သောတရှင်ပေးစာပြန်စာ

2013-02-09
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဒီတပတ်မှာတော့ ကရင်ပြည်နယ် မြိုင်ကလေးက လူငယ်တယောက်ကို မူးယစ်ဆေးဝါး ၂ ပြားနဲ့ ဖမ်းမိတဲ့အတွက် ထောင်ဒဏ် ၁၇ နှစ်ချလိုက်လို့ တရားမျှတမှုလိုချင်တဲ့အကြောင်း၊ ဘားအံမြို့မှာပဲ အရွယ်မရောက်သေးတဲ့ကလေး ၄ ယောက် ခိုးမှုကျူးလွန်တဲ့ကိစ္စမှာ တရားစီရင်ရေးမမျှတတဲ့အကြောင်းနဲ့၊ မကွေးတိုင်းက ရပ်/ကျေးဥက္ကဌရွေးချယ်မှုမှာ ဥပဒေအတိုင်းမဆောင်ရွက်ဘဲ အရင်လူတွေပဲ ခန့်ဖို့ကြိုးစားနေတယ် ဆိုတဲ့အကြောင်းတွေ အပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေကို RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ရန်ကုန်တိုင်း သုံးခွမြို့နယ် အမှတ် (၁) ရပ်ကွက်မှာ ရပ်ကျေးဥက္ကဌရွေးချယ်ပွဲကို လက်သိပ်ထိုးလုပ်ဖို့ ပြင်နေတယ်ဆိုတဲ့အကြောင်း၊ သုံးခွမြို့နယ်က ရွာပေါင်း ၆၀ ကျော်မှာ စပါးရိတ်ချိန်မိုးကောင်းလို့ အချိန်မီ ဂိုဒေါင်မပို့နိုင်တဲ့အတွက် ဆုံးရှုံးရတော့မယ့်အကြောင်းတွေ အပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေကို RFA အဖွဲ့သား ကိုနေရိန်ကျော် က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ သစ်မှောင်ခိုကားတစီး ဖမ်းမိပေမယ့် ရဲက အရေးမယူနိုင်တဲ့အကြောင်း၊ ပြည်နဲ့အောင်လံကြားက အမှတ် (၇) ကာကွယ်ရေးပစ္စည်းစက်ရုံအတွက် သိမ်းထားတဲ့မြေထဲက ပိုနေတဲ့မြေကိစ္စ၊ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်က ရွာတချို့မှာ မြေစာရင်းဌာနက လာဘ်စားနေတဲ့ အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေကို RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ အမှတ် (၂၃၁) အစိုးရတပ်က ဒေသခံတွေကို နိုင်ထက်စီးနင်းပြုနေတဲ့အကြောင်း၊ တွံတေးမြို့နယ်မှာတော့ မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်လို့ မဆိုင်တဲ့သူတွေပါအမှုတွဲဖြစ်နေပြီး၊ သူတို့အာမခံရဖို့ ရဲကိုလာဘ်ငွေပေးနေရတဲ့အကြောင်းနဲ့ ဧရာဝတီတိုင်း အမာမြို့နယ်က ရေလုပ်ငန်းတွေမှာ လူတွေရောင်းစားခံနေရတဲ့ အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်အစီအစဉ်မှာ ပဲခူးရိုးမက သစ်တွေကို တရားမဝင်ခိုးထုတ်မှု၊ မကွေးတိုင်းက ကျေးရွာတွေ မီးမရသေးတာတွေ၊ ဧရာဝတီတိုင်းက မြေသိမ်းခံတောင်သူတွေအကြောင်းနဲ့ ရန်ကုန်က ဘတ်စ်ကားစီးခရီးသည်တွေရဲ့ အခက်အခဲ အပါအဝင် ဒေသစုံက ရင်ဖွင့်လာတာတွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားတာ နားဆင်ရမှာပါ။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီအစီအစဉ်မှာ ပဲခူးတိုင်းအတွင်းက တရားမဝင်အရက်ဆိုင်တွေအကြောင်း၊ ကချင်ပြည်နယ် တနိုင်းဒေသမှာ ဆန်ပြတ်လတ်နေတဲ့ အခြေအနေနဲ့ မြန်အောင်မှာ ဆရာဆရာမတွေ အတင်းအကြပ် လုံခြုံရေးတာဝန်ယူနေရတဲ့အကြောင်း အပါအဝင် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ရင်ဖွင့်လာတာတွေကို နားဆင်ရမှာပါ။ RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


RFA ဝိုင်းတော်သား ကိုနေရိန်ကျော် အပတ်စဉ်တင်ပြနေတဲ့ RFA သောတရှင် ပေးစာကဏ္ဍမှာ ဒီတပတ်မှာတော့ ဖျာပုံခရိုင်က ရေလုပ်သားတွေရဲ့ အခက်အခဲအကြောင်း၊ တောင်ငူခရိုင်ရေတာရှည်မြို့ နယ်မှာ ယစ်မျိုးလိုင်စင်ယူမထားဘဲ လုပ်ငန်းလုပ်နေတဲ့သူတွေနဲ့ နယ်မြေခံ တာဝန်ကျရဲတွေ ပေါင်းစားနေတဲ့အကြောင်းနဲ့ သာဂရလမ်း မိုင်တိုင် ၁၀၅ အလွန်မှာ ပိုင်ရှင်မဲ့သစ်တွေ ဖမ်းမိတဲ့အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


RFA ဝိုင်းတော်သား ကိုနေရိန်ကျော် အပတ်စဉ်တင်ပြနေတဲ့ RFA သောတရှင် ပေးစာကဏ္ဍမှာ ဒီတပတ်မှာတော့ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်နဲ့ ပဲခူးတိုင်း မင်းလှမြို့နယ်က ချောင်းတွေမှာ ငါး၊ ပုဇွန်တွေကို အဆိပ်ချပြီး ဖမ်းနေတဲ့အကြောင်း၊ ဧရာဝတီတိုင်း ကြံခင်းမြို့မှာ တရားမဝင် ရောင်းဝယ်ဖေါက်ကားနေတဲ့ စက်သုံးဆီလုပ်ငန်းကြောင့် မီးအန္တရာယ်ဖြစ်မှာစိုးနေတဲ့ အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


RFA ဝိုင်းတော်သား ကိုနေရိန်ကျော် အပတ်စဉ်တင်ပြနေတဲ့ RFA သောတရှင် ပေးစာကဏ္ဍမှာ ဒီတပတ်မှာတော့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်က လျှပ်စစ် မီတာပုံးတွေကိစ္စ၊ ဟုမ္မလင်းမြို့ကနေ တမူးကိုသွားတဲ့လမ်း ပျက်စီးနေတဲ့အတွက် ပြင်ပေးဖို့ တောင်းဆိုနေတဲ့အကြောင်းနဲ့ ဆင်ပေါင်ဝဲမြို့နယ်က မိုင်တိုင် ၁၀၅ မှာ ဌာနဆိုင်ရာက ပုဂ္ဂိုလ်တွေဟန်ဆောင်ပြီး ကုန်ကားတွေကို ငွေကောက်ခံနေတဲ့အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


RFA ဝိုင်းတော်သား ကိုနေရိန်ကျော် အပတ်စဉ်တင်ပြနေတဲ့ RFA သောတရှင် ပေးစာကဏ္ဍမှာ အောင်လံမြို့နယ်ကရွာတရွာမှာ လျှပ်စစ်မီးပြဿနာ၊ မြန်အောင်မြို့က အများပိုင် အားကစားကွင်းမှာ တယ်လီနောတိုင် စိုက်တာကိုဒေသခံတွေ မနှစ်သက်တဲ့အကြောင်းနဲ့ အင်းတော်ကြီးဒေသမှာ မူးယစ်ဆေးပေါနေလို့ ကျောင်းသားလူငယ်တွေပါ ပျက်စီးနေရတဲ့ အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခု တပတ်မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ တရုတ်ပြည်မှာအလုပ်လုပ်သားမွေးရပြီးအဆင့်ဆင့် ရောင်းစားခံနေရတဲ့အကြောင်း၊ အောင်လံမြို့နယ်ထဲက ကျောက်အိုးတောင်ရွာမှာတော့ ချောင်းရေလှောင်တဲ့ကန် တည်ဆောက်တဲ့အခါ အရည်အသွေးမမှီလို့ သက်ဆိုင်ရာက စစ်ဆေးပေးစေလိုတဲ့အကြောင်းနဲ့ ဧရာဝတီတိုင်း ဖျာပုံခရိုင်ထဲက ကျုံကဒွန်းတံတား၊ ဒေါ်ငြိမ်းတံတားတွေမှာ ကုန်ကားတွေ နေ့နေ့ ညညဖြတ်တာ များလွန်းတဲ့ဒဏ်ကြောင့် ယိုယွင်းနေပြီဖြစ်လို့ ပြုပြင်ထိမ်းသိမ်းဖို့လိုနေတဲ့ အကြောင်းတွေ အပါအဝင် ဒေသစုံကပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ် ပဲခူးတိုင်းက မြေယာပြသနာတွေနဲ့တောင်သူတွေရဲ့ဒုက္ခ၊ ကရင်ပြည်နယ်က မူးယစ်ဆေးပြသနာနဲ့ ဆေးစွဲသူတွေကို ကုသရမယ့်ဌာနတွေ မရှိလို့ အခက်အခဲဖြစ်နေတဲ့ အကြောင်းတွေ အပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


မြန်မာပြည်အနယ်နယ် အရပ်ရပ်က သောတရှင်တွေရဲ့ ရင်ဖွင့်သံတွေကို ကြားရမှာပါ။ ကိုနေရိန်ကျော်က စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်က ရွာတွေမှာ ဆရာဝန်တို့သူနာပြုတို့မရှိလို့ အခက်အခဲ ဖြစ်ရတဲ့အကြောင်း၊ မြဝတီမြို့က လျပ်စစ်မီတာခတွေ ဈေးကြီးတဲ့အခက်အခဲ၊ ဖျာပုံခရိုင်မှာ ကျွဲနွား မှောင်ခိုသောင်းကျန်းနေတဲ အကြောင်းတွေ အပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုတပတ်မှာတော့ မင်းလှမြို့နယ်က စားကျက်မြေပြသနာ၊ ကနီမြို့နယ်က လူသတ်မှု၊ ညောင်တုန်းမြို့ နယ်က အင်းလေလံကိစ္စနဲ့ ရန်ကုန်က အိမ်ဆောက် ခြံခတ်တာတွေကို တရားဥပဒေအတိုင်း ခွင့်ပြုသင့်တဲ့အကြောင်းတွေ အပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အနယ်နယ်အရပ်ရပ်က RFA သောတရှင်တွေရဲ့ ရင်ဖွင့်သံတွေကို နားဆင်ရမှာပါ။ ဦးနေရိန်ကျော် စီစဉ်တင်ဆင်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ အင်းလေးလံကို ဒေသခံတွေ စုဖွဲ့ထားတဲ့အဖွဲ့နဲ့ လုပ်ခွင့်ရရင် ကုန်ဈေးနှုန်းသက်သာနိုင်မယ့်အကြောင်း၊ ပုသိမ်မြို့နယ်ထဲက ရဲဘက်စခန်းတခုမှာ အကျဉ်းသားတွေ နေ့စဉ်ရက်ဆက် အလုပ်လုပ်ခိုင်းနေတဲ့အကြောင်းနဲ့ ဒေးဒရဲမြို့နယ်မှာ စပါးခင်းတွေ ခရုကျပြီးဖျက်ဆီးခံရနေရတဲ့ အကြောင်းတွေ အပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တဝိုက်မှာ ကျောင်းမနေနိုင်တော့တဲ့ကလေးတွေ ပိုများနေတဲ့အကြောင်း၊ စစ်ကိုင်းတိုင်း ချင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းက လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ လယ်ယာမြေပြဿနာတွေ အပါအဝင်ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ချောင်းသာကမ်းခြေမြို့အဝင်နားက ဒီရေရောက်တောကို ပုဂ္ဂလိကပိုင်ပြုလုပ်နေတဲ့အတွက် ပတ်ဝန်းကျင်နေပြည်သူတွေထိခိုက်နစ်နာရတဲ့အကြောင်း၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ကမ်းပါးပြိုလို့ လယ်မြေတွေနဲ့လမ်းပျက်နေတဲ့အကြောင်းနဲ့ ကန့်ဘလူမြို့နယ် ညောင်ဇင်ရွာမှာ လျပ်စစ်မီးတပ်ဆင်တာနဲ့ ပတ်သက်လို့ ငွေကြေးရှင်းတမ်းမလုပ်တဲ့အကြောင်းတွေ အပါအဝင်ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတစ်ပတ်မှာတော့ အိမ်မဲမြို့နယ်မှာ စစ်တပ်ကသိမ်းထားတဲ့ မြေတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲ ဖြစ်နေတဲ့ပြဿနာ၊ သထုံမြို့နယ်မှာ အမှတ် (၂) စက်မှုဝန်ကြီးဌါနကသိမ်းထားတဲ့ မြေတွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပတ်သက်နေတဲ့အကြောင်း၊ ပဲခူးရိုးမက သစ်မှောင်ခိုတွေဟာ နေပြည်တော်လမ်းကိုဖြတ်ပြီး ဝါးကားတွေပုံစံနဲ့ သယ်ယူပို့ဆောင်နေတဲ့ အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ညောင်လေးပင်မြို့နယ်က စည်ပင်သာယာလူကြီးရွေးချယ်ပွဲကို နည်းဥပဒေအတိုင်း ဆောင်ရွက်စေလိုတဲ့အကြောင်း၊ ပုံစံ ၇ ပြဿနာကြောင့် လယ်သမားတွေရဲ့အခက်အခဲ၊ အကျင့်ပျက်ခြစားတဲ့ တိုင်းပညာရေးမှူးရုံးက အရာရှိတွေ မရှိသင့်တော့တဲ့အကြောင်း၊ ပဲခူးရိုးမမှာဆင်တွေ အသတ်ခံနေရဆဲ အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ပဲခူးတိုင်း ကျောက်ကြီးနယ်ထဲမှာတည်ဆောက်မယ့် ရေအားလျပ်စစ်စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးရမယ့်ရွာတွေကိစ္စ၊ အောင်ဘာလေထီလက်မှတ်အတွက်အကြံပြုချက်နဲ့ ရှမ်းပြည်နယ်ကနေ တရုတ်ပြည်ကို နွားမှောင်ခိုတွေထွက်နေသလို၊ နွားဈေးကြီးလို့ လယ်ယာလုပ်ငန်းတွေအတွက် အခက်အခဲဖြစ်နေတဲ့ အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ဘိုကလေးမြို့နယ် ဒေါင့်ကြီးကျေးရွာအုပ်စု လယ်ယာမြေတွေကို မိုးမကျခင် အချိန်မီလုပ်ပိုင်ခွင့်ပြန်ပေးဖို့၊ အလုပ်ကြမ်းစခန်းတခုမှာ ထောင်ဝန်ထမ်းတွေက အကျဉ်းသားတွေ ခေါင်းပုံဖြတ်နေတဲ့အကြောင်း၊ မြောက်ဒဂုံ ၄၅ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးတယောက် အာဏာအလွဲသုံးစားလုပ်နေတဲ့အကြောင်းနဲ့ မိုးကုတ်မြို့နယ် ရေနီချောင်းမှာ ကျောက်ခိုးတူးနေတာကို ထိထိရောက်ရောက်အရေးယူပေးဖို့ အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ချင်းပြည်နယ် မင်းတပ်မြို့မှာမီတာခကို ခန့်မှန်းနဲ့တွက်ပြီးကောက်နေတဲ့အကြောင်း၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျောက်တိုင်ရွာမှာ လျပ်စစ်မီးရဖို့အတွက် တစ်အိမ်ကို ၇ သိန်းကျော် တောင်းနေတဲ့အကြောင်းနဲ့ ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် ရွှေလောင်းရွာမှာ အုပ်ချုပ်ရေးမှူးက ကျောင်းရန်ပုံငွေ အလွဲသုံးစားလုပ်ထားတဲ့အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ကျူးကျော်စာရင်းတွေကောက်နေလို့ မြေနဲ့အိမ်ဝယ်ထားသူတချို့ စိုးရိမ်နေတဲ့အကြောင်း၊ စစ်ကိုင်းတိုင်း ဥရုချောင်းနဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ထဲက ဒေသခံရွှေရှာသူတွေရဲ့ အခက်အခဲနဲ့ ညောင်တုန်းမြို့နယ်က လယ်သိမ်းခံ တောင်သူတွေ တရားစွဲခံထားရတဲ့အကြောင်းတွေ အပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ရှမ်းပြည်နယ်က စည်ပင်သာယာအရာရှိတွေ လာဘ်စားနေသေးတဲ့အကြောင်း၊ သင်္ကြန်တွင်းမှာ မီးရထားဝန်ထမ်းက ရထားလက်မှတ်ကို တရားဝင်သတ်မှတ်နှုန်းထက် ပိုယူတဲ့အကြောင်းနဲ့ မိုးညိုမြို့က မြစ်မခချောင်းတံတားဖြတ်ခနဲ့ ပတ်သက်လို့ စည်ပင်သာယာက ချယ်လှယ်နေတဲ့ အကြောင်းတွေအပါအဝင်ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ ဆန်ဈေးကြီးပြီး ဝယ်မရတဲ့အခြေအနေအထိ ဖြစ်နေတဲ့အကြောင်း၊ ပန်းတနော်မြို့နယ်ထဲမှာ ခရိုနီတွေရဲ့ ငါးမွေးမြူရေးလုပ်ငန်းကြောင့် စပါးစိုက်ခင်း ဧက ၃ သောင်းကျော် ရေမရနိုင်တဲ့ အခက်အခဲနဲ့ ထားဝယ်မြို့နယ်ထဲက ကျေးရွာတွေမှာ WY စိတ်ကြွဆေးပြားတွေ ဖမ်းဆီးတာအားနည်းနေတဲ့အကြောင်းတွေ အပါအဝင် ဒေသစုံကပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ အရည်အသွေးမမီတဲ့ မလှိုင်မြို့က လမ်းဆောက်လုပ်ရေးအကြောင်း၊ မင်းပြားနဲ့ ကလေးက အရက်နဲ့ မူးယစ်ဆေးဝါးကိစ္စ၊ သုံးခွမြို့နယ်က လယ်သမားတွေရဲ့ အခက်အခဲ စတဲ့ အကြောင်းတွေအပါအဝင် ဒေသစုံကပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ စက်ရုံအလုပ်သမားတွေရဲ့ အခြေအနေ၊ လယ်ယာမြေပြဿနာနဲ့ တရားစွဲခံနေရတဲ့ လယ်သမားတွေဖြစ်ရပ်၊ အလွဲသုံးစားလုပ်တဲ့ စည်ပင်အရာရှိ အကြောင်းတွေ အပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


အခုတပတ် ပဲခူးတိုင်း ရွှေကျင်ချောင်းနဲ့ ချင်းတွင်းမြစ်အထက်ပိုင်းမှာ ရွှေတူးဖေါ်နေသူတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာနေတဲ့အကြောင်း၊ ပြင်ဦးလွင်မြို့နယ်က လယ်သိမ်းခံတောင်သူတွေရဲ့ ဒုက္ခ၊ ရန်ကုန်မြို့မှာ ထူပြောလာနတဲ့ ဒုစရိုက်မှုတွေအကြောင်း အပါအ၀င် ဒေသစုံက သောတရှင်တွေရဲ့ ပေးစာတွေ ကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ဝါးခယ်မမြို့နယ် ကျုံကဝရွာမှာ ပုဂ္ဂလိက အင်းလုပ်ငန်းရှင်တွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နေတဲ့အကြောင်း၊ ဖျာပုံခရိုင် ကျုံကဒွန်းဘက်မှာ ပေါ်ပေါက်နေတဲ့ လယ်ယာမြေပြဿနာ၊ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာ ပုဂ္ဂလိကကုမ္ပဏီက နေရာချထားရေးလုပ်တဲ့အခါမှာ အမှန်တကယ်ကုန်ကျငွေထက် အဆပေါင်းများစွာ အစိုးရဆီမှာ တင်ပြတောင်းခံထားတဲ့အကြောင်းတွေ အပါအဝင် ဒေသစုံကပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ရန်ကုန်မြို့ ညဈေးတန်းက ဈေးသည်တွေရဲ့ အခက်အခဲ၊ ညောင်လေးပင်မြို့နယ်မှာ လမ်းတိုးချဲ့ဆောက်လုပ်တဲ့ကုမ္ပဏီက သစ်ပင်တွေခုတ်လှဲပြီး ပြန်ရောင်းနေတဲ့အကြောင်း၊ သံတွဲမြို့နယ်မှာ အသိမ်းခံထားရတဲ့မြေတွေကိစ္စ အပါအဝင် ဒေသစုံကပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်။


ဒီတပတ်မှာတော့ ရန်ကုန် ရွှေပြည်သာ၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းအပါအဝင် ဒေသစုံက ပေးပို့လာတဲ့ စာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ ပဲခူးတိုင်း လက်ပံတန်းမြို့နယ် မန်ကျည်းကွင်းအုပ်စုမှာ ဌာနဆိုင်ရာတွေက သိမ်းထားတဲ့စားကျက်မြေကိစ္စ၊ အမာမြို့နယ်ခွဲ ပသီကမ်းသာယာရွာမှာ အလှူရှင်တွေပေးထားတဲ့ အိမ်တွေဖျက်ယူနေလို့ ရွာပျက်မှာ စိုးရိမ်နေတဲ့အကြောင်း၊ ကြည့်မြင်တိုင်မြို့နယ် အေးရွာအနောက် ရပ်ကွက်ကလမ်းကို ပုဂ္ဂလိကလုပ်ငန်းရှင်တယောက်တည်းအသုံးပြုနေတဲ့ အကြောင်းနဲ့ တောင်ဒဂုံ ၁၀၆ ရပ်ကွက်က ရာအိမ်မှူးတယောက် အာဏာအလွဲသုံးစားလုပ်နေတာတွေ အပါအဝင် ဒေသစုံကပေးပို့လာတဲ့စာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ သုံးခွမြို့နယ် မှာပုဂ္ဂလိကကုမ္ပဏီရဲ့ လယ်လုပ်သားတွေ အခကြေးငွေမရတဲ့ကိစ္စ၊ ရန်ကုန်တိုင်းမှာ မူးယစ်ဆေးပြားတွေပေါ်နေတဲ့အကြောင်း၊ အသံချဲ့စက်ကို ဥပဒေနဲ့မကိုက်ပဲ ဖွင့်နေတာကိုအရေးယူပေးဖို့နဲ့ ပြင်ဦးလွင်မြို့နယ် ပြင်စာရွာမှာ လယ်သိမ်းခံထားရသူတွေ ပုဒ်မမျိုးစုံနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့အကြောင်းတွေ အပါအဝင် ဒေသစုံကပေးပို့လာတဲ့စာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ နတ္တလင်းနယ်ဘက်မှာ စားကျက်မြေကိစ္စနဲ့ တောင်သူတွေ တရားစွဲခံထားရတဲ့ကိစ္စ၊ ရွှေပြည်သာမှာ မော်တော်ဆိုင်ကယ်တွေ အဆင်ပြေအောင် ဆောင်ရွက်ပေးစေလိုတဲ့အကြောင်း၊ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ကင်မွန်းခြုံအုပ်စုမှာရှိတဲ့ သရက်ကုန်းချောင်းကို တံတားတစင်း ထိုးပေးစေလိုတဲ့အကြောင်း၊ ကရင်ပြည်နယ် မြဝတီမြို့ မြို့ပတ်လမ်းကအိမ်တွေကို လျှပ်စစ်မီတာခ ပိုယူနေတယ်ဆိုတဲ့ ပြောဆိုချက်တွေ အပါအဝင် ဒေသစုံကပေးပို့လာတဲ့စာတွေ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ အိမ်မဲမြို့နယ် လယ်သမားတွေဆီက ငွေလိမ်ထားသူတယောက်အကြောင်း၊ လာဘ်စားမှုနဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်က သစ်မှောင်ခိုအကြောင်းတွေ အပါအဝင် ဒေသစုံကပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ မုံရွာခရိုင် အရာတော်မြို့၊ ဖျာပုံမြို့နယ် ကျုံကဒွန်း၊ ရန်ကုန်တိုင်း သုံးခွမြို့က လယ်ယာမြေပြသနာတွေအကြောင်း၊ တရားဥပဒေစိုးမိုးရေးလိုအပ်နေတဲ့ အကြောင်းနဲ့ လော်စပီကာသံ မခံနိုင်တော့တဲ့အကြောင်းတွေအပါအဝင် ဒေသစုံကပေးပို့လာတဲ့စာတွေကို အခုဆက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ရွှေတူးတဲ့လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နေတဲ့အကြောင်းနဲ့ ပြဿနာတွေတက်နေတဲ့အကြောင်းတွေ၊ အလုပ်လုပ်နေရတဲ့ စားသောက်ဆိုင်က ကလေးတွေပညာရေးအတွက် အစိုးရက ဆောင်ရွက်ပေးစေချင်တဲ့အကြောင်းတွေ အပါအဝင် ဒေသစုံကပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာတော့ ပဲခူးမြို့နယ်က သစ်မှောင်ခိုကိစ္စ၊ ဟုမ္မလင်းက ရွှေတူးလုပ်ငန်း၊ ကလေးမြို့နယ်က မူးယစ်ဆေးအကြောင်းတွေ အပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေကို ကိုနေရိန်ကျော် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်အစီအစဉ်မှာ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်က ဒေသခံတွေ ကျန်းမာရေးဆေးကုသဖို့ အခက်အခဲတွေ လမ်းခရီးအခက်အခဲတွေ၊ ပဲခူးတိုင်း ညောင်လေးပင်ဒေသခံတွေ ပေးဆောင်နေရတဲ့ လျပ်စစ်မီတာခတွေအကြောင်း၊ ဧရာဝတီတိုင်းအတွင်းက ဥပဒေနဲ့မညီညွတ်တဲ့ အင်းလုပ်ငန်းတွေအကြောင်း အပါအဝင် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က သောတရှင်တွေရဲ့ ရင်ဖွင့်သံတွေကို ကြားရမှာပါ။ မခင်ခင်အိက စီစဉ်တင်ဆက်ပြီး RFA ဝိုင်းတော်သားတွေက အားဖြည့်ကူညီထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်အစီအစဉ်မှာ မြေသိမ်းခံတောင်သူတွေရဲ့ ဒုက္ခအခက်အခဲတွေအကြောင်း၊ ရန်ကုန်က ဘတ်စကားစီးခရီးသည်ရဲ့ ရင်ဖွင့်သံ၊ ဟိုင်းကြီးကျွန်းက စက်လှေမှောက်သေဆုံးတဲ့ ရေလုပ်သားတွေ အကူအညီမဲ့နေတဲ့အကြောင်း အပါအဝင် ရခိုင်ပြည်နယ်က ဒေသခံတွေရဲ့ ကြားရမှာပါ။ မခင်ခင်အိ စီစဉ်တင်ဆက်ပြီး RFA ဝိုင်းတော်သားတွေက အားဖြည့်ကူညီထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်အစီအစဉ်မှာ ကယားပြည်နယ်တွင်း ကြွက်တွေသောင်းကျန်းနေလို့ လယ်ယာတွေပျက်စီးရတဲ့အကြောင်း၊ ဘိုကလေးက တောင်သူတွေ စိုက်ပျိုးစရိတ်ချေးငွေအတွက် အတိုးအဆမတန်ပေးနေရတဲ့အကြောင်းတွေနဲ့ မန္တလေးတိုင်း မလှိုင်က တရုတ်နိုင်ငံသားတွေစိုက်တဲ့ ဖရဲခင်းက ဖောက်ထုတ်လိုက်တဲ့ ရေကြောင့် ဒေသခံတွေရဲ့လယ်ယာတွေ ပျက်စီးရတဲ့အကြောင်း အပါအဝင် ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းက သောတရှင်တွေရဲ့ ရင်ဖွင့်သံတွေကို ကြားရမှာပါ။ ဒီအစီအစဉ်ကို RFA အဖွဲ့သူ မခင်ခင်အိက စီစဉ်တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်အစီအစဉ်မှာ ရန်ကုန် အင်းစိန်ရဲစခန်းက အဂတိမှုအကြောင်း၊ မကွေးတိုင်းက စည်းကမ်းမဲ့ ဆိုင်ကယ်တွေနဲ့ အာဏာပိုင်ရဲ့ မမျှတတဲ့အရေးယူမှုတွေ၊ မကွေးမြို့က ခရိုင်ဘောလုံးကွင်းမှာ အာဏာပိုင်တချို့နဲ့ စီးပွားရေးလုပ်ငန်းတွေပူးပေါင်းပြီး ကိုယ်ကျိုးရှာနေကြတဲ့အကြောင်းအပါအဝင် ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းက တောင်သူတွေရဲ့ အခက်အခဲတွေအကြောင်း ရင်ဖွင့်လာတာတွေကို နားဆင်ရမှာပါ။ မခင်ခင်အိက စီစဉ်တင်ဆက်ပြီး RFA ဝိုင်းတော်သူ/သားတွေက အားဖြည့်ကူညီထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်အစီအစဉ်မှာ ပဲခူးတိုင်းက ရပ်ကျေးအာဏာပိုင်ရဲ့ မြေကွက်ရောင်းစားမှုတွေ၊ စစ်ကိုင်းတိုင်းက လူငယ်တွေ မူးယစ်ဆေးသုံးစွဲမှုများလာတဲ့ကိစ္စ၊ မီးသွေးလုပ်ငန်းတွေကြောင့် သစ်တောတွေပြုန်းတီးလာနေတဲ့ ရှမ်းပြည်တောင်ပိုင်း အခြေအနေနဲ့ မလေးရှားရောက်မြန်မာတွေ ဖမ်းဆီးခံရတော့မယ့် အခြေအနေတွေ အပါအဝင် တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်းက ရင်ဖွင့်လာတွေ နားဆင်ရမှာပါ။ မခင်ခင်အိက စီစဉ်တင်ဆက်ပြီး RFA ဝိုင်းတော်သူ/သားတွေက အားဖြည့်ကူညီထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်အစီအစဉ်မှာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်းက ဆူညံနေတဲ့ အသံချဲ့စက်သံအကြောင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့က ဆေးတပ်အရာရှိရဲ့ အာဏာအလွဲပြုမှုတွေ၊ ပင်လယ်ပြင်က ငါးဖမ်းလုပ်သားတွေရဲ့ ဘဝအကြောင်းတွေအပြင် ကချင်ပြည်နယ်တွင်းက လမ်းတံတားခကောက်ခံမှုနဲ့ ဟုမ္မလင်းက တပိုင်တနိုင်ရွှေတူးသူတွေရဲ့ အခက်အခဲတွေအကြောင်း စတာတွေ နားဆင်ရမှာပါ။ မခင်ခင်အိက စီစဉ်တင်ဆက်ပြီး RFA ဝိုင်းတော်သူ/သားတွေက အားဖြည့်ကူညီထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာ ပဲခူးတိုင်းအတွင်းက ဆိုးရွားလာနေတဲ့ တရားမဝင် သစ်ခိုးထုတ်မှုတွေအကြောင်း၊ မကွေးနဲ့ ပဲခူးက တောင်သူတွေရဲ့ အခက်အခဲတွေ၊ စစ်ကိုင်းတိုင်းအတွင်း စည်းကမ်းမဲ့ရွှေတူးဖော်နေတဲ့ ကုမ္ပဏီတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရတာတွေအပါအဝင် ရန်ကုန် မရန်းကုန်းက အိမ်အကူမိန်းကလေးငယ်တစ်ဦးနဲ့ ပတ်သက်ပြီး ရင်ဖွင့်လာတာတွေကို နားဆင်ရမှာပါ။ ဒေါ်ခင်ခင်အိက စီစဉ်တင်ဆက်ပြီး RFA ဝိုင်းတော်သူ/သားတွေက အားဖြည့်ကူညီထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်က စာသင်ကျောင်း ရန်ပုံငွေကိစ္စ၊ မုံရွာခရိုင် အရာတော်မြို့နယ်က လဝကရုံးအခြေအနေ၊ ရန်ကုန်မြို့မှာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် လမ်းဆုံတွေမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ပေးဆေးလိုကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ဧရာဝတီတိုင်းက ငါးဖမ်းလုပ်ငန်းနဲ့ ပဲခူးရိုးမက သစ်ထုတ်လုပ်ငန်းတွေမှာ အထိန်းအကွပ်မဲ့ လုပ်ကိုင်နေကြတဲ့အကြောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်က မူးယစ်ဆေးဝါးအကြောင်းနဲ့၊ ကုန်ဈေးနှုန်းတက်လို့ အခက်အခဲ ဖြစ်နေတဲ့အကြောင်းတွေ အပါအဝင် ဒေသစုံက ပို့လာတဲ့ ပေးစာတွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် အပတ်စဉ်တင်ပြနေတဲ့ RFA သောတရှင်ပေးစာကဏ္ဍ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ဗန်းမော်မြို့နယ်က စစ်ပြေးဒုက္ခသည်စခန်းတစ်ခုမှာ အကူအညီလိုအပ်နေတဲ့အကြောင်း၊ လယ်အပေါင်ခံပြီးချေးငွေကိစ္စ၊ မင်းလှမြို့နယ်က လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ အပါအဝင် ဒေသစုံကပေးပို့လာတဲ့စာတွေ တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာ မတရားအလုပ်ထုတ်ခံရတဲ့ စက်မှုဇုန်အလုပ်သမားတွေ၊ ဆရာ ဆရာမတွေ လုံခြုံရေး သန့်ရှင်းရေးတာဝန်ပါ ယူနေရတဲ့အကြောင်းတွေ၊ ဘဏ်ချေးငွေမရလို့ တောင်သူတွေ အခက်တွေ့နေကြတဲ့အကြောင်း အပါအဝင် မူးယစ်ဆေးဝါးကိစ္စတွေ၊ ထီဈေးတက်ရတဲ့အကြောင်းတွေ စတာတွေကို နားဆင်ရမှာပါ။ RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်အစီအစဉ်မှာ ဘဏ်ချေးငွေရဖို့အတွက် တောင်သူတွေ ငွေကြေးပေးနေရတဲ့ အကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းက လမ်းတံတားအသုံးပြုခ ကောက်ခံနှုန်းထား မညီမျှမှုတွေ၊ အစိုးရထုတ် အောင်ဘာလေထီလက်မှတ်ကို ကိုယ်စားလှယ်တွေက မတန်တဆဈေးတင် ရောင်းချနေတဲ့ အကြောင်းနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတာကြောင့် ပြည်သူတွေအခက်အခဲ ဖြစ်နေရတာတွေအပါအဝင် သောတရှင်တွေရဲ့ ရင်ဖွင့်သံတွေကြားရမှာပါ။ RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ကလေးမြို့နယ်မှာ ပျက်စီးသွားတဲ့ချောင်းကို ရေစီးကောင်းအောင် ဆက်ပြီးဖောက်ပေးဖို့၊ မူးယစ်ဆေးဝါးဖမ်းမိတဲ့အခါ လာဘ်မစားပဲ ဥပဒေအတိုင်း အရေးယူဖို့အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ချောင်းသာကမြေယာပြဿနာ၊ မန္တလေးမြို့က သားဖွားဆေးရုံအကြောင်း၊ နမ့်ဆန်မြို့နယ်က မူးယစ်ဆေးဝါးကိစ္စတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ အလုပ်သမား၊ လယ်သမားကိစ္စတွေအကြောင်း ဒေသစုံက ပေးပို့လာတဲ့စာတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ငပုတောက လယ်သမားတွေ အကြွေးနစ်နေတဲ့အကြောင်း၊ ရာဇဝတ်မှုကို ရဲက တိတိကျကျ ဆောင်ရွက်မပေးနိုင်တဲ့အကြောင်း၊ ဟံသာဝတီကားပွဲစားတန်းက ဆိုင်ခန်းတွေကိစ္စတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့ စာတွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ လျှပ်စစ်မီးအခက်အခဲ၊ မြေယာပြန်မရတဲ့ကိစ္စ၊ ကျောင်းသားတွေ မူးယစ်ဆေးမသုံးအောင် ဆောင်ရွက်ပေးဖို့နဲ့ စိုက်ပျိုးရေးရုံးဟောင်းမြေနေရာ အလွဲသုံးစားပြုခံရတဲ့အကြောင်းတွေ အပါအဝင် ဒေသစုံက ပေးပို့လာတဲ့ စာတွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ကလေးစစ်သားစုဆောင်းခံရတဲ့ကိစ္စ၊ လယ်ယာမြေအသိမ်းခံရတဲ့ကိစ္စ၊ လောင်းကစားနဲ့ မူးယစ်ဆေးဝါးကိစ္စ၊ လာဘ်စားမှုတွေ အပါအဝင် ဒေသစုံက ပေးပို့လာတဲ့ စာတွေကို ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ စစ်တပ်က သိမ်းထားတဲ့လယ်မြေကိစ္စ၊ ဖားကန့်က မူးယစ်ဆေးဝါးကိစ္စနဲ့ လပွတ္တာက ရဲဝန်ထမ်းတွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေ အပါအဝင် ဒေသစုံက ပေးပို့လာတဲ့ စာတွေကို ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ လျှပ်စစ်မီးအခက်အခဲ၊ လယ်ယာမြေပြဿနာ၊ မူးယစ်ဆေးဝါးကြောင့် လူငယ်တွေ ပျက်စီးနေတာတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့ စာတွေကို တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ ရာဇဝတ်မှုတွေ မဖော်ထုတ်နိုင်တဲ့ကိစ္စတွေနဲ့ လာဘ်စားမှုကိစ္စတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့စာတွေကို RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာတော့ မြေတိုင်းရုံးဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှု၊ တရုတ်ပြည်ကို သစ်မှောင်ခိုတင်ပို့နေတာတွေ အရေးယူပေးဖို့နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အကြောင်းတွေအပါအဝင် ဒေသစုံက ပေးပို့လာတဲ့ စာတွေကို RFA အဖွဲ့သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်အစီအစဉ်မှာ ပဲခူးတိုင်းက တောင်သူတွေရဲ့ အခက်အခဲတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မြစ်သဲကျောက်တူးလုပ်ငန်းတွေကြောင့် စားဝတ်နေရေးအခက်တွေ့ရတဲ့ ငပုတောဒေသခံတွေအကြောင်းနဲ့ ရခိုင်ပြည်နယ်ဘက်က အသက်မပြည့်တဲ့ကလေးတစ်ဦး စစ်သားစုဆောင်းခံလိုက်ရတဲ့အကြောင်း အပါအဝင် ရန်ကုန်နဲ့ မန္တလေးတိုင်းက သောတရှင်တွေရဲ့ ရင်ဖွင့်သံတွေကို နားဆင်ရမှာပါ။ ဒေါ်ခင်ခင်အိက စီစဉ်တင်ဆက်ပြီး RFA ဝိုင်းတော်သားတွေက အားဖြည့်ကူညီထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်အစီအစဉ်မှာ ဧရာဝတီတိုင်းက အခွန်ထမ်းပြည်သူတွေရဲ့ အခက်အခဲတွေ၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းက လျပ်စစ်မီးမရသေးတဲ့ကိစ္စ အပါအဝင် ရန်ကုန် မရမ်းကုန်းက အိမ်အကူကလေးငယ် နှိပ်စက်ခံရတဲ့အကြောင်း စတာတွေကို နားဆင်ရမှာပါ။ ဒေါ်ခင်ခင်အိက စီစဉ်တင်ဆက်ပြီး RFA ဝိုင်းတော်သားတွေက အားဖြည့်ကူညီထားပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒေါ်ခင်ခင်အိ အပတ်စဉ် တင်ဆက်နေတဲ့ RFA သောတရှင် ပေးစာအစီအစဉ်ကို နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒေါ်ခင်ခင်အိ အပတ်စဉ် တင်ဆက်နေတဲ့ RFA သောတရှင် ပေးစာအစီအစဉ်ကို နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒေါ်ခင်ခင်အိ စီစဉ်တင်ဆက်တဲ့ RFA သောတရှင် ပေးစာအစီအစဉ်ကို နားဆင်နိုင်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတစ်ပတ်မှာ အနယ်နယ်အရပ်ရပ်က RFA သောတရှင်တွေရဲ့ စာတွေနဲ့ ရင်ဖွင့်သံတွေကိုကြားရမှာပါ။ ဒေါ်ခင်ခင်အိ စီစဉ်တင်ဆက်တာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ဒီတပတ်မှာ ပဲခူးတိုင်းက တောင်သူတွေရဲ့ အခက်အခဲ၊ သန်းခေါင်စာရင်းကောက်ယူရာမှာ လုပ်အားပေးခဲ့ရတဲ့ ဒေသခံရဲ့ ရင်ဖွင့်သံ၊ ချောင်းသာက ရပ်ကျေးအာဏာပိုင်ရဲ့ အဂတိမှု၊ ရန်ကုန် ပုဇွန်တောင်မြို့နယ်က အားကစားရုံနဲ့ပတ်သက်ပြီး ရေးလာတဲ့စာ ၊ အင်းစိန် စော်ဘွားကြီးက မြေကျူးကျော်မှု အပါအဝင် စစ်ကိုင်းတိုင်းက ချဲထီလောင်းကစားမှု နဲ့ ဝန်ထမ်းအခွင့်အရေးချိုးဖောက်ခံရမှုတွေ အကြောင်း ကြားရမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ရန်ကုန်တာမွေမြို့ နယ်က မဟာသန္တိသုခကျောင်းတိုက်ကိစ္စ၊ မကွေးမြို့က ပြည်သူတွေရဲ့အခက်အခဲ၊ ရှမ်းပြည်နယ်က မတရားအကြမ်းဖက် သတ်ဖြတ်ခံရမှုကိစ္စ၊ မန္တလေးက တောင်သူတစ်ချို့ လယ်သိမ်းခံရ တရားစွဲခံရတဲ့အခြေအနေ၊ စစ်ကိုင်းတိုင်းက သစ်မှောင်ခို ခိုးထုတ်မှုတွေ နဲ့ ရန်ကုန် အင်းစိန် နဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက ပြည်သူတွေရဲ့ ဒုက္ခအခက်အခဲ စတာတွေကို ကြားရမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


သောကြာနေ့ နံနက်ပိုင်းတွေမှာ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ဆက်နေတဲ့ အစီအစဉ် ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်ကနေ RFA ကို ပေးပို့လာတဲ့ သောတရှင်တွေရဲ့ စာတွေနဲ့ ရင်ဖွင့်သံတွေကို နားဆင်ရမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်
အသံဖိုင်ယူရန်


ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့