စိတ်ယဉ်ကျေးမှုမှတ်စုများ

ဒီအစီအစဉ်မှာ RFA ပြင်ပဆောင်းပါးရှင် ကိုညိုက သူ့ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု နယ်ပယ်တွေက အကြောင်းအရာတွေကို သက်ဆိုင်သူတွေနဲ့ မေးမြန်းပြီး အပတ်စဉ် တနင်္လာနေ့ ညနေပိုင်းတွေမှာ တင်ဆက်နေပါတယ်။
2011-03-11
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်မပေးသေးတာဟာ အာဏာပိုင်တွေနဲ့ ပြည်သူတွေအကြား ယုံကြည်မှု ပျက်ပြားနေအုံးမဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ ဆောင်းပါးရှင်က တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


ကျင့်ဝတ် မစောင့်ထိန်းတဲ့ တရုတ် စီးပွားရေးသမား တွေကြောင့် မြန်မာ ပြည်သူတွေ ထိခိုက် နစ်နာရပုံတွေကိုတင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


ဆောင်းပါးရှင်က သူကိုယ်တိုင် တရုတ်မြန်မာနယ်စပ်ဘက် ရောက်ခဲ့စဉ်က တရားမ၀င်ကုန်သွယ်ရောင်းဝယ်မှု မြင်ကွင်းတချို့ကို တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


နိုင်ငံကွဲပြားပေမဲ့ အာဏာရှင်တွေရဲ့ စိတ်နေစရိုက်နဲ့ ပြည်သူတွေ အပေါ် ထားရှိတဲ့သဘောထားတွေ တူညီတတ်သလို၊ သူတို့ရဲ့ဘ၀ဇတ်သိမ်းဟာ မလှပတတ်တာကို လစ်ဗျားနိုင်ငံက အာဏာရှင်ဂဒါဖီရဲ့ နောက်ဆုံးအခြေအနေနဲ့ ဥပမာပေး တင်ပြထားတာပါ။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


ဒုက္ခသည်စခန်းက အတွေ့အကြုံ

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


အင်္ဂါနေ့ ဆိုရင် ၈၈ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ စိတ်နေစရိုက်ကို သူနဲ့အတူ နေဘူးခဲ့တဲ့ မိတ်ဆွေတွေရဲ့ အကဲဖြတ်မှုတွေနဲ့ အတူ၊ဆောင်းပါးရှင်က တင်ပြထားတာပါ။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


တချိန်က မြန်မာ့ဒီမိုကရေစီရေး အတွက် အားတက်သရော ရှိခဲ့တဲ့ အိန္ဒိယ အစိုးရဟာ မြန်မာ စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ အရှေ့မျှော်မူဝါဒကို ကျင့်သုံးလာရတဲ့ အကြောင်းတရား တွေကို ၈၈ ကာလ သမိုင်း နောက်ခံတွေနဲ့ အတူ တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


အကျဉ်းစခန်းနဲ့တူတဲ့ ကျောင်းသားဒုက္ခသည် စခန်း နဲ့ အိန္ဒိက မြန်မာနိုင်ငံပေါ်ထားတဲ့ သဘောထားကို တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်



၁၉၈၈ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒုတိယမြောက် မြန်မာ့လွတ်လပ်ရေး အတွက် အိန္ဒိယနိုင်ငံ အကူအညီ ရဖို့ အိန္ဒိယ နယ်စပ်ဘက် တောခိုခဲ့ကြသူ မြန်မာ ကျောင်းသား လူငယ်တွေ လက်တွေ့မှာတော့ အိန္ဒိယအစိုးက ဒုက္ခသည်အဖြစ်သာ သတ်မှတ်ခံရပုံကို ဆောင်းပါးရှင်က သူ့ရဲ့အတွေ့အကြုံတွေနဲ့ တကွ တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုအပြီး တကကြွလှုပ်ရှားခဲ့တဲ့ လူငယ်ကျောင်းသားတွေ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတချို့ကို တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ သဘာဝ ၀န်းကျင်ထိမ်းသိမ်းရေးမှာ နော်ဝေနိုင်ငံက အခြေအနေတွေကို မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ် တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း တခုဖြစ်တဲ့ အုန်းဖြန် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေရဲ့ အခြေအနေကို တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


မြန်မာပြည်နဲ့ကပ်ရက် ထိုင်းနိုင်ငံ မဲဆောက်မြို့က အမှိုက်ပုံကြီးတွေမှာ နေထိုင်ကျက်စားနေရတဲ့ မြန်မာကလေးတွေအကြောင်းကို ဒီတပတ်မှာ တင်ပြထားပါတယ်။ မဲဆောက်အမှိုက်ပုံက မြန်မာကလေးသူငယ်တွေကို အ၀တ်အစားနဲ့ စားစရာတချို့သွားရောက်ပေးလှူခဲ့တဲ့ ဂျပန်နိုင်ငံက ဒေါ်သန်းသန်းအေးနဲ့ ဆက်သွယ်တင်ပြထားတာပါ။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ နှစ်စဉ်မွေးထုတ်ပေးနေသလို ကိုယ်တိုင်လည်း ငြိမ်းချမ်းလှပတဲ့ နိုင်ငံလေးဖြစ်ပေမဲ့ တနိုင်ငံလုံး တုန်လှုပ် ခြောက်ခြားသွားစေတဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြီးတခု လွန်ခဲ့တဲ့လ ဒီလိုအချိန် အော်စလိုမြို့တော်မှာ ဖြစ်ပွါးခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ နော်ဝေးပြည်သူတွေ အကြမ်းဖက် လုပ်ရပ်တွေကို ဘယ်လို စိတ်နှလုံးသား၊ ဘယ်လိုစွမ်းအားတွေနဲ့ တုန့်ပြန်ကြသလဲဆိုတာကို ဆောင်းပါးရှင်က တင်ပြထားတာပါ။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


မြန်မာနိုင်ငံမှာ တိုင်းရင်းသား စာပေတွေ လွတ်လွတ်လပ်လပ် သင်ကြားခွင့် မရှိတဲ့ အပေါ် ဆောင်းပါးရှင်က ဆက်သွယ်တင်ပြနေတာပါ။ အခုတပတ် မှာတော့ မြန်မာနိုင်ငံ အနောက်ဘက် ဒေသ တောင်ပေါ် တိုင်းရင်းသား ချင်းလူမျိုးတွေ မိမိတို့ စာပေကို သင်ကြားဖို့ အခွင့်အရေး နည်းပါးလို့ ချင်းလူငယ် မျိုးဆက်တွေ စာမတတ်သူ များပြားတဲ့ အကြောင်း တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


၁၉၈၈ မြန်မာပြည် ဒီမိုကရေစီ အရေးတော်ပုံကာလ အနုပညာရှင်တွေ တတပ်တအား ပါဝင်ခဲ့ကြပုံနဲ့ ၁၉၈၈ ခုနှစ်က အရေးတော်ပုံ သီချင်းတွေဟာ အဲဒီ ကာလ သမိုင်းတွေကို ဖော်ပြနေတဲ့ အကြောင်း ဆောင်းပါးရှင်က တင်ပြထားတာပါ။ ခေတ်ပေါ်ပန်းချီဆရာ ထိန်လင်းနဲ့ လူငယ်ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်တို့ကို မေးမြန်းဆွေးနွေး ထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ
အသံဖိုင်ယူရန်


မြန်မာပြည်မှာ တိုင်းရင်းသားညီနောင်တွေ၊ မိမိတို့ ဘာသာစာပေ နဲ့ ယဉ်ကျေးမှုကို လွတ်လွတ်လပ်လပ် သင်ကြား၊ ဖော်ထုတ်ခွင့် မရတဲ့အပေါ် ကရင် တိုင်းရင်းသား တွေရဲ့ အမြင်ကို တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၄၀)
အသံဖိုင်ယူရန်


ဦးခင်အောင် (ဗိုလ်ချုပ်ကို ဘယ်သူသတ်သလဲ စာအုပ်ရေးသားသူ) ရဲ့ ၆၄ နှစ်မြောက် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကာလနဲ့ ဒီကနေ့ အာဏာရှင် စနစ်အောက်က အခြေအနေ သုံးသပ် ပြောကြားချက်တွေနဲ့ အတူ တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၃၉)
အသံဖိုင်ယူရန်


၁၉၆၂ ခုနှစ် 7 July ကျောင်းသား လှုပ်ရှားမှုက အစပြုလို့ အာဏာရှင် စနစ်အောက်မှာ နိုင်ငံရေး ယုံကြည်ချက်ရှိ သူတွေရဲ့ မိသားစု ဘ၀တွေ တကွဲတပြား ဖြစ်နေရပုံတွေကို ကွယ်လွန်သွားပြီ ဖြစ်တဲ့ 7 July ကျောင်းသူဟောင်း ဒေါ်ခင်မာအေး ရဲ့ ပြောကြားချက်တွေနဲ့အတူ တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၃၈)
အသံဖိုင်ယူရန်


အိန္ဒိယနိုင်ငံ စစ်ထောက်လှမ်းရေး အဖွဲ့ရဲ့လှည့်ဖြား ဖမ်းဆီးခံရတဲ့ မြန်မာတိုင်းရင်းသား သူပုန်တွေ အကြောင်း နိဂုံးချူပ်ကို ဆက်လက်တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၃၇)
အသံဖိုင်ယူရန်


အကျဉ်းသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေ မပေးခဲ့သလို ကပ္ပလီကျွန်းမှာ ၈-နှစ်ကျော်လောက် ဥပဒေအရ တရားမစီရင်ပဲ ချုပ်နှောင်ခံခဲ့ရတဲ့ မြန်မာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နောက်ကွယ်က အိန္ဒိယနိုင်ငံ ဗဟိုထောက်လှမ်းရေး အဖွဲ့ရဲ့မသမာမှုတွေကို တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၃၆)
အသံဖိုင်ယူရန်


ကရင်နဲ့ရခိုင် တိုင်းရင်းသား လက်နက်ကိုင်သူပုန်တွေကို ကပ္ပလီကျွန်းမှာ အခြေစိုက် စခန်းတခု ပေးမယ်လို့ လိမ်လည် လှည့်ဖျားပြီး နောက်ပိုင်းမှာလက်နက် မှောင်ခိုတွေလို့ စွပ်စွဲပြီး လုပ်ကြံခဲ့တာတွေကို တတိယပိုင်းအဖြစ် ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၃၅)
အသံဖိုင်ယူရန်


လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က အိန္ဒိယ ရေတပ် နဲ့ ထောက်လှမ်းရေးတပ်တို့က မြန်မာ တိုင်းရင်းသား လက်နက်ကိုင် သူပုန်ခေါင်းဆောင်တွေကို လှည့်ဖျားပြီး ကပ္ပလီပင်လယ် လင့်န်ဖောလ် ကျွန်းမှာ လုပ်ကြံ သတ်ဖြတ်ခဲ့ပုံကို မျက်မြင် ပြောပြချက်တွေနဲ့အတူ ဆောင်းပါးရှင်က တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၃၄)
အသံဖိုင်ယူရန်


ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်လောက် အိန္ဒိယနိုင်ငံမှာ ၁၃ နှစ်ကြာ အကျဉ်းကျခဲ့တဲ့ တိုင်းရင်းသား သူပုန် ၃၀ ကျော်လောက် ထောင်က အပြီး လွတ်လာပါတယ်။ အိန္ဒိယမှာ မြန်မာသူပုန်တွေ အခုလို နှစ်ရှည် ထောင်ကျနေတာ ဘာကြောင့်လဲ၊ ဒီဖြစ်ပျက်မှုတွေ နောက်ကွယ်က လှို့ဝှက်သဲဖို ဇာတ်လမ်းဆန်ဆန် အိန္ဒိယ စစ်ထောက်လှမ်းရေးရဲ့လုပ်ဆောင်ချက်တွေနဲ့၊ အိန္ဒိယအစိုးရက မြန်မာ့ ဒီမိုကရေ စီအင်အားစုတွေ အပေါ်ထားတဲ့ သဘောထား တချို့ကို တင်ပြထားတာပါ။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၃၃)
အသံဖိုင်ယူရန်


အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးလည်းဖြစ် ဟစ်ဟော့ပ် ဂီတသမား တယောက်လည်းဖြစ်တဲ့ အဆိုတော် ဇေယျာသော် နဲ့ဆက်သွယ်ပြီး သူ့ရဲ့ နိုင်ငံရေးနဲ့အနုပညာ ခံယူချက်တွေကို ဆောင်းပါးရှင်က တင်ပြထားတာပါ။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၃၂)
အသံဖိုင်ယူရန်


ပြည်ပရောက်နေကြတဲ့ မြန်မာ နိုင်ငံသားတွေ မိခင်နိုင်ငံက မြန်မာ့ ယဉ်ကျေးမှုတွေကို တန်ဖိုးထားလာတတ်ပုံ၊ လွမ်းဆွတ် သတိရတတ်ကြပုံတွေကို ဆောင်းပါးရှင်က စုစည်းတင်ပြထားတာပါ။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၃၁)
အသံဖိုင်ယူရန်


ထိုင်းမြန်မာ နယ်စပ်ဒေသက မြန်မာ ဒုက္စသည် စခန်းတွေမှာ ရိုးရာယဉ်ကျေးမှု ပွဲတော်လေးတွေ ကျင်းပပြုလုပ်ကြပုံတွေကို စာရေးဆရာမ နှင်းပန်းအိမ် နဲ့ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၃၀)
အသံဖိုင်ယူရန်


အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတကာ အနုပညာ ဆွေးနွေးပွဲ တခုကို တက်ရောက်ခဲ့တဲ့ မြန်မာ ခေတ်ပေါ် အနုပညာသမား ပန်းချီဆရာ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထိန်လင်း အကြောင်းကို ဆက်သွယ် တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၂၉)
အသံဖိုင်ယူရန်


မြန်မာ့ခေတ်ပေါ်ဂီတ ပေါ်ဦးစ ကာလက မြန်မာလူငယ် တေးချစ်သူတွေ နှစ်ခြိုက် အားပေးမှု ခံယူရရှိခဲ့တဲ့ အဆိုတော် လားရှိုးသိန်းအောင်ခေါ် ဂျင်မီဂျက်နဲ့ ဆက်သွယ်တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၂၈)
အသံဖိုင်ယူရန်


မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးရဲ့ အခြေအနေတွေကို တင်ပြနေရာက ဒီတပတ်မှာတော့ ဆုတ်ယုတ်လာနေတဲ့ ဧရာဝတီကို ဘယ်လို ဝိုင်းဝန်း ကုစားကြမလဲ ဆိုတာကို တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၂၇)
အသံဖိုင်ယူရန်


အမိ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောကြီး ဖြစ်တဲ့ ဧရာဝတီမြစ်ကြီးရဲ့ အခြေအနေတွေကို အပိုင်းခွဲပြီး ဖော်ပြရာမှာ အခု ဒုတိယပိုင်းအဖြစ် လူတွေရဲ့ ပယောဂကြောင့် ဧရာဝတီမြစ်ရဲ့ ဆုတ်ယုတ်လာနေတဲ့ အခြေအနေတချို့ကို ဆောင်းပါးရှင်က တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၂၆)
အသံဖိုင်ယူရန်


မြန်မာနိုင်ငံရဲ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု မှာ အရေးပါသလို၊ အမိနိုင်ငံရဲ့ အသက်သွေးကြောကြီး ဖြစ်တဲ့ ဧရာဝတီမြစ်ကြီးရဲ့ အခြေအနေတွေကို အခုအပတ်မှာ တင်ပြထားပါတယ်။ နာတာရှည် လူမမာကြီးလို ဖြစ်လာနေတဲ့ ဧရာဝတီမြစ်ရဲ့ ထူးခြားတဲ့ ဖြစ်တည်မှုနဲ့ ဆုတ်ယုတ်လာနေတဲ့ အနေအထားတချို့ကို ဆောင်းပါးရှင် ကိုညိုက ပညာရှင်တွေနဲ့ ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၂၅)
အသံဖိုင်ယူရန်


လက်ရှိ တပ်မတော်ကို ပြည်ထောင်စု တပ်မတော်ကြီးအဖြစ် ပြုပြင်ပြောင်းလဲ လိုတာကြောင့် ကိုယ်တတ်နိုင်သလောက် အာဏာရှင်ရဲ့ လက်သည်းခွံလေး တခုတော့ ခွာနိုင်ခဲ့ပါတယ် လို့ပြောလိုက်တဲ့ မြန်မာ့တပ်မတော်က စက်မှုအင်ဂျင်နီယာ ဗိုလ်မှူး စိုင်းသိန်းဝင်းနဲ့ ဆွေးနွေး တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၂၄)
အသံဖိုင်ယူရန်


အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးသမားတွေ မိမိတို့ ဖန်တီးလိုက်တဲ့ အနုပညာတွေက မိမိတို့ အားမာန်ကို ဖြစ်ပွားစေသလို၊ အနုပညာစိတ်နဲ့ လွတ်မြောက်မှု ရှာဖွေကြပုံတွေကို တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၂၃)
အသံဖိုင်ယူရန်


အကျဉ်းထောင်ထဲက အနုပညာဖန်တီးမှု တွေကို ဆောင်းပါးရှင်က အခန်းဆက်တင်ပြနေရာက ခုအပတ်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင် ထဲမှာ ပန်းချီ ပန်းပုတွေ ရေးဆွဲ ဖန်တီးကြတာကို တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၂၂)
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်တွင်းဖြစ် တေးဂီတ အနုပညာ ဖန်တီးမှုတွေအကြောင်းတွေကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ဆက်သွယ်မေးမြန်းပြီး ဆောင်းပါးရှင်ကိုညိုက တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၂၁)
အသံဖိုင်ယူရန်


ယနေ့ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်းမှာ ဘာသာတရားရဲ့ အဆုံးအမလိုလို၊ ရိုးရာဓလေ့ ယဉ်ကျေးမှုလိုလို နဲ့ မိမိတို့ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းအတွင်းမှာ အကျိုးလည်းမရှိ၊ အဆီအငေါ်လည်း မတည့်တဲ့၊ အတွေးအခေါ် အယူအဆတွေ ရှိနေပါသေးတယ်။ မြန်မာနိုင်ငံအတွင်း ပရဟိတ လူမှုလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ မန္တလေးတိုင်းက ဆရာတော်တပါးနဲ့ ဆက်သွယ်ဆွေးနွေးထားတာ ဖြစ်ပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၂၀)
အသံဖိုင်ယူရန်


မကြာသေးခင်က ပြည်တွင်း၊ ပြည်ပက မြန်မာလူငယ် မျိုးဆက်တွေ စုစည်း ထုတ်ဝေလိုက်တဲ့ ‘ရာဇဝင်များရဲ့ ခွပ်ဒေါင်း’ ဆိုတဲ့ သီချင်းခွေလေးနဲ့ ပတ်သက်ပြီး သီဆိုရေးဖွဲ့သူ တချို့ရဲ့ခံစားချက်တွေနဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ စိတ်ကူးတွေ တင်ပြထားတာ ဖြစ်ပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၁၉)
အသံဖိုင်ယူရန်


မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို အာဏာပိုင်တွေက အသစ်ပြုလုပ် မွမ်းမံနေတာဟာ တိုင်းပြည်အတွက် ဆုံးရှုံးမှုကိုသာ ဖြစ်စေတဲ့အကြောင်း စစ်ကိုင်းတိုင်းရှိ ကောင်းမှုတော် ဘုရားကို ပြင်ဆင်နေကြပုံကို အပိုင်း ၂ ပိုင်း ခွဲပြီး တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၁၈) ပထမပိုင်း
အသံဖိုင်ယူရန်

 

စိတ်ယဉ်ကျေးမှု မှတ်စုများ (၁၇) ဒုတိယပိုင်း
အသံဖိုင်ယူရန်


ဒီတပတ် ထုတ်လွှင့်မဲ့ အပတ်စဉ်ဆောင်းပါး အစီအစဉ်မှာ လူ့အဖွဲ့အစည်း နယ်ပယ် အသီးသီးမှာဖြစ်စေ ၊လူတန်းစားအလွှာအသီးသီးမှာဖြစ်စေ၊ ကိုယ်စီကျင့်သုံးကြရတဲ့ ကျင့်ဝတ်တွေ ရှိပါတယ်၊၊ ကျင့်ဝတ်သီလ လုံခြုံမှုဟာ မိမိ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းအပေါ် အပြန်အလှန် အကျိုးပြုတတ်ပုံကို နော်ဝေးနိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား မုဆိုးတယောက်ရဲ့ မုဆိုးကျင့်ဝတ်တွေကို တွေ့ဆုံမေးမြန်းပြီး ဥပမာပေး တင်ပြထားပါတယ်။

စိတ်ယဉ်ကျေးမှု မှတ်စုများ (၁၆)
အသံဖိုင်ယူရန်



နှစ်ပေါင်း ၉ဝ ထဲ ဝင်ရောက်လာပြီဖြစ်တဲ့ မြန်မာ့ရုပ်ရှင်လောက ဖြစ်ပေါ်တိုးတက်မှု အခြေအနေနဲ့ ပတ်သက်လို့  ရုပ်ရှင်နယ်ပယ်က ပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ဒါရိုက်တာစံရွေမောင် ခေါ် ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်၊ မင်းသားလွင်မိုး၊ သရုပ်ဆောင်ကျော်သူ၊ ဒါရိုက်တာကြည်စိုးထွန်း တို့ရဲ့ ရှုမြင်မှုတွေနဲ့အတူ အပိုင်း (၂) ပိုင်းခွဲပြီး တင်ပြထားပါတယ်။

မြန်မာ့ရုပ်ရှင်လောက ဖြစ်ပေါ်တိုးတက်မှု (၁၅)
အသံဖိုင်ယူရန်

 

မြန်မာ့ရုပ်ရှင်လောက ဖြစ်ပေါ်တိုးတက်မှု (၁၄)။
အသံဖိုင်ယူရန်

 


(၂၁) ရာစု မြန်မာအမျိုးသမီးတွေထဲက ပြည်ပမှာ ပထမဆုံး ပန်းချီပြခန်းတခုကို ဦးဆောင်ဖွင့်လှစ်ပြီး မြန်မာပန်းချီဆရာတွေရဲ့ လက်ရာနဲ့ နိုင်ငံတကာ ပန်းချီဝါသနာရှင်တွေကို မိတ်ဆက်ပေးနေသလို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းကိုလည်း တကိုယ်တော် ဦးဆောင်နေတဲ့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့က သုဝဏ္ဏဘုမ္မိ ပန်းချီပြခန်းပိုင်ရှင် ဒေါ်မာမာ နဲ့ ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်မာမာနှင့် ဆွေးနွေးတင်ပြချက် (၁၃)။
အသံဖိုင်ယူရန်

 


၂ဝဝ၇ စက်တင်ဘာ လှုပ်ရှားမှုကို ဂုဏ်ပြုတဲ့အနေနဲ့  မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက -မျိုးဆက်လှိုင်း မြေအောက်တော်လှန်ရေး တေးသီချင်း- တွေကို ထုတ်ဝေခဲ့ပါတယ်။ အဖမ်းအဆီးတွေကို ရှောင်ရင်းတိမ်းရင်း ရေးစပ်သီဆို ထုတ်ဝေခဲ့ရတဲ့ သီချင်းတွေအကြောင်း သီဆို ထုတ်လုပ်သူတွေနဲ့  ဆောင်းပါးရှင် ကိုညိုက ဆွေးနွေးတင်ပြထားပါတယ်၊

မျိုးဆက်လှိုင်းသီချင်းများအကြောင်း (၁၂)
အသံဖိုင်ယူရန်

 


စစ်ခေါင်းဆောင်တွေရဲ့ မတရားမှုတွေကို လက်သံပြောင်ပြောင်နဲ့သရော်ပြီး ရေးဆွဲနိုင်စွမ်းရှိတဲ့ ပြည်ပရောက်ကာတွန်းဆရာ ကိုဟန်လေးနဲ့ ဆွေးနွေးတင်ပြချက်တွေကို တင်ပြထားပါတယ်။

ကာတွန်းကိုဟန်လေး၏ တင်ပြချက် - ၁ (၁၁)
အသံဖိုင်ယူရန်

 

ကာတွန်းကိုဟန်လေး၏ တင်ပြချက် - ၂ (၁၀)
အသံဖိုင်ယူရန်

 


၁၉၈၈ စက်တင်ဘာ စစ်အာဏာသိမ်းပြီးတဲ့နောက် အိန္ဒိယနယ်စပ်ဘက် ထွက်လာတဲ့မန္တလေးမြို့ က ထင်ရှားတဲ့ ပန်းချီဆရာ စစ်ငြိမ်းအေးရဲ့  ပန်းချီအနုပညာနဲ့ တိုက်ပွဲဝင် လှုပ်ရှားမှု အကြောင်းကို တင်ပြထားပါတယ်၊

ပန်းချီစစ်ငြိမ်းအေး၏ အနုပညာတိုက်ပွဲ - ၁ (၉)။
အသံဖိုင်ယူရန်

 

ပန်းချီစစ်ငြိမ်းအေး၏ အနုပညာတိုက်ပွဲ -၂ (၈)။
အသံဖိုင်ယူရန်/a>

 


၁၉၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အကျဉ်းထောင်တွင်း ကိုယ်တိုင် ရေးဆွဲခဲ့ ပန်းချီတွေနဲ့ ပတ်သက်လို့ အနုပညာရှင်ကိုယ်တိုင် ပြောဆိုထားချက်တွေနဲ့ တင်ပြထားပါတယ်၊

မင်းကိုနိုင်၏ ပန်းချီအနုပညာ(၇)
အသံဖိုင်ယူရန်

 


၁၉၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အကျဉ်းထောင်တွင်း ကိုယ်တိုင် စပ်ဆိုခဲ့တဲ့ သီချင်းတွေ၊ ကဗျာတွေနဲ့ ပတ်သက်လို့ ကဗျာရှင်ကိုယ်တိုင် ပြောဆိုထားချက်တွေနဲ့ တင်ပြထားပါတယ်၊

မင်းကိုနိုင်၏ ထောင်တွင်းကဗျာများ(၆)
အသံဖိုင်ယူရန်

 


၁၉၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အကျဉ်းထောင်တွင်း ကိုယ်တိုင် စပ်ဆိုခဲ့တဲ့ကဗျာတွေနဲ့ ပတ်သက်လို့ ကဗျာရှင်ကိုယ်တိုင် ပြောဆိုထားချက်တွေနဲ့ တင်ပြထားပါတယ်၊

မင်းကိုနိုင်၏ ထောင်တွင်းကဗျာများ(၅)
အသံဖိုင်ယူရန်

 


စစ်အစိုးရအကြီးအကဲတွေကို ပြည်သူတွေနဲ့ အမှုထမ်းတွေက လက်အုပ်ချီ ဂါရဝပြုရတဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်လို့ ဘာသာရေးရှုထောင့်နဲ့ နိုင်ငံရေးရှုထောင့်က အမြင်တချို့ကို ဆွေးနွေးတင်ပြထားပါတယ်။

လက်အုပ်ချီဂါရဝ(၄)
အသံဖိုင်ယူရန်

 


အကြောက်တရားနဲ့လွှမ်းမိုးထားတဲ့ စနစ်ကြောင့် နိုင်ငံသားအချင်းချင်း ယုံကြည်မှုတွေ ပျက်ပြားပြီး၊ မြန်မာ့လူ့အဖွဲ့အစည်းဟာ သံသယရဲ့ သားကောင်တွေ ဖြစ်နေကြရပုံကို တင်ပြထားတာ ဖြစ်ပါတယ်။

သံသယ၏ သားကောင်များ(၃)
အသံဖိုင်ယူရန်

 


မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ပေါ်ထွက်ခဲ့တဲ့ ပြင်ပကထုတ်တဲ့ အနုပညာ ထုတ်ကုန်တွေထဲမှာ ဆုအမြောက်အမြား ချီးမြှင့်ခံနေရတဲ့ Burma VJ ရုပ်ရှင်ကားအကြောင်း ဖြစ်ပါတယ်။

Burma VJ မှတ်တမ်းရုပ်ရှင်(၂)
အသံဖိုင်ယူရန်

 


Performance Art လို့ခေါ်တဲ့ သရုပ်ဖော်အနုပညာ နဲ့ပတ်သက်ပြီး ပန်းချီဆရာ ထိန်လင်းနဲ့ ဆွေးနွေးတင်ပြချက် ဖြစ်ပါတယ်။

သရုပ်ဖော်အနုပညာ (၁)
အသံဖိုင်ယူရန်