ရန်ကုန်မြို့ရောက် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်
နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆင့်မြင့်ဆုံး အမေရိကန် သံတမန်တစ်ဦး အဖြစ် မြန်မာနိုင်ငံကို အလည်အပတ် လာရောက်သော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သည် ရန်ကုန်မြို့တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ပြီး ရွှေတိဂုံ ဘုရား ကိုလည်း သွားရောက် ဖူးမျှော်ခဲ့ပါသည်။