ကိုနေမျိုးဇင် နော်အုန်းလှနှင့် ပုဒ်မ ၁၈


2015.07.03

လူ့အခွင့်အရေးလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ နော်အုန်းလှကို ရန်ကုန် အလုံမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တောင်သူဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးတာနဲ့ ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် သူတို့နှစ်ဦးကို အလုံမြို့နယ် အပါအဝင် မြို့နယ်သုံးခုက တရားစွဲဆိုထားပါတယ်။ ဒီအမှု အားလုံးအတွက် ရှေ့နေမငှားသလို အယူခံလည်းမဝင်ဘူးလို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ နော်အုန်းလှ က ပြောပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။