ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ ဒီကနေ့ နေ့လည်ပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
2012-08-13
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-parliament-081312-b305
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၃ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေး တက်ရောက်နေစဉ်။
RFA

တွေ့ဆုံပွဲဟာ ၂ နာရီ နီးပါးခန့် ကြာမြင့်ခဲ့ပြီး ဆွေးနွေးချက်တွေကို သတင်းထုတ်ပြန်ဖို့ မရှိကြောင်း ပြန်ကြားရေးတာဝန်ခံ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

"နေ့ခင်း ၁၁ နာရီ ကျော်ကျော်လောက်မှာ အဲဒီကနေ တောက်လျှောက်တွေ့တာ နေ့လည် ၁၂ နာရီခွဲလောက်အထိ အဲဒီမှာတွေ့ပါတယ်။ သီးသန့်လာပြီးတော့ ဖိတ်ကြားပြီးတော့ အဲတာ ဆွေးနွေးတာ။ ဘာတွေဆွေးနွေးလဲ မပြောပါဘူး။ ဘာမှ ထပ်ပြီးထုတ်ပြန်ဖို့ မပြောဘူး။ မနေ့က ဆွေးနွေးချက်တွေလည်း မပြောဘူး"

လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းမှာ ပါဝင်တဲ့ တချို့ပုဒ်မတွေကို အတည်ပြုကြောင်းလည်း သိရပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Aung

နေရပ်- N/Dagon

I believe, trust and love Amay suu.

Aug 23, 2012 11:55 PM

သန်းထိုက်

နေရပ်- pku

မှတ်ချက်ပေးသူများအတွက်
အပြစ်တင်ဖို့ ဆိုတာ ကလေးကအစ လုပ်တတ်ပါ
တယ် မိမိကရော တိုင်းပြည်အတွက် ဘယ်လောက်လုပ်ပြီးပြီလဲ
စကားလုံး က နဲနဲ ကြီးသွားပါတယ်
မင်းတို့ အတွက် အိမ်စားဝတ် နေရေး ဘယ်လောက် လုပ်နိုင်လို့  ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်ရတာလဲ
ကိုယ့် အဆင့်ကို သိပါကွာ
မရူးစမ်းပါနဲ့ 
ဘယ်တော့ မှ ဗိုလ်ချူပ် ကျေးဇူး မမေ့နဲ့ ကွ

pkutha361@gmail.com

Aug 15, 2012 08:48 AM

အမည်မဖော်လိုသူ

မင်းတို့ ကောင်တွေက နိုင်ငံအတွက်ဘာတွေလုပ်ထားလဲ အရင်ပြောပါ..ပြီးမှ ဝေဖန်တာ ပိုကောင်းမယ်

Aug 14, 2012 11:14 PM

အမည်မဖော်လိုသူ

It doesn't matter Auntie Suu goes to Arakan, what matter is the government need to take care and uphold the current citizenship laws of Burma.

Aug 14, 2012 10:22 PM

kyawnyunt

အခုလိုဒေါ်စုနဲ့အစိုးရမကြာမကြာတွေ့တာဝမ်းသာစရာပါ။အရင်ကဒေါ်စုကိုအပုတ်ချခဲ့သလောက်အခုတော့------

Aug 14, 2012 11:03 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.