ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့် ပြောဆို

မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ စစ်အစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင် မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

2012.04.07
khin-nyunt-voting-b305 ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးအပြီး တွေ့ရစဉ်။
AFP

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာမှာ အဲဒီလို ပြောဆိုလိုက်တာပါ။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့ ဒီပဲယင်း လုပ်ကြံမှုကြီးမှာ စစ်အစိုးရ ကျောထောက်နောက်ခံပြု လူအုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ မိမိရဲ့လူတွေကို စေလွှတ်ခဲ့ကြောင်း၊ မိမိလူတွေက သူ့ကို အနီးကဘေးကင်းရာ တပ်စခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ကြောင်း ဦးခင်ညွန့်က ဘန်ကောက်ပို့စ်ကို ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုမှာ နေထိုင်တဲ့ ထောက်လှမ်းရေးနဲ့ သံရုံးအရာရှိဟောင်း ဦးအောင်လင်းထွဋ် ကလည်း ဟုတ်မှန်ကြောင်း ထောက်ခံပါတယ်။

" ကျွန်တော် သိသလောက်ပေါ့လေ။ အဲဒီအချိန်တုန်းကတော့ ဒီပဲယင်းနဲ့ ပတ်သက်ပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အချိန်ခါမှာ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ခေါ်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားပြီးတော့ တားပါတယ်ခင်ဗျ။ ထောက်လှမ်းရေး ၁၆ ကတပ်မှူး ဗိုလ်မှူးမိုးသူက ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီး အဲဒီအစီအစဉ်ရှိတယ် ဆိုတဲ့ဟာကို သွားတားတာ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဒီပဲယင်းရယ်၊ ဒါမှမဟုတ် ဒီပဲယင်းကို မသွားဖြစ်ရင် စစ်ကိုင်းတံတားမှာ လုပ်ဖို့၊ အခုလက်ရှိ သံရုံးမှာ ရှိတဲ့သံမှူးက သူက အဲဒီအချိန်တုန်းက အင်းဝ တံတား၊ စစ်ကိုင်းတံတားမှာ သူတပ်ခွဲမှူးနဲ့ တာဝန်ကျပါတယ်။ ဖြစ်စဉ် ဖြစ်ဖြစ်ချင်းမှာ သိသိချင်း ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှမဖြစ်အောင် ထောက်လှမ်းရေးတွေ အနေနဲ့ ဒီပဲယင်း ရဲစခန်းမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်သွားပါတယ်"

ဒီပဲယင်း တိုက်ခိုက်မှုမှာ သေဆုံးသူ အရေအတွက်ကို အစိုးရကအခုထိ မကြေညာခဲ့ပေမဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ အဆိုအရ သေဆုံးသူ လူ ၅၀ လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဦးခင်ညွန့်က မိမိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ညီမငယ်သဖွယ် သဘောထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာပြတ်သားမှု အပေါ်မှာလည်း နှစ်သက်လေးစားမိကြောင်း၊ မိမိအနေနဲ့ အရွယ်စုံ၊ အမျိုးစုံ အရပ်ဘက် နိုင်ငံရေးသမားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့တဲ့ မှတ်တမ်းတွေ ရှိပါကြောင်း၊ ဒါပေမဲ့ တချို့အခြေအနေတွေဟာ ရင့်ကျက်လာဖို့ အချိန်ယူရကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်နဲ့အတူ ပူးတွဲပြီး တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အောင်အောင်မြင်မြင် ထူထောင်နိုင်ပါစေလို့ ဆုတောင်းပါကြောင်း ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-08 00:27

အမေစုကို ခင်ညွန့်ကိုယ်တိုင်ပါဝင်ပြီး သတ်ဖို့ လုပ်ကြံတဲ့အထဲမှာပါဝင်နေတယ်ဆိုတာ အားလုံးအသိပါ.....အခုမှ စစ်ခုံရုံးကို ကြောက်လို့..သူ့ကိုသူ လွတ်အောင်ပြောတဲ့စကားတွေပါ....သူကိုယ်တိုင် ဖွဲ့စည်းထားတဲ့ ထောက်လှမ်းရေး ၁၇ တွေဟာ ဘယ်လောက်ထိ ရန်ကားခဲ့တယ်ဆိုတာ ပြည်သူတွေအသိပါ...

Anonymous
2012-04-08 05:32

Khin Nyunt put ASSK house arrest. Now he claims he saves ASSK live. It is really a joke Mr Khin Nyunt. One thing for sure is he killed so many pro democracy activists.

Anonymous
2012-04-08 07:58

အဲဒါတွေကို မယုံဘူးဟေ့

Anonymous
2012-04-08 03:28

ဘုရားမဟုတ်သည်.အတွက်ဘာကိုမှကြိုပြောလို.မရနိုင်ပါ...ရဲတွေး(စုံထောက်တွေး)တွေးထားရပါမည်
အချိန်ကစကားပြောပါလိမ်.မည်။

Anonymous
2012-04-08 13:54

အမှန်တကယ်ဆောင်ရွက်ခဲ့တယ်ဆိုရင် လုပ်ကြံမှုအကြံစီကိုသိနေပြိးတဲ့အတွက်ဇာတ်လမ်းမှာပါဝင်သူတွေကိုသိရှိပြိးဖြစ်ပါတယ် ဖေါ်ထုတ်ပြိးအရေးယူသင့်ပါသည်။

Anonymous
2012-04-08 18:23

That means military juntas are world criminals of planning to kill the all opposition people who have no weapons. Very shameful confession by previous Priminister who also involved in killing plot of Depayin massacre.

Anonymous
2012-04-07 17:24

ခင်ဗျားကကယ်တင်တယ်ဆိုရင် ဒေါ်စုကိုလုပ်ကြံတဲ့သူတွေအရင်ဖေါ်ထုတ်ပေးပါကိုကလိမ်ကကျစ်ကြီးရယ် ခင်ဗျားဒုက္ခပေးထားတာတွေများနေပြီ အခုဘာလုပ်အုံးမလို့ ဒီစကားပြောတာလဲ၊ ကြောက်စရာကောင်းတဲ့လူကြီး၊ ဘာတွေကလဖန်ထိုးအုံးမလို့ တုန်း၊ ခင်ဗျားကိုတတိုင်းပြည်လုံးကမယုံဘူးဗျို့ 

Anonymous
2012-04-08 02:34

There must have investigation on what was his involvement in all criminal cases of torturing and killing of Myanmar people by Khin Nyunt and his men.

Anonymous
2012-04-07 20:14

Senior general and his idoits are all criminal. This case of murder many innocent people must bring to justices.

Anonymous
2012-04-07 18:12

Who is going to believe him?

Anonymous
2012-04-07 16:23

ဦးခင်ညွန့်ကို မြန်မာ့စစ်ခေါင်းဆောင်တွေထဲမှာတော့ အလေးစားဆုံးပါပဲ. လူဆိုတော့ အပြစ်နဲ့တော့မကင်းနိုင်ပါဘူး။ တစ်ခါလောက်တော့ တွေ့ဖူးချင်တယ်။

Anonymous
2012-04-08 00:48

I like U Khin Nyunt ...

Anonymous
2012-04-08 15:44

လျှာအရိုးမရှိတိုင်း လိုက်ပြောနေပြန်ပြီး ခင်ညွတ်ကတော့။ မျက်နှာလို မျက်နှာရနိုင်တယ်တာ။ အရှက်ကိုမကိုမရှိဘူး။