ပြန်လည်ဖွင့်လှစ်လိုက်တဲ့ မာလာဆောင်
2014.12.19
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက နှစ်ပေါင်း ၂ဝ နီးပါး ပိတ်ထားခဲ့တဲ့ မာလာဆောင်နဲ့ သီရိဆောင်ကို ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ် ကျောင်းသားအရေးတော်ပုံ ကတည်းက ပိတ်ထားခဲ့တဲ့ မာလာဆောင်ကို ခုလို ပြန်ဖွင့်လှစ်ပေးတဲ့အတွက် ဝမ်းသာတဲ့အကြောင်း တက္ကသိုလ် ဆရာဆရာမတွေနဲ့ ကျောင်းသူတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုအောင်ကိုကိုက စုစည်း တင်ပြထားပါတယ်။