ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ပွဲ ပါတီတွေ ကန့်ကွက်


2016.08.23
၂၁ ရာစု ပင်လုံညီလာခံမှာ ရွေးကောက်ပွဲ အနိုင်မရတဲ့ နိုင်ငံရေးပါတီ ၇၀ က ကိုယ်စားလှယ် ၅ ယောက်ပဲ တက်ရောက်ခွင့်ပေးတဲ့အတွက် ပါတီတွေက ကန့်ကွက်လိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက NRPC မှာ ကျင်းပတဲ့ ကိုယ်စားလှယ် ၅ဦး ရွေးချယ်ပွဲကို နိုင်ငံရေးပါတီ ၃၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ကန့်ကွက်လိုက်ကြတာဖြစ်ပါတယ်။
ရွေးချယ်ပွဲ တက်ရောက်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ဥက္ကဌ ဦးစောသန်းမြင့် ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။