မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆလရန်းဈေးကအပြန် မေလ ၃၁ ရက်နေ့ညဦးပိုင်း ၈ နာရီခန့်က လူတချို့ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ရန်ကုန်ဇာတိ ကိုဇင်ဘို ဆိုသူကို သူတို့မြန်မာတချို့ လက်ရှိခိုလှုံနေထိုင်တဲ့ ကပုန်း(Kepong) ရပ်ကွက်က ဆရာတော် ဒေါက်တာ အိန္ဒိက သတင်းသုံးရာ သမ္မာသမ္ဗောဓိ (Samnak Sambodhi) မြန်မာဘုန်းတော်ကြီးကျောင်းမှာ RFA အဖွဲ့သား ဦးခင်မောင်စိုး က ဇွန်လ ၁၁ ရက်နေ့မှာ ခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေအရေး ကူညီဆောင်ရွက်ပေးဖို့ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ၀ါရှင်တန်ဒီစီမြို့တော် မြန်မာသံရုံးမှာ တွေ့ဆုံ မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့နယ် တဝိုက်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သိမ်းထားတဲ့ လယ်မြေတွေမှာ ထွန်တုံးတိုက်ပွဲဝင်နေတဲ့ လယ်သမားတွေကို ကူညီပေးခဲ့တဲ့ မိတ္ထီလာပြည်သူ့ အကျိုးဆောင်ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဒေါ်မြင့်မြင့်အေး၊
ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ဒေါ်ခင်မိမိခိုင်နဲ့ နတ္တလင်းမြို့က ကိုသန့်ဇင်ထိုက်တို့ သုံးယောက်ကို နတ်တလင်းရဲစခန်းက ဖမ်းဆီးပြီး ပေါင်းတည် အကျဉ်းထောင်ကို ပို့လိုက်တာနဲ့ ပတ်သက်လို့ သူတို့နဲ့ လုပ်ဖေါ်ကိုင်ဖက် တစ်ဦးဖြစ်တဲ့ ကိုတင်မောင်လင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်မှာ လိုက်ပါလာတဲ့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ဟာ RFA ရုံးချုပ်ကို တနင်္လာနေ့က လာရောက်လည်ပတ် ခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် တုံရွာမှာ ဒေသခံတွေ စုပေါင်းပါဝင်ထားတဲ့ "လက်ပံတောင်းဘ၀ လက်ပံတောင်းအလှ" ရေသဘင်မဏ္ဍပ်ရဲ့ ဒီကနေ့ လှုပ်ရှားမှုအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံ ကိုဝင်းမင်းအောင်ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံဟာ ပြည်သူတွေထမ်းဆောင်တဲ့ အခွန်ငွေနဲ့ လည်ပတ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၉ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။