ရခိုင် အကြံပေးကော်မရှင်အဖွဲ့ ကမန်ဒုက္ခသည်တွေနဲ့ တွေ့ဆုံ
2017.01.18
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ ရမ်းဗြဲမြို့၊ အမှတ် (၆) ရပ်ကွက်မှာရှိတဲ့ ကမန်တိုင်းရင်းသား ဒုက္ခသည်စခန်းက ကမန်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ ကမန်တိုင်းရင်းသားတွေက သူတို့ရဲ့ မူလမြေနေရာတွေကို ထူထောင်ရေးလုပ်ပေးပြီး နေထိုင်ခွင့်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ ကော်မရှင်နဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်း က ပြောပါတယ်။
ဦးတင်လှိုင်ဝင်း ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။