ဝ တပ်ဖွဲ့ရဲ့သံဖြူ အမေရိကန် ကုမ္ပဏီတွေ တဆင့်ခံဝယ်ယူ


2016.11.28

အီလက်ထရောနစ်ပစ္စည်းတွေ၊ ဘက်ထရီတွေနဲ့ ပလိပ်ပြားတွေထုတ်လုပ်ရာမှာ မရှိမဖြစ် အသုံးတွင်ကျယ်လာနေ တဲ့ သံဖြူသတ္တုတွေကို ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေက ဝယ်ယူနေရာမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အမေရိ ကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားတဲ့ UWSA ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့က ထုတ်လုပ်နေတဲ့ သံဖြူတွေလည်းပါဝင်နေတယ်လို့ ရိုက်တာ သတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း တရုတ်နယ်စပ်မှာရှိတဲ့ UWSA အဖွဲ့ရဲ့သံဖြူအဖြိုုက်နက် ထွက်တဲ့ မန်းမောသတ္တု မိုင်းက သတ္တုရိုင်းတွေကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက သန့်စင်စက်ရုံမှာ သန့်စင်ပြီးနောက်၊ အဲဒီသံဖြူတွေကို ကမ္ဘာ့ထိတ်တန်း ကုမ္ပဏီ ၅၀၀ ကျော်က တရုတ်ကုန်သည်တွေဆီကနေ တဆင့်ခံ ဝယ်ယူနေတာဖြစ်ပါတယ်။

ဝတပ်ဖွဲ့ရဲ့ မန်းမောမိုင်းကထွက်ရှိတဲ့ သံဖြူသတ္တုအဟာ အဆင့်မြင့်အမျိုးအစားဖြစ်ပြီး ၂၀၁၃ ခုနှစ်က စပြီး ကြီးမားတဲ့ သတ္တုသိုက်ကြီးကို တွေ့ရှိခဲ့တာဖြစ်ပါ တယ်။ မန်းမောသတ္တုတွင်းက တနှစ်ကို သန့်စင်ပြီးသံဖြူ တန်ချိန် ၃ သောင်း၃ ထောင်ကျော်ထုတ်လုပ်ပြီး၊ ထုတ်လုပ်မှုနှုန်းက ကမ္ဘာအဆင့် ၁၀ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက ၂၀၀၃ ခုနှစ်ကစပြီး UWSA ခေါင်းဆောင်ပိုင်းကို မူယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ပတ်သက်လို့ ပိတ်ဆို့အရေးယူမူထားပေမဲ့၊ UWSA ရဲ့သံဖြူတွေကို ဝယ်ယူနေတဲ့ ကုမ္ပဏီ ၅၀၀ ထဲမှာ အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ Apple, Starbucks ကော်ဖီနဲ့ Tiffany လက်ဝတ်ရတနာ ကုမ္ပဏီတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ မူလပြဌာန်းချက်မှာ ကုမ္ပဏီတွေ အနေနဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့နေရာက ပစ္စည်းတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ အရောင်းအဝယ် လုပ်ခွင့်မရှိဘူးလို့ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။