတပတ် စုစည်း တင်ပြထားပါတယ်။

စာပေချစ်စိတ်ကြောင့် နိုင်ငံရေးစိတ်ဓာတ် ရင့်သန်လာ
အသံဖိုင်ယူရန်

ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး ရင်ဆိုင်နေရတဲ့ အခြေအနေ

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်နေတယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ လွတ်လပ်ရေး သမိုင်းကြောင်းအရ အရေးပါခဲ့တဲ့ ကျောင်းသားသမဂ္ဂကို ပြန်လည် ဖွဲ့စည်း လှုပ်ရှားနေကြတဲ့ ကျောင်းသားလူငယ်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို စုစည်း တင်ပြ ထားပါတယ်။

ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး ရင်ဆိုင်နေရတဲ့ အခြေအနေ
အသံဖိုင်ယူရန်

ခေတ်သစ်ဂီတအလွှာ ဖြစ်ပေါ်လာရေး လူငယ် ဂီတအနုပညာရှင်တွေက တောင်းဆို

နိုင်ငံတကာရေစီးကြောင်းနဲ့အညီ မြန်မာနိုင်ငံက ဂီတလောကမှာ Hip-Hop, R&B, Modern Rock အစရှိတဲ့ အမျိုးအစားသစ်တွေထွက်ပေါ်လာပါတယ်။ ဒါပေမယ့် အောင်မြင်ကျော်ကြားလာတဲ့ မျိုးဆက်သစ်ဂီတအနုပညာရှင်တွေရဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ နစ်နာမှုတွေကို ကာကွယ်ဖို့ ခေတ်သစ်ဂီတအလွှာ ဖြစ်ပေါ်လာရေး လူငယ် ဂီတအနုပညာရှင်တွေက တောင်းဆိုနေကြပါတယ်။

နာမည်ကျော် Hip-Hop အဆိုတော်တွေဖြစ်တဲ့ သားစိုးနဲ့ အနဂ္ဂတို့ရဲ့အမြင်တွေကို စုစည်းတင်ပြထားပါတယ်။

ခေတ်သစ်ဂီတအလွှာ ဖြစ်ပေါ်လာရေး
အသံဖိုင်ယူရန်

မြန်မာနိုင်ငံက တက္ကသိုလ်ကျောင်းသား ဘဝ

မြန်မာနိုင်ငံက ကျောင်းသူ ကျောင်းသားတွေဟာ တက္ကသိုလ်မှာ လူငယ်သဘာဝ လွတ်လွတ်လပ်လပ် လေ့လာသင်ယူစရာ ပျော်ရွှင်စ ရာ ကောင်းလှတဲ့ ဘ၀တွေကို ဆယ်စုနှစ်ပေါင်းများစွာ ဆုံးရှုံး နစ် နာနေကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ အောက်စဖို့ တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံရယူတဲ့ အခမ်းအနား မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံက တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ ရဲ့အခွင့်အရေးတွေ ဘယ်လောက်အထိ နစ်နာဆုံးရှုံးနေသလဲ၊ သူတို့တွေ အနေနဲ့ အဓိက ဘာတွေကို ပြုပြင်ပြောင်းလဲ ပေးစေလိုသလဲ ဆိုတာတွေကို ဒီတပတ် စုစည်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံက တက္ကသိုလ်ကျောင်းသား ဘဝ
အသံဖိုင်ယူရန်

ရလဒ်ကောင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီး

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်း ၂၄ နှစ်တာ ကာလအတွင်း ဒုတိယအကြိမ် ပြည်ပခရီးစဉ်အဖြစ် ဥရောပ (၅) နိုင်ငံ လှည့်လည်တဲ့ခရီးဟာ မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိမလဲ။ ပြည်တွင်းပြည်ပ မြန်မာလူငယ်တွေရဲ့တုံ့ပြန်သံတွေကို ဒီတပတ် စုစည်းတင်ပြထားပါတယ်။

ရလဒ်ကောင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီး
အသံဖိုင်ယူရန်

မြန်မာလူငယ်တဦးရဲ့ဆာဗီးယားနိုင်ငံ ခရီးအတွေ့အကြုံ

အရှေ့ဥရောပ အရင် ယူဂိုဆလားဗီးယား ပြည်ထောင်စုကနေ ခွဲထွက်ခဲ့တဲ့ ဆာဗီးယားနိုင်ငံမှာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာလူငယ်တဦးရဲ့အတွေ့အကြုံတွေကို ဒီတပတ်တင်ပြထားပါတယ်။

ဆာဗီးယားနိုင်ငံ ခရီးအတွေ့အကြုံ
အသံဖိုင်ယူရန်

အခြေခံလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုမှုနဲ့ လက်ရှိအခြေအနေ

မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခြေခံလစာ တိုးမြှင့်ပေးဖို့ အလုပ်သမားတွေ ဘာကြောင့်တောင်းဆိုနေကြတာလဲ။ အလုပ်သမားတွေရဲ့ရပိုင်ခွင့်နဲ့ ခံစားခွင့်တွေကို အကာကွယ်ပေးမယ့် ဥပဒေတွေ ပြဌာန်းပြီးသား ဖြစ်ပေမယ့် လက်တွေ့မှာ ဘာကြောင့်အကောင်အထည် မဖော်နိုင်သေးတာလဲ စတာတွေကို ရန်ကုန်တိုင်း စက်မှုဇုန်က အလုပ်သမားအရေး ကူညီပေးနေတဲ့ ကျောင်းသားလူငယ်တွေရဲ့ အသံတွေကို ဒီတပတ် စုစည်းတင်ပြထားပါတယ်။

အခြေခံလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုမှုနဲ့ လက်ရှိအခြေအနေ
အသံဖိုင်ယူရန်

လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော် လှုပ်ရှားမှု

မြန်မာနိုင်ငံမှာ လျှပ်စစ်မီး ပုံမှန်မရရှိတာ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပေမယ့် တိုင်းနဲ့ ပြည်နယ်အနှံ့ လှုပ်ရှားမှုတွေ အခုမှ ဘာကြောင့် ပျံနှံ့ သွားရတာလဲ၊ လျှပ်စစ်မီး အလုံအလောက် မရရှိတာကြောင့် လူငယ်တွေအတွက် ဘယ်လို ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေ ရှိခဲ့လဲ ဆိုတာကို ဒီပတ်အစီစဉ်မှာ စုစည်းတင်ပြမှာပါ။

မန္တလေးမြို့သူ မနှင်းနှင်းအောင်၊ မျိုးဆက်သစ် လူငယ်များအစည်းအရုံး GW ဥက္ကဋ္ဌ ကိုမင်းရန်နိုင်နဲ့ နာမည်ကြီး လူငယ်ဓာတ်ပုံဆရာ လမင်းနိုင်တို့ ပါဝင်ပြောဆိုထားပါတယ်။

လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော် လှုပ်ရှားမှု
အသံဖိုင်ယူရန်

သမ္မတဖိတ်ခေါ်ချက်အပေါ် လူငယ်တချို့အမြင်

ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ တိုင်းပြည်တိုးတက်ရေးအတွက် ပြန်လာကြဖို့ သမ္မတ ဦးသိန်းစိန်က ထပ်ပြီး ဖိတ်ခေါ်လိုက်တာနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေမှာ ရောက်ရှိနေထိုင်နေတဲ့ ပညာတတ် တိုင်းရင်းသား လူငယ်တချို့ရဲ့ အမြင်သဘောထားကို ဒီတပတ် စုစည်း တင်ပြထားပါတယ်။

သမ္မတဖိတ်ခေါ်ချက်အပေါ် လူငယ်တချို့အမြင်
အသံဖိုင်ယူရန်

အမေနေ့

ဒီကနေ့ ကျရောက်တဲ့ အမေနေ့ (Mother’s Day) မှာ မိခင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။ ဒီတပတ်အစီစဉ်မှာ အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားတဲ့ အမေနေ့နဲ့ တိုက်ဆိုင်နေတာကြောင့် ဒီကိုရောက်နေတဲ့ မြန်မာလူငယ်တွေ ဘယ်လို ပါဝင်ဆင်နွဲကြသလဲဆိုတာ တင်ပြထားပါတယ်။
မေရီလန်းပြည်နယ် မောင့်ဂိုမာရီကောလိပ်က ဒုတိယနှစ်ကျောင်းသား ကိုချမ်းမြေ့အောင်၊ ပထမနှစ်ကျောင်းသား ကိုထူးသစ်၊ ရစ်ချတ်မောင့်ဂိုမာရီ အထက်တန်းကျောင်းက ဆယ်တန်းကျောင်းသူ မသီရိဝေလွင်နဲ့ ကိုးတန်းကျောင်းသူ မချမ်းမြအောင်တို့ ပါဝင်ပြောဆိုထားပါတယ်။

အမေနေ့
အသံဖိုင်ယူရန်

ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ညီလာခံ

အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့က နာမည်ကြီး Illinois တက္ကသိုလ်မှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေရဲ့ ညီလာခံမှာ ဒီနေ့ ခေတ်လူငယ်တွေအနေနဲ့ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုဆောင်ရွက်နိုင်သလဲ ဆိုတာတွေကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေက အလေးထား ဆွေးနွေးတာတွေကို စုစည်းတင်ပြထားပါတယ်။

ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ညီလာခံ
အသံဖိုင်ယူရန်

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ လူငယ် အခန်းကဏ္ဍ

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ နိုင်ငံရေးပါတီဝင် လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဆိုရှယ်လစ်လူငယ် အဖွဲ့ချုပ် (IUSY) ညီလာခံက အာရှပစိဖိတ် ဒေသဆိုင်ရာ တာဝန်ခံနဲ့ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် မကြာသေးခင်က တာဝန်ပေးအပ်ခြင်းခံရတဲ့ ပြည်ပအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးရဲ့ အမြင်တွေကို တင်ဆက်ထားပါတယ်။

မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ လူငယ် အခန်းကဏ္ဍ
အသံဖိုင်ယူရန်

ကန့်သတ်မှုများနှင့် ယနေ့ခေတ် ပညာရေး

မုံရွာအကျဉ်းထောင်ကနေ ပြီးခဲ့တဲ့ ဇန်န၀ါရီလက လွတ်မြောက်လာတဲ့ ၂၀၀၇ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဒီငြိမ်းလင်း အပါအ၀င် လူ့အခွင့်အရေးနဲ့ နိုင်ငံရေးလှုပ်ရှားတဲ့ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေဟာ အခုချိန်ထိ ကျောင်းပြန်တက်ခွင့် မရကြသေးတဲ့အပြင် အသက်မွေးဝမ်းကျောင်း အတတ်ပညာ လေ့လာ လိုက်စားရေးတွေမှာပါ ကန့်သတ် ပိတ်ပင်ခံနေရပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းသားလူငယ်တွေ ရင်ဆိုင်နေရတဲ့ ပညာရေး အခြေအနေတွေနဲ့အတူ ခေတ်မီတဲ့ နည်းစနစ်နဲ့ သင်ကြားရေးကို ဒီနေ့ခေတ် ကျောင်းသားလူငယ်တွေ လိုလားတောင့်တနေတဲ့အကြောင်း ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း ရင်ဖွင့်ပြောဆိုချက်တွေကို ဒီတစ်ပတ် စုစည်းတင်ပြမှာပါ။

ကန့်သတ်မှုများနှင့် ယနေ့ခေတ် ပညာရေး
အသံဖိုင်ယူရန်

အတာသင်္ကြန်နဲ့ မြန်မာ့ရိုးရာသံချပ်

အတာကူးတဲ့ တန်ခူးလရောက်တိုင်း မြန်မာပြည်သူအားလုံး ဆင်နွှဲတဲ့ အတာသင်္ကြန်ကာလ ဒီနှစ်မှာတော့ သင်္ကြန်တေးသံတွေနဲ့အတူ သံချပ် ဖျော်ဖြေသံတွေလည်း ပျံနှံ့ခဲ့တယ်လို့ ဆိုရမှာပါ။

နှစ်ပေါင်း နှစ်ဆယ်ကျော် ပိတ်ပင်ခံထားရတဲ့ သံချပ်ကို အစိုးရက ဒီနှစ်မှာ ပြန်လည်ခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့် ခေတ်လူငယ်တွေအတွက် မြန်မာ့ရိုးရာသံချပ်နဲ့ ပတ်သက်လို့ တင်ဆက်ထားပါတယ်။

အတာသင်္ကြန်နဲ့ မြန်မာ့ရိုးရာသံချပ်
အသံဖိုင်ယူရန်

လွတ်လပ်တဲ့ သတင်းမီဒီယာ အဖွဲ့အစည်း ပေါ်ပေါက်ဖို့ လိုအပ်

မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေနဲ့ မားမားမတ်မတ် ရပ်တည်ပေးနိုင်မယ့် လွတ်လပ်တဲ့ သတင်းမီဒီယာ အဖွဲ့အစည်း ပေါ်ပေါက်ဖို့ လိုအပ်နေတယ်လို့ လူငယ်သတင်းထောက် မအိမ့်ခိုင်ဦးကပြောပါတယ်။

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲလာတဲ့ အခြေအနေတွေဟာ လူငယ် သတင်းထောက်တွေအတွက် သတင်းတင်ပြခွင့်နဲ့ ပတ်သက်လို့ စမ်းသပ်ကာလ ဖြစ်နေသလို စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

Yangon Press International ရဲ့သတင်းထောက် မအိမ့်ခိုင်ဦးရဲ့ ကြားဖြတ်ရွေးကောက်ပွဲနေ့ အတွေ့အကြုံနဲ့အတူ သတင်းထောက်တစ်ဦး ဖြတ်သန်းရတဲ့ အခြေအနေတွေကို တင်ဆက်ထားပါတယ်။

လွတ်လပ်တဲ့ သတင်းမီဒီယာ
အသံဖိုင်ယူရန်

လယ်သမားတွေရဲ့အခွင့်အရေး အကာအကွယ် ပေးနိုင်ဖို့ ကြိုးပမ်းသွားမယ်

လယ်သမားတွေရဲ့အခွင့်အရေး ရပိုင်ခွင့်တွေ မဆုံးရှုံး မနစ်နာအောင် တရားဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ဖို့ ကြိုးပမ်းသွားမယ်ဆိုတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့လူငယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုနိုင်ငံလင်းရဲ့ မဲဆွယ် စည်းရုံးရေးကာလ အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်။

လယ်သမားတွေရဲ့အခွင့်အရေး
အသံဖိုင်ယူရန်

လူ့အခွင့်အရေးလှုပ်ရှားသူ ပေါ့ပ်အဆိုရှင် သံသာဝင်း

စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလက အများပြည်သူ မသိလိုက်ရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အနုပညာရှင်တွေအပေါ် ကန့်သတ်ပိတ်ပင်မှုနဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ နာမည်ကျော် အမျိုးသမီး ပေါ့ပ်အဆိုရှင် သံသာဝင်း အကြောင်း ဒီတပတ်တင်ဆက်မှာပါ။

၁၉၉၅ခုနှစ် အထက်တန်းကျောင်းသူဘ၀ ကတည်းက ခွပ်ဒေါင်းဝိညာဉ် ၊ ၈၈တော်လှန်ရေး စတဲ့ မြေအောက်နိုင်ငံရေးသီချင်းတွေမှာ ပါဝင်သီဆိုခဲ့ပြီး၊ ဒီမိုကရေစီရေးကို ထောက်ခံ အားပေးခဲ့တာကြောင့် သူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို ပေးဆပ်ခဲ့ရပါတယ်။

လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေအတွက် အနုပညာရှင်တစ်ဦး ကဏ္ဍကနေ လှုပ်ရှားဆောင်ရွက်နေပုံတွေကို နားဆင်ရမှာပါ။

လူ့အခွင့်အရေးလှုပ်ရှားသူ ပေါ့ပ်အဆိုရှင် သံသာဝင်း
အသံဖိုင်ယူရန်

မြန်မာ ဓာတ်ပုံသတင်းထောက်

သတင်းဓာတ်ပုံကောင်းတပုံ ဖေါ်ပြနိုင်ဖို့ မြန်မာ ဓာတ်ပုံသတင်းထောက်တွေ အခက်အခဲတွေအများကြီး ဖြတ်ကျော်ကြရပါတယ်။ အဲဒီထဲက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေး မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ မြို့ခံပြည်သူတွေ သိပ္ပံလမ်းမကြီးအပြည့် သိန်းနဲ့ချီ လူပင်လယ်ကြီးလောက် များပြားတာကို ပေါ်လွင်အောင် ရိုက်ကူးနိုင်သူလည်းဖြစ်၊ နိုင်ငံတကာက အကောင်းဆုံး ဓာတ်ပုံစာရင်းတွေထဲမှာ မကြာခဏဖော်ပြခံနေရတဲ့ မြန်မာပြည်က Reuters ဓာတ်ပုံသတင်းထောက် ကိုစိုးဇေယျထွန်းရဲ့အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်။

မြန်မာ ဓာတ်ပုံသတင်းထောက်
အသံဖိုင်ယူရန်

ရေမြေခြားက မျိုးဆက်သစ်တွေနဲ့ မြန်မာစကား

ရေမြေခြား တိုင်းတပါးမှာနေထိုင်ကြတဲ့ လူမျိုးတွေအနေနဲ့ မိခင်ဘာသာစကားကို ထိန်းသိမ်းဖို့ အခက်အခဲတွေရှိနေတဲ့ကြားက မျိုးဆက်သစ်တွေအနေနဲ့ မိခင် မြန်မာစကား မပျောက်ပျက်အောင် ထိန်းသိမ်းသူတွေထဲမှာ အမေရိကန်နိုင်ငံရောက် မြန်မာဆယ်ကျော်သက် လူငယ်တချို့လည်းပါဝင်ပါတယ်။

အဲဒီထဲက ၂၀၀၉ခုနှစ် အသက် (၁၂)နှစ်အရွယ်မှာ အမေရိကန်ပြည်ထောင်စုကို မိသားစုနဲ့အတူ စတင်အခြေချနေထိုင်တဲ့ မသီရိဝေလွင်နဲ့ ၂၀၀၈ခုနှစ် အသက် (၁၁)နှစ်အရွယ်မှာ ရောက်လာတဲ့ မအေးချမ်းမြင့်ဇော်တို့ရဲ့ အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်။

ရေမြေခြားက မျိုးဆက်သစ်တွေနဲ့ မြန်မာစကား
အသံဖိုင်ယူရန်

နည်းပညာ လေ့လာမှုတွေနဲ့အဆက်မပြတ် ကြိုးစားသွားမယ်ဆိုတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း

ဘလော့ဂါ နေဘုန်းလတ်အကြောင်း ဒီတပတ်တင်ဆက်ထားပါတယ်။ ကိုနေဘုန်းလတ်ဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု သတင်းတွေကို ကမ္ဘာသိအောင် အချိန်နဲ့တပြေးညီ သူရဲ့ကိုယ်ပိုင် အင်တာနက်ဘလော့ဂ် စာမျက်နှာကနေ စွန့်စွန့်စားစား တင်ပြခဲ့သူပါ။ ထောင်သက်တမ်း (၄) နှစ်နီးပါး ကြာခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်န၀ါရီလက သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါတယ်။

ဒီကနေ့ အင်တာနက် လူမှုသတင်းမီဒီယာတွေ တိုးတက်လာနေတဲ့ အခြေအနေပေါ်မှာ နည်းပညာကို လေ့လာလိုက်စားနေတဲ့ လူငယ်တဦးရဲ့အမြင်တွေကို နားဆင်ရမှာပါ။

ဘလော့ဂါ နေဘုန်းလတ်
အသံဖိုင်ယူရန်

ကျောင်းပြန်တက်ခွင့်မရတဲ့ မြို့ပြ အင်ဂျင်နီယာ တတိယနှစ်ကျောင်းသူ

မနှစ် အောက်တိုဘာလက လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ၂၀၀၇ ဗကသ ခေါင်းဆောင်၊ နိုင်ငံရေး အကျဉ်းသူဟောင်း တဦးဖြစ်ပြီး၊ ကျောင်းပြန်တက်ခွင့် မရတဲ့ မြို့ပြ အင်ဂျင်နီယာ တတိယနှစ်ကျောင်းသူ မဖြိုးဖြိုးအောင်ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေကို နားဆင်ရမှာပါ။

မြို့ပြ အင်ဂျင်နီယာ တတိယနှစ်ကျောင်းသူ
အသံဖိုင်ယူရန်

ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို

အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ၂ဝဝ၇ ဗကသ အဖွဲ့ချုပ် ခေါင်းဆောင် ကိုကျော်ကိုကို မတရားတဲ့ ပုဒ်မတွေနဲ့ အမှုရင်ဆိုင်ခဲ့ရပုံ၊ ထောင်တွင်းဖြတ်သန်းမှုနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေ အပေါ် သူ့ရဲ့ အမြင်တွေကို နားဆင်ရမှာပါ။

ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို။
အသံဖိုင်ယူရန်

စေတနာ့ဝန်ထမ်း လူငယ်များ

ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကြောင့် အရင်က အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကို ခံခဲ့ရတဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းလို လူမှုရေး အသင်းအဖွဲ့တွေမှာ လူငယ်တွေ ရဲရဲဝံ့ဝံ့ ပါဝင်လာကြပြီလို့ ဆိုပါတယ်။

ဒီတပတ်မှာ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ မြန်မာလူငယ် ကိုဇော်ဆိုင်းရဲ့ အတွေ့အကြုံတွေကို နားဆင်ရမှာပါ။

စေတနာ့ဝန်ထမ်း လူငယ်များ။
အသံဖိုင်ယူရန်

လူငယ်ရှေ့နေ ကိုဖိုးဖြူ

လယ်သမားနဲ့ အလုပ်သမားအရေး ဥပဒေအကျိုးဆောင်ပေးနေတဲ့ လူငယ်ရှေ့နေ ကိုဖိုးဖြူရဲ့ တရားစီရင်ရေးစနစ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို တင်ပြထားပါတယ်။

လယ်သမားနဲ့ အလုပ်သမားတွေအတွက် တရားဥပဒေအရ အကာအကွယ် မပေးတဲ့ အခြေအနေတွေ၊ တရားရုံး အဂတိ လိုက်စားမှုတွေအကြောင်း နားဆင်ရမှာပါ။

လူငယ်ရှေ့နေ ကိုဖိုးဖြူ။
အသံဖိုင်ယူရန်

အသက်အငယ်ဆုံး နိုင်ငံရေးအကျဉ်းသူ

ယုံကြည်ချက်ကြောင့် အကျဉ်းထောင်တွေထဲမှာ နှစ်ရှည်လများ ထိန်းသိမ်းခံခဲ့ရပြီး မကြာခင်က လွတ်မြောက်လာတဲ့ အသက်အငယ်ဆုံး နိုင်ငံရေးအကျဉ်းသူ မနိုးနိုးရဲ့ ထောင်တွင်းဖြတ်သန်းမှု အတွေ့အကြုံနဲ့ နိုင်ငံရေး ခံယူချက်တွေကို စုစည်း တင်ပြထားပါတယ်။

အသက်အငယ်ဆုံး နိုင်ငံရေးအကျဉ်းသူ။
အသံဖိုင်ယူရန်

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်

ကျိုင်းတုံအကျဉ်းထောင်မှာ ထောင်ဒဏ် ၆၅ နှစ် အကျဉ်းချခံထားရတဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပေါ် ဒီနေ့ခေတ် လူငယ်ကျောင်းသားတွေဖြစ်တဲ့ ကချင် အမျိုးသမီး ဆန်းမိုင်၊ သွေး အကူအညီပေးရေး အဖွဲ့တာဝန်ခံ ကိုညီညီနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုဘိုဘို တို့ရဲ့အမြင်တွေကို စုစည်း တင်ပြထားပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။
အသံဖိုင်ယူရန်

Apple ဖန်တီးရှင် Steve Jobs

အောက်တိုဘာလ ၅ ရက်နေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတဲ့ နာမည်ကြီး Apple နည်းပညာ ကုမ္ပဏီ ပူးတွဲ တည်ထောင်သူ Steve Jobs အတွက် လူသန်းပေါင်းများစွာက ဝမ်းနည်းဂုဏ်ပြုခဲ့ကြပါတယ်။

တီထွင်ကြံဆမှု ရှိပြီး မဆုတ်မနစ် ဇွဲလုံ့လနဲ့ လုပ်ကိုင်တတ်တဲ့ Steve Jobs ဟာ ကမ္ဘာတဝှမ်းက လူငယ်တွေအတွက် စံပြု အတုယူစရာ ဖြစ်ခဲ့တာပါ။ မြန်မာလူငယ်တွေကလည်း Steve Jobs ရဲ့ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး ထိုးဖောက် ဖန်တီးမှုတွေကို အားကျခဲ့ကြတဲ့အကြောင်း ဒီတပတ် တင်ဆက်ထားပါတယ်။

Apple ဖန်တီးရှင် Steve Jobs။
အသံဖိုင်ယူရန်

ဒီမိုကရေစီရေးနဲ့ အနာဂတ်ပညာရေး

မန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ လူငယ် မျိုးဆက်သစ်တွေအနေနဲ့ အဆင့်မြင့်ပညာ သင်ကြားနိုင်ခွင့် ဘာကြောင့် အရေးကြီးပါသလဲ။

ရန်ကုန်မြို့အခြေစိုက် Scholarship, Research and Development ဂျာနယ်ရဲ့ လူငယ်အယ်ဒီတာ၊ မလေးရှားနိုင်ငံက NGO အဖွဲ့တခုမှာ လက်ရှိ အလုပ်သင်အဖြစ် ရောက်ရှိနေသူ ကိုဖြိုးဝင်းလတ်ရဲ့ ပြည်ပမှာ ပညာသင်ကြားခဲ့တဲ့ အတွေအကြုံတွေကို နားဆင်ရမှာပါ။

ဒီမိုကရေစီရေးနဲ့ အနာဂတ်ပညာရေး။
အသံဖိုင်ယူရန်

နိုင်ငံရေးနဲ့ လူငယ့်အမြင်

မြန်မာအစိုးရ အာဏာပိုင်တွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောဆိုတာနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ အမြင်ကို ဒီတပတ် စုစည်းတင်ပြထားပါတယ်။

ပါဝင်ပြောဆိုသူတွေကတော့ ရန်ကုန်မြို့က ကိုမြတ်မင်း၊ ကိုစိုးအောင်နဲ့ ထိုင်းနိုင်ငံက မသွယ်စင်တိုး တို့ ဖြစ်ပါတယ်။

နိုင်ငံရေးနဲ့ လူငယ့်အမြင်။
အသံဖိုင်ယူရန်

အမျိုးသမီးနဲ့ နိုင်ငံရေး

လက်ရှိ မြန်မာအစိုးရ အဖွဲ့တွင်းမှာ ဒု-ဝန်ကြီးရာထူး တနေရာသာ အမျိုးသမီးကို ခန့်အပ်ထားပြီး လွှတ်တော်ထဲမှာတော့ အမျိုးသမီးအမတ် အနည်းအကျဉ်း ပါလာတာ တွေ့ရပါတယ်။

မန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်ခွင့် အခြေအနေနဲ့ ပတ်သက်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ မျိုးဆက်သစ် လူငယ် နော်မေဘယ်လ်ထူးနဲ့ ပြည်တွင်း လူငယ်ကွန်ရက် အဖွဲ့တခုမှာ ပါဝင်လှုပ်ရှားနေတဲ့ မစပယ် တို့ရဲ့အမြင်တွေကို စုစည်း တင်ပြထားပါတယ်။

 

 

အမျိုးသမီးနဲ့ နိုင်ငံရေး။
အသံဖိုင်ယူရန်


ခေတ်ပြိုင် မှတ်တမ်းရုပ်ရှင်နဲ့ လူငယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝအကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ကြတဲ့ မြန်မာတွေထဲက လူငယ်နှစ်ဦးရဲ့ အတွေ့အကြုံတွေကို ဒီတပတ် တင်ဆက်ထားပါတယ်။
Burma VJ ရုပ်ရှင်ကားမှာ ပါဝင်ခဲ့တဲ့ ကိုဖိုးဇော်က ဗိုလ်ချုပ်အောင်ဆန်း နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံနဲ့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိုယ်ရံတော်အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ကိုသီဟ ရဲ့ ပြောဆိုချက်တွေကို နားဆင်ရမှာပါ။

 

 

 

 

 

ခေတ်ပြိုင် မှတ်တမ်းရုပ်ရှင်နဲ့ လူငယ်။
အသံဖိုင်ယူရန်


လူငယ် ဟစ်ပ်ဟော့အဆိုတော်ရဲ့ အမြင်

လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်ဖို့လိုတယ် ဆိုတဲ့ နာမည်ကျော် ဟစ်ပ်ဟော့အဆိုတော် ‘ရသ’ အကြောင်း တင်ဆက်ထားပါတယ်။

နိုင်ငံ့အရေးဆိုတာ ပြည်သူအားလုံးနဲ့ သက်ဆိုင်တယ်၊ ကိုယ်တိုင်လည်း ပါတီနိုင်ငံရေးထဲ ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ လေ့လာသင်ယူနေတယ် ဆိုတဲ့ အဆိုတော် ‘ရသ’ က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လေးစားကြည်ညိုတယ်လို့ ဆိုပါတယ်။ အဆိုတော် ‘ရသ’ ရဲ့ ဟစ်ပ်ဟော့ဂီတအပေါ် ခံယူချက်တွေ၊ နိုင်ငံရေး၊ ပညာရေးအမြင်တွေကို စုစည်းတင်ပြထားပါတယ်။

 

 

 

 

 

လူငယ် ဟစ်ပ်ဟော့အဆိုတော်ရဲ့ အမြင်။
အသံဖိုင်ယူရန်


ဧရာဝတီကို ကယ်တင်ကြစို့
မြန်မာနိုင်ငံရဲ့ အဓိက ရေကြောင်းလမ်းမကြီးဖြစ်တဲ့ ဧရာဝတီမြစ်ကို ဝိုင်းဝန်း ထိန်းသိမ်းဖို့ လူငယ်တွေ ပါဝင်လှုပ်ရှားလာကြတဲ့အကြောင်း တင်ဆက်ထားပါတယ်။ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ရက်အဖွဲ့က ကချင်တိုင်းရင်းသူ အာနန်၊ “Save the Irrawaddy ဧရာဝတီကို ကယ်တင်ကြစို့” လှုပ်ရှားမှုမှာ ဦးဆောင်နေသူ ကိုသိန်းမောင်၊ ဧရာဝတီမြစ်ရေ တိမ်ကောစ ပြုနေတာကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေသူ လူငယ် ဓာတ်ပုံဆရာတဦးတို့က ပါဝင် ပြောဆိုထားပါတယ်။

 

 

 

ဧရာဝတီကို ကယ်တင်ကြစို့။
အသံဖိုင်ယူရန်


ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး

အရေးတော်ပုံမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြတဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုသက်ထွန်း၊ ကိုဖြိုးမင်းသိန်းနဲ့ မခင်မိုးအေးတို့ရဲ့ ကျောင်းသား လူငယ် ဘ၀ ဖြတ်သန်းခဲ့တဲ့ ပုံရိပ်တွေနဲ့ သုံးသပ်ချက်တွေကို နားဆင်ရမှာပါ။


 

 

 

 

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး
အသံဖိုင်ယူရန်


လူငယ်နဲ့ အကြမ်းမဖက် လှုပ်ရှားမှု

ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ အကြမ်းမဖက် လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာနဲ့ မြန်မာလူငယ်တွေရဲ့ အခန်းကဏ္ဍကို ဒီတပတ် တင်ပြထားပါတယ်။

 

 

 

 

လူငယ်နဲ့ အကြမ်းမဖက် လှုပ်ရှားမှု။
အသံဖိုင်ယူရန်


တိုင်းပြည်အနာဂတ်နဲ့ လူငယ့်အခန်းကဏ္ဍ

လူငယ်တွေရဲ့ အရည်အချင်းဟာ တိုင်းပြည်အနာဂတ် တည်ဆောက်ရေးမှာ ဘယ်လောက် အရေးပါသလဲ ဆိုတာနဲ့ ပတ်သက်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ပြောဆိုချက်အပေါ် လူငယ်တွေရဲ့ အမြင်တွေကို ဒီတပတ် စုစည်း တင်ပြထားပါတယ်။

 

 

 

 

တိုင်းပြည်အနာဂတ်နဲ့ လူငယ့်အခန်းကဏ္ဍ။
အသံဖိုင်ယူရန်


ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ လူငယ့်အမြင်

၂ဝ၁၁ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက်မွေးနေ့ ဂုဏ်ပြုပွဲတွေကို ကမ္ဘာအနှံ့အပြားမှာ ကျင်းပနေကြပါတယ်။ ထူးခြားချက်ကတော့ ၁၅ နှစ်နီးပါး နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီးနောက် လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင် ဆင်နွှဲနိုင်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် လေးစားချစ်ခင်ကြတယ်၊ ဘယ် အချက်တွေကို လေးစား အတုယူမိကြတယ်ဆိုတဲ့ အမေရိကန်ရောက် မြန်မာအမျိုးသမီးတချို့ရဲ့ အမြင်တွေကို စုစည်း တင်ပြထားပါတယ်။

 

 

 

 

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့ လူငယ့်အမြင်။
အသံဖိုင်ယူရန်


ရှင်သန်နေဆဲ ပုံရိပ်များ (၃)

ဒီတပတ်မှာ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီး ဖြစ်ပွားပြီးနောက် ရှစ်တန်း ကျောင်းသားဘဝ၊ အသက် ၁၆ နှစ်အရွယ်မှာ တောခိုခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး အဖွဲ့ဝင် ကိုဇော်လင်းဦးရဲ့ အတွေ့အကြုံတွေကို တင်ဆက်ထားပါတယ်။

၁၉၉၂ ခုနှစ် နာမည်ကြီး မာနယ်ပလော တိုက်ပွဲမှာ သေကံမရောက် သက်မပျောက်ခဲ့ပေမယ့် ဒုက္ခိတဘဝ ရောက်ခဲ့သူတဦးရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ခံယူချက်၊ တိုက်ပွဲဝင် လှုပ်ရှားမှုတွေအကြောင်း နားဆင်ရမှာပါ။

 

 

 

 

 

ရှင်သန်နေဆဲ ပုံရိပ်များ (၃)။
အသံဖိုင်ယူရန်


ရှင်သန်နေဆဲ ပုံရိပ်များ (၂)
ဒီတပတ်မှာ နိုင်ငံရေးဖိနှိပ်မှုတွေ၊ အပြောင်းအလဲ လိုလားတဲ့ လူငယ် တွေရဲ့ ခံစားချက်တွေကို ဂီတနဲ့ ဖော်ထုတ်သွားမယ့် နာမည်ကျော် လူငယ်ဟစ်ပ်ဟော့ အဆိုတော် တယောက်အကြောင်း နားဆင်ရမှာပါ။
၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးအပြီး ပေါ်ပေါက်လာတဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး Generation Wave ကို စတင် တည်ထောင်ခဲ့ တဲ့ ဇေယျာသော် ဖြစ်ပါတယ်။

 

 

 

ရှင်သန်နေဆဲ ပုံရိပ်များ (၂)။
အသံဖိုင်ယူရန်


ရှင်သန်နေဆဲ ပုံရိပ်များ (၁)

တချိန်က ခေတ်လူငယ်တွေ မြန်မာ့ ဒီမိုကရေစီရေးအတွက် ဘယ်လို တိုက်ပွဲဝင် ဖြတ်သန်းခဲ့ကြပါသလဲ၊ သူတို့ကိုယ်တိုင် ပြောပြတာတွေကို ရှင်သန်နေဆဲ ပုံရိပ်များအဖြစ်နဲ့ တင်ပြသွားမှာပါ။

ဒီတပတ်မှာ- ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပြီး ပြီးချင်း၊ အထက်တန်းကျောင်းသူဘဝ အသက် ၁၅ နှစ်အရွယ်မှာ လက်နက်ကိုင် တောခိုခဲ့တဲ့ မမင်းမင်းထွေးငယ် အကြောင်း နားဆင်ရမှာပါ။

 

 

 

 

 

ရှင်သန်နေဆဲ ပုံရိပ်များ (၁)။
အသံဖိုင်ယူရန်


နိုင်ငံတိုးတက်ရေးနဲ့ လူမှန် နေရာမှန်

မြန်မာနိုင်ငံတော်ကြီး တိုးတက်လာဖို့ ကဏ္ဍအသီးသီးမှာ စနစ်တကျဆောင်ရွက်သွားမယ် လို့ သမ္မတဦးသိန်းစိန် အစိုးရက ပြောထားပါတယ်။ ဒီလို စနစ်တကျ တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံတွင်းမှာ ကျွမ်းကျင်သူ ပညာရှင်တွေ လူမှန် နေရာမှန် ရှိပါရဲ့လား၊ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်သူတွေ ရှိလာအောင် ဘယ်လို မွေးထုတ်သင့်ပါသလဲ။ စစ်ရေး၊ နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ်မှာ ဆောင်ရွက်နေတဲ့ လူငယ်တချို့ရဲ့ အမြင်တွေကို စုစည်း တင်ပြထားပါတယ်။

 

 

 

 

နိုင်ငံတိုးတက်ရေးနဲ့ လူမှန် နေရာမှန်။
အသံဖိုင်ယူရန်


ခေတ်လူငယ်နဲ့ ခေတ်သင်္ကြန်
အစိုးရအဆက်ဆက် ပြောင်းလဲပြီးနောက်ပိုင်း သင်္ကြန် ရေသဘင်ပွဲတော် ကာလအတွင်း လူငယ်တွေ နွှဲပျော်နိုင်ကြသလား ဆိုတာကို ဒီတပတ် စုစည်းတင်ပြထားပါတယ်။

 

 

 

ခေတ်လူငယ်နဲ့ ခေတ်သင်္ကြန်။
အသံဖိုင်ယူရန်


သဘာဝဘေးအန္တရာယ်နဲ့ လူငယ့်အမြင်

သဘာဝ ဘေးအန္တရာယ် အကြီးအကျယ် ခံလိုက်ရတဲ့ ဂျပန်နိုင်ငံမှာ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာတွေ ဘယ်လို သင်ခန်းစာ ယူသင့်ပါသလဲ၊ ဂျပန်ရောက် မြန်မာလူငယ်တွေရဲ့ အမြင် သဘောထားတွေကို စုစည်း တင်ပြထားပါတယ်။

 

 

 

 

သဘာဝဘေးအန္တရာယ်နဲ့ လူငယ့်အမြင်။
အသံဖိုင်ယူရန်


ကျောင်းသားလှုပ်ရှားမှုနဲ့ နည်းပညာ

မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ၂၃ နှစ်မြောက် ဖုန်းမော် နှစ်ပတ်လည်နေ့ (မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့) ရဲ့ ထူးခြားချက်နဲ့ ကျောင်းသား လှုပ်ရှားမှု အဆက်ဆက်အပေါ် နည်းပညာ တိုးတက်မှုက ဘယ်လို ရိုက်ခတ်လာခဲ့သလဲ ဆိုတာကို စုစည်း တင်ပြထားပါတယ်။

 

 

 

 

ကျောင်းသားလှုပ်ရှားမှုနဲ့ နည်းပညာ။
အသံဖိုင်ယူရန်


အာရပ်ကမ္ဘာက လူထုလှုပ်ရှားမှုများ

ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်းကို အပြောင်းအလဲ ဖြစ်လာစေတဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေက လူထု လှုပ်ရှားမှုတွေကို ပြည်ပရောက် မြန်မာလူငယ်တွေလည်း မျက်ခြေမပြတ် စောင့်ကြည့်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် လစ်ဗျားနိုင်ငံမှာ အာဏာရှင် ဂဒါဖီ က ရက်ရက်စက်စက် ဖိနှိပ်ပေမယ့် လူထုဘက်ကလည်း နောက်မဆုတ်ဘဲ ဂဒါဖီ မပြုတ်မချင်း တိုက်ပွဲဝင် လှုပ်ရှားနေကြပုံတွေနဲ့ ကမ္ဘာ့ အသိုင်းအဝိုင်းရဲ့ တုန့်ပြန်သံတွေကို တင်ပြထားပါတယ်။


 

 

 

 

အာရပ်ကမ္ဘာက လူထုလှုပ်ရှားမှုများ။
အသံဖိုင်ယူရန်


ပညာရေးစနစ်နှစ်ခုနဲ့ မြန်မာလူငယ်အမြင်

အာရှနိုင်ငံအများစုက ပညာရေးမှာ Rote learning အလွတ်ကျက် စနစ်ကို အခြေခံပြီး အနောက်နိုင်ငံတွေမှာတော့ Critical thinking တွေးခေါ်သုံးသပ်တဲ့ စနစ်ကို အဓိကထားပြီး ကျင့်သုံးကြပါတယ်။ ဒီစနစ်နှစ်ခုရဲ့ ကွာခြားချက်နဲ့ ပတ်သက်လို့ ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ မြန်မာ ကျောင်းသူကျောင်းသားတချို့ရဲ့ အတွေ့အကြုံနဲ့ အမြင်တွေကို စုစည်းတင်ပြထားပါတယ်။

 

 

 

 

ပညာရေးစနစ်နှစ်ခုနဲ့ မြန်မာလူငယ်အမြင်။
အသံဖိုင်ယူရန်


ပြည်ထောင်စုနေ့နဲ့ ပင်လုံစိတ်ဓာတ်

မြန်မာ့ လွတ်လပ်ရေးသမိုင်းမှာ အရေးပါတဲ့ ပြည်ထောင်စုနေ့နဲ့ ပင်လုံစိတ်ဓာတ် အနှစ်သာရတွေအပေါ် ကချင်နဲ့ ပလောင် တိုင်းရင်းသားလူငယ် နှစ်ဦးရဲ့ တုန့်ပြန်သံတွေ၊ အနာဂတ်၂၁ ရာစု ပင်လုံညီလာခံကို ဘယ်လို ခံယူမျှော်လင့်သလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

 

 

 

 

ပြည်ထောင်စုနေ့နဲ့ ပင်လုံစိတ်ဓာတ်။
အသံဖိုင်ယူရန်


အီဂျစ်လူထုအုံကြွမှုနဲ့ လူငယ့်အမြင်

အီဂျစ်နိုင်ငံက လူထုအုံကြွမှုကို မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ နှိုင်းယှဉ်ပြီး မြန်မာလူငယ်တွေ ဘယ်လို လေ့လာခဲ့ကြသလဲဆိုတာကို တင်ပြထားပါတယ်။

 

 

 

 

အီဂျစ်လူထုအုံကြွမှုနဲ့ လူငယ့်အမြင်။
အသံဖိုင်ယူရန်


FaceBook ပိုင်ရှင် လူငယ်အကြောင်း

မြန်မာလူငယ်တွေ အပါအဝင် ကမ္ဘာတလွှားမှာ အင်တာနက် အသုံးပြုနေသူတွေ နှစ်သက် သုံးစွဲနေကြတဲ့ FaceBook လူမှုဆက်ဆံရေး ကွန်ယက်ကို စတင် တည်ထောင်သူ အသက် ၂၆ အရွယ် Mark Zukerberg အကြောင်း ဒီတပတ် တင်ပြထားပါတယ်။

 

 

 

 

FaceBook ပိုင်ရှင် လူငယ်အကြောင်း။
အသံဖိုင်ယူရန်


စစ်မှုထမ်းဥပဒေနဲ့ မြန်မာလူငယ်များ

အသက် ၁၈ နှစ် ပြည့်ပြီးတဲ့ အမျိုးသမီး၊ အမျိုးသားတွေ စစ်မှု မထမ်းမနေရ ဥပဒေ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းတာဟာ တကယ်ပဲ လိုအပ်ပါသလား၊ အကျိုးရလဒ်တွေ ဘယ်လို ဖြစ်လာမလဲ ဆိုတာနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ တုန့်ပြန်သံတွေကို စုစည်း တင်ပြထားပါတယ်။

 

 

 

 

စစ်မှုထမ်းဥပဒေနဲ့ မြန်မာလူငယ်များ။
အသံဖိုင်ယူရန်


လူမှုသတင်းကွန်ယက်နဲ့ မြန်မာလူငယ်

သတင်း အဖွဲ့အစည်းတွေအတွက် လူမှု သတင်းကွန်ယက်တွေဖြစ်တဲ့ Facebook နဲ့ Twitter တွေကတဆင့် သတင်း အချက်အလက်တွေ အလျင်အမြန် ရလာတာဟာ မကြုံစဖူး ဖြစ်လာတယ်လို့ နိုင်ငံတကာ သတင်းလောက က ဆိုပါတယ်။ လူမှု သတင်းကွန်ယက်တွေက တင်ပြနေတဲ့ သတင်းတွေအပေါ် မြန်မာလူငယ်တွေရဲ့ သဘောထား အမြင်တွေကို စုစည်း တင်ပြထားပါတယ်။

 

 

 

 

လူမှုသတင်းကွန်ယက်နဲ့ မြန်မာလူငယ်။
အသံဖိုင်ယူရန်


လူငယ်နဲ့ နှစ်သစ်ကူး သုံးသပ်ချက်

၂ဝ၁ဝ ပြည့်နှစ် ကုန်လို့ ၂ဝ၁၁ ခုနှစ် ရောက်ရှိလာချိန်မှာ မြန်မာလူငယ်တွေ အနေနဲ့ ပြီးခဲ့တဲ့နှစ်ဟာ ဘယ်လို အဓိပ္ပါယ် ရှိခဲ့သလဲ၊ ဘယ်လို အရေးပါခဲ့သလဲ၊ ဘာတွေ အကောင်းဆုံး လုပ်နိုင်ခဲ့ကြသလဲ ဆိုတာကို စုစည်း တင်ပြထားပါတယ်။

 

 

 

 

လူငယ်နဲ့ နှစ်သစ်ကူး သုံးသပ်ချက်။
အသံဖိုင်ယူရန်


ကမ္ဘာ့ပွဲတော်များနဲ့ မြန်မာလူငယ်

ဒီဇင်ဘာလမှာ ကျရောက်တဲ့ ခရစ္စမတ်နဲ့ ကမ္ဘာ့ နှစ်သစ်ကူးကာလ ပွဲတော်တွေမှာ ပြည်ပရောက် မြန်မာလူငယ်တွေ ပါဝင်ဆင်နွှဲကြတာကို စုစည်း တင်ပြထားပါတယ်။

 

 

 

 

ကမ္ဘာ့ပွဲတော်များနဲ့ မြန်မာလူငယ်။
အသံဖိုင်ယူရန်


လူသားချင်း စာနာကူညီမှု

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကူညီ စောင့်ရှောက်နေတဲ့ HIV/AIDS ဝေဒနာရှင်တွေရဲ့ဂေဟာကို မြန်မာ အနုပညာရှင်တချို့ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေမှာ အနုပညာရှင်တွေရဲ့ ပါဝင်ဆောင်ရွက်မှု အခန်းကဏ္ဍနဲ့ ပတ်သက်လို့ လူငယ်တွေရဲ့ သဘောထားအမြင်တွေကို စုစည်း တင်ပြထားပါတယ်။

 

 

 

 

လူသားချင်း စာနာကူညီမှု။
အသံဖိုင်ယူရန်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ

နိုဝင်ဘာလ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့ ဒီမိုကရေစီရေး ဦးဆောင်မှု အခန်းကဏ္ဍအပေါ် လူငယ်တွေရဲ့ အမြင်တွေကို ဒီတပတ် စုစည်းတင်ပြထားပါတယ်။

 

 

 

 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍ။
အသံဖိုင်ယူရန်


ရွေးကောက်ပွဲမှာ မဲပေးရေး၊ မပေးရေး
ဒီတပတ်အတွက် နိုဝင်ဘာလ ၇ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးရေး၊ မပေးရေးနဲ့ပတ်သက်လို့ လူငယ်တွေရဲ့အမြင်တွေကို စုစည်းတင်ပြထားပါတယ်။

 

 

 

ရွေးကောက်ပွဲမှာ မဲပေးရေး၊ မပေးရေး
အသံဖိုင်ယူရန်


ရွေးကောက်ပွဲနဲ့ လူငယ်အတွေ့အကြုံ (၃)

စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တခြားနိုင်ငံတွေက ရွေးကောက်ပွဲနဲ့ ဘာတွေ ကွာခြားမှု ရှိသလဲဆိုတာကို ပြည်ပရောက် မြန်မာလူငယ်တွေရဲ့ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး တင်ပြနေပါတယ်။ ဒီတပတ်မှာ တပါတီ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် ကူးပြောင်းခဲ့တဲ့ အင်ဒိုးနီးရှားနိုင်ငံက ရွေးကောက်ပွဲတွေ အကြောင်း နားဆင်ရမှာပါ။

 

 

 

 

ရွေးကောက်ပွဲနဲ့ လူငယ်အတွေ့အကြုံ (၃)။
အသံဖိုင်ယူရန်။


ရွေးကောက်ပွဲနဲ့ လူငယ်အတွေ့အကြုံ (၂)

စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တခြားနိုင်ငံတွေက ရွေးကောက်ပွဲနဲ့ ဘာတွေ ကွာခြားမှု ရှိသလဲဆိုတာကို ပြည်ပရောက် မြန်မာလူငယ်တွေရဲ့ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး တင်ပြနေပါတယ်။ ဒီတပတ်မှာ အမေရိကန်ပြည်ထောင်စုက ရွေးကောက်ပွဲတွေအကြောင်း နားဆင်ရမှာပါ။

 

 

 

 

ရွေးကောက်ပွဲနဲ့ လူငယ်အတွေ့အကြုံ (၂)။
အသံဖိုင်ယူရန်။


ရွေးကောက်ပွဲနဲ့ လူငယ်အတွေ့အကြုံ (၁)

စစ်အစိုးရက လာမယ့် နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တခြားနိုင်ငံတွေက ရွေးကောက်ပွဲတွေနဲ့ ဘာတွေ ကွာခြားမှု ရှိသလဲဆိုတာ နိုင်ငံခြားရောက်နေတဲ့ မြန်မာလူငယ်တွေရဲ့ အတွေ့အကြုံ၊ ပြောဆိုချက်တွေနဲ့ နှိုင်းယှဉ်ပြီး တင်ပြသွားမှာပါ။ ဒီတပတ်မှာ ဗြိတိန်နိုင်ငံက ရွေးကောက်ပွဲအကြောင်း နားဆင်ရမှာပါ။

 

 

 

 

ရွေးကောက်ပွဲနဲ့ လူငယ်အတွေ့အကြုံ (၁)။
အသံဖိုင်ယူရန်။


ရွေးကောက်ပွဲနဲ့ လူငယ်

နိုဝင်ဘာလ (၇) ရက်နေ့မှာ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် မဲပေးနိုင်ခွင့် သတ်မှတ်ထားတဲ့ ၁၈ နှစ်ပြည့် မြန်မာလူငယ်တွေ ဘယ်လို သဘောထားရှိသလဲ ဆိုတာကို စုစည်း တင်ပြထားပါတယ်။

 

 

 

 

ရွေးကောက်ပွဲနဲ့ လူငယ်။
အသံဖိုင်ယူရန်။


ရုပ်ရှင်၊ ဗီဒီယို အဆင့်အတန်း

ဒီတပတ်မှာတော့ မြန်မာ ရုပ်ရှင်၊ ဗီဒီယိုတွေရဲ့ အဆင့်အတန်းတွေနဲ့ ပတ်သက်လို့ လူငယ်တွေရဲ့ အမြင်သဘောထားတွေကို တင်ပြမှာပါ။

 

 

 

 

ရုပ်ရှင်၊ ဗီဒီယို အဆင့်အတန်း။
အသံဖိုင်ယူရန်။
ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

အမှန်တရားဘက် ၊ နိုင်ငံနဲ့လူမျိုးအတွက် ရပ်တည်ပေးတဲ့ ဘယ်သူ ၊ ဘယ်အရာပဲဖြစ်ဖြစ်......လေးစားမိတယ်.။

Mar 24, 2012 07:42 AM