သြင်္ကန် စတုဒီသာအလှူများ
2014.04.15
အတာသြင်္ကန် ပွဲတော်အတွင်း မြန်မာ့ရိုးရာ အစဉ်အလာအရ မပြောင်းလဲတဲ့ မြင်ကွင်းကတော့ စတုဒီသာအလှူတွေပဲ ဖြစ်ပါတယ်။ သြင်္ကန်အကျရက်က စပြီး ရန်ကုန်မြို့တလွှားမှာ စတုဒီသာ ကျွေးမွေးတဲ့ မဏ္ဍပ်တွေ အများအပြား ဖွင့်လှစ်ထားကြပါတယ်။ ဒီနေ့ သကြၤန်အကြတ်နေ့ မနက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့က "နို့စိမ်းခေါက်ဆွဲ စတုဒီသာအလှူ" နဲ့ ရန်ကုန် လှိုင်မြို့နယ်က စတုဒီသာမဏ္ဍပ်တွေအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ မရတနာဦးတို့က တင်ပြထားပါတယ်။