အစိုးရတပ် နဲ့ AA တိုက်ပွဲများ ရပ်ပေးဖို့ အမ်းမြို့ခံများ ဆန္ဒပြ


2016.05.16
ann-protest-620.jpg ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်ပေးဖို့နဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးအဖြေရှာကြဖို့ မေလ ၁၆ ရက်နေ့က အမ်းမြို့မှာ ဆန္ဒပြကြစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော် နဲ့ AA လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေတာတွေ ရပ်တန့်ပေးဖို့နဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးအဖြေရှာကြဖို့ အမ်းမြို့မှာ ဒေသခံ ၃၀၀ လောက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ငြိမ်းချမ်းရေးရအောင် ဆွေးနွေးနိုင်ရေးအတွက် အစိုးရက ဦးဆောင်ကြိုးပမ်းပေးဖို့ လိုအပ်နေတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်ရာမှာပါဝင်တဲ့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရက မိန့်ပါတယ်။

"တိုင်းရင်းသားတွေ ဘာလိုချင်လဲ၊ တိုင်းရင်းသားတွေ ရင်ထဲမှာဘာရှိလဲ၊ တိုင်းရင်းသားတွေ ဘာဖြစ်ချင်သလဲ အဲ့ဒါကိုမျက်နှာချင်းဆိုင်ထိုင်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးသွားရင် အဆင်ပြေသွားမယ်လို့ထင်ပါတယ်၊ ဒီစစ်တပ်ကို ချေမှုန်းနိုင်ရင်လည်း နောက်ထပ်စစ်တပ်ပေါ်လာမှာပဲ၊ ဒါကြောင့် ဒီလမ်းကြောင်းကိုမသွားပါ နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပါ၊ ဒါကိုအစိုးရက ဦးဆောင်ပြီးတော့ ဆောင်ရွက်ပေးပါဆိုပြီး ဆန္ဒပြတာပါ"

AA လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်ပြီး ဖမ်းဆီးအကျဉ်းချထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း ဆန္ဒပြသူတွေ က တောင်းဆိုကြပါတယ်။

စစ်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးအဖြေရှာကြဖို့ အခုလအတွင်း ရခိုင်ပြည်နယ် မြို့နယ်ပေါင်း ၁၀ ခု ကျော်မှာ ဒေသခံတွေ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။