နိုင်ငံတကာမှာ ရိုဟင်ဂျာလို့ ပြောဆိုနေကြတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက ဘင်္ဂါလီ လူမျိုးစုတွေအနေနဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြနိုင်ရင် မြန်မာနိုင်ငံသား ဖြစ်ခွင့်ရှိတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဝန်ကြီး ဦးခင်ရီကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က နေပြည်တော်မှာရှိတဲ့ ၀န်ကြီးရဲ့ ရုံးခန်းမှာ သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။