မှတ်ပုံတင်မယ့် NLD အနေအထား ဦးဝင်းတင်ကို မေးမြန်းချက်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မှတ်ပုံတင် ပြန်တင်တဲ့အခါမှာ ပါတီ တည်ထောင်လိုသူ ၂၁ ဦးဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်မှာ အမည်စာရင်း တင်သွင်းမယ်လို့ သိရတဲ့အတွက် ဒါဟာ အရင်က တာဝန်ယူနေတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေတို့ တရားဝင် အနားယူလိုက်တာလား၊ အဖွဲ့ချုပ် CEC အပြောင်းအလဲလား ဆိုတာနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်ကို အာရ်အက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။