ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ World Economic Forum ကမ္ဘာ့ စီးပွားရေးညီလာခံမှာ သတင်းစာဆရာတွေရဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။
ဒါ့အပြင် တခြားမေးခွန်းတွေကို ဖြေကြားရာမှာ မြန်မာနိုင်ငံကို အမေရိကန်နဲ့  တရုတ်ပြည်တို့က နယ်မြေလုသလိုမျိုး ပြိုင်ဆိုင်နေကြတယ်လို့ ပြောဆိုနေကြတာဟာ မလိုလားအပ်တဲ့ ကိစ္စဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ဆိုတာ အရေးကြီးကြောင်း ပြောသွားပါတယ်။
အဲဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
| တင်ပြချက်။ | |
| အသံဖိုင်ယူရန်။ |