နောက်ကြောင်းပြန် အရေးယူဖို့ မရှိ


2017.04.28
zaw-htay-620.jpg နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို နေပြည်တော်မှာ ဧပြီလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ အစိုးရဝန်ကြီးဌာန ၄ ခုရဲ့ ပထမတစ်နှစ်တာကာလ ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Win Naung Toe/RFA

မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၁၇၀၀ ကျော်ကို အရင်ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီအတွက် သုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နောက်ကြောင်း ပြန်သွားဖို့ မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံ ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ဝန်ကြီးဌာန ၄ ခုရဲ့သတင်းစာရှင်းလင်းပွဲမှာ ငွေကျပ် သန်း တစ်ထောင့်ခုနှစ်ရာကိစ္စကို သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခု လို ဖြေပါတယ်။

"ဒီအစိုးရသစ်ရဲ့ပေါ်လစီက ကျနော်တို့ဟာ နောက်ကြောင်းပြန်လှန်ဖို့ မဟုတ်ပါဘူး၊ နောက်ကြောင်းလှန် ရင်တော့ နောက်ကြောင်းပြန်နိုင်တဲ့ အနေအထားတွေရှိပါတယ်၊ ဒါက ကမ္ဘာပေါ်မှာ အသွင်ကူးပြောင်း တဲ့နိုင်ငံတွေ ပြန်ကြည့်လိုက်ပါ၊ များသောအားဖြင့် နောက်ကြောင်းတွေပြန်တယ် ဘတ်ငွေရိုက်တယ် ဆိုတာက နောက်ကြောင်းလှန်တဲ့ကိစ္စက အဓိကအရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်၊ အဲဒီတော့ အတိုင်ပင်ခံရဲ့ သူ့ရဲ့မးဝါဒက အရင်အစိုးရလက်ထက်မှာ ကျနော်တို့ လုပ်ခဲ့ကိုင်ခဲ့တာတွေရှိတယ်၊ ထားတော့ အခုအစိုးရသစ်လက်ထက်မှာ ဒီအစိုးရသစ်ရဲ့ မူဝါဒနဲ့အညီ အကောင်းဆုံးဆောင်ရွက်သွားဖို့ ဒါကပေါ်လစီပါပဲ"

အဲဒီငွေကို မကွေးတိုင်းဒေသကြီးအစိုးရထံ ပြန်လည်ပေးအပ်သွားမှာဖြစ်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့က ပြော ထားပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ကျန်းမာရေးနဲ့ အားကစား၊ တိုင်းရင်း သားရေးရာနဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနတွေက တစ်နှစ်တာ ဆောင်ရွက်မှုတွေကို ရှင်းပြခဲ့တာ ဖြစ် ပါတယ်။

ဦးဘုန်းမော်ရွှေဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ၅ နှစ် တာဝန် ယူခဲ့သူဖြစ်ပြီး လက်ရှိမကွေးတိုင်းလွှတ်တော်မှာ ကိုယ်စားလှယ်တစ်ဦးက မေးခွန်းမေးမြန်းရာကနေ အဲဒီငွေကြေး ကိစ္စ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။