ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ထိန်းသိမ်းခံရသူများ၏ အခြေအနေ

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO ဝန်ထမ်း အများအပြားကို မြန်မာအစိုးရက လွှတ်ပေးလိုက်ပြီ ဖြစ်ပေမယ့် မောင်တောမြို့ခံ ဒေါက်တာ ထွန်းအောင်နဲ့တကွ သမီးဖြစ်သူ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးတန်း ကွင်းဆင်းအရာရှိ ဒေါ်မြနန္ဒာအောင်၊ သမက်ဖြစ်သူ UNHCR အကြီးတန်း ကွင်းဆင်းအရာရှိဟောင်း ဦးမောင်မောင်သန်း တို့ကိုတော့ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ ဒေါက်တာ ထွန်းအောင်ရဲ့သမီးဖြစ်သူ မသီရိရွှေစင်အောင်ကို ရန်ကုန်မြို့ရှိ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00