ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာကို အာဆီယံက စောင့်ကြည့်နေ

အာဆီယံ အထွေထွေ အတွင်းရေးမှူး Dr. Surin Pitsuwan က ဘင်ဂါလီ ရိုဟင်ဂျာ အရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံခြားရေးဝန်ကြီးတွေကို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း တွေ့ဆုံမေးမြန်းလိုက်ပါတယ်။
2012-07-14
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
surin-pitsuwon-b305
အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်
Photo courtesy of ASEAN web site

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပတ်သက်တာကို အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကိစ္စကို စောင့်ကြည့်ပြီး အစီရင်ခံတင်ပြရန် အာဆီယံ အတွင်းရေးမှူးအဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ အဲဒီအတွင်းရေးမှူးအဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေကို အထွေထွေ အတွင်းရေးမှူးက ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။

လက်ရှိ အထွေထွေအတွင်းရေးမှူး Dr. Surin Pitsuwan က အာဆီယံ နိုင်ငံတွေမှာ ရွေ့ပြောင်း အလုပ်သမားတွေအဖြစ် သွားရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အပေါ် အာဆီယံ ပြည်သူတွေက စိုးရိမ်နေတဲ့ အချက်ကို အလေးအနက် ထားပါတယ်လို့ ပြောပါတယ်။

ဒါအပြင် Dr. Surin Pitsuwan က အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေကြရတဲ့ ဒုက္ခတွေကို မိမိတို့က နား၊ မျက်စိဖွင့်ပြီး စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

အခုဖြစ်နေတာကမြန်မာနှိင်ငံထဲကိုခိုးပြီးဝင်ရောက်လာတဲ့သူတွေကြောင့်ပါ။ခိုးဝင်လာတဲ့သူဟာဘယ်ဘာသာကိုပဲကိုးကွယ် ကိုးကွယ် သူဟာတိုင်းတပါးသားပါ။ကျွန်တော်တို့နှိင်ငံသားလုံးဝ
မဟုတ်ပါ။ဒါဟာ ဘာသာရေးနဲ့မဆိုင်ပါဘူး။မူဆလင်ဘာသာကိုးကွယ်သူတွေမြန်မာနှိင်ငံမှာရှိနေတာပဲ.ဗလီတွေလည်းရှိနေတာပဲလေ။အစိုးရအဆက်ဆက်ကလည်းခွင့်ပြုထားခဲ့တာပဲ။ဘာလိုရည်ရွယ်ချက်နဲ့တိုင်းတပါးသားတွေကို ကျွန်တော်တို့နှိင်ငံထဲဝင်စေချင်တာလဲ။လုံးဝလက်မခံဘူး။နှိင်ငံတကာမှာလည်းလူဝင်မှု့ကြီးကြပ်ရေးဥပဒေရှိတာပဲ။

Nov 23, 2012 01:10 PM

မိုးထက်

နေရပ်- မတလ

အကြမ်းဖက်မှုကိုအလိုမရှိပါရိုဟင်ဂျာတွေရေ။

Oct 14, 2012 11:03 PM

အမည်မဖော်လိုသူ

အဲဒီ အာဆီယံအတွင်းရေးမှူးကိုယ်တိုင်က မွတ်စလင်ဆိုတော့ ဘဂါင်္လီအရေးအာဆီယံကို ခုတုံးလုပ်နေတာလယ်ပြင်မှာဆင်သွားသလိုထင်ရှားနေတာပဲဗျာ

Jul 29, 2012 05:51 AM

DESIRE

PEACE,MERCY,JUSTICE.ဆိုင်တာကိုဘဲလုပ်ပါ မဆိုင်တဲ့သူကို ပြသနာရှာရင် လက်ရှိထက်ပိုဆိုးလိမ့်မယ် ဘင်ဂါလီတွေရေ

Jul 17, 2012 05:16 AM

lovelynation

နေရပ်- သဃန်းကျွန်းမန

ရိုဟင်ဂျာတွေကိုနိုင်ငံမှာလက်မခံနိုင်တဲ့ဆန်ဒသည်မြန်မာ့နိုင်ငံ သားအားလုံးတို့ရဲ့ဆန်ဒဖြစ်ပါတယ်။

Jul 16, 2012 03:35 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.