လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထူးအစည်းအဝေး ကျင်းပ
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထူးအစည်းအဝေး တစ်ရပ်ကို ပြီးခဲ့တဲ့ရက်က ထိုင်း-မြန်မာနယ်စပ်မှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်သလို ဗဟိုကော်မတီ ပြင်ဆင်ဖွဲ့စည်းတာတွေလည်း ရှိခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။