တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

သူ့အနေနဲ့ တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင် လုပ်ကိုင်သွားမှာဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ မနေ့က သတင်းထောက်တွေရဲ့ အမေးကို ဖြေကြား ရာမှာ ပြောသွားခဲ့ပါတယ်။
2012-06-28
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-paris-alone-b305
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ပဲရစ်မြို့ Sorbonne University တွင်ပြုလုပ်သော ညီလာခံတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေစဉ်။
AFP

တိုင်းပြည်ကို ဦးဆောင်လုပ်ကိုင်သွားဖို့ အဆင်သင့် ပြင်ထားပါသ လားလို့ အေအက်ဖ်ပီိ သတင်းထောက်က မေးမြန်းတာကို ဒေါ်အောင် ဆန်းစုကြည်က အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီကို ယုံကြည်တဲ့ ဘယ်နိုင်ငံရေးပါတီ ခေါင်းဆောင်မဆို ကိုယ့်ကိုယ်ကို တိုင်းပြည်ကို ဦးဆောင်သွားနိုင် ဖို့ ပြင်ဆင်ထားရမှာ ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုခဲ့ပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ ဒီကိစ္စကိုပဲ အမြဲစဉ်စားပြီး လုပ်နေတာတော့ မဟုတ်ပါဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ပစ္စုပ္ပန်မှာ လုပ်စရာရှိတဲ့ အကြောင်းကိစ္စတွေကိုပဲ အဓိက အာရုံထား လုပ်ကိုင်နေကြာင်း၊ ဒါပေမယ့်လည်း ဒီပစ္စုပ္ပန်ဟာ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်နေမှာပဲ ဖြစ်တယ်လို့ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ် ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ မြန်မာပြည်ကို ပြန်တော့မှာ ဖြစ်ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Only DASSK can lead our country I strongly believed.

Jul 06, 2012 06:37 PM