ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲမိန့်ခွန်းပြောမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆု အပါအဝင် တခြားဆုတွေကို လက်ခံယူဖို့အတွက် ဝါရှင်တန်ဒီစီ မြို့တော်ကို မနေ့က မနက် ၁ဝ နာရီခွဲမှာ ဂျပန်နိုင်ငံကတဆင့် ရောက်ရှိလာပါတယ်။
2012-09-18
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
assk-asia-society-0918-b305
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က ဝါရှင်တန် ဒီစီတွင် USIP နှင့် Asia Society အဖွဲ့တို့ ပူးတွဲ ကမကထ ပြုလုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
RFA

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အမေရိကန်စံတော်ချိန် မနက် ၉ နာရီမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton နဲ့ ပူးတွဲမိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ USIP ခေါ် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆိုင်ရာအဖွဲ့နဲ့ Asia Society အဖွဲ့တို့ ပူးတွဲ ကမကထပြုတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ဒီကနေ့ တက်ရောက် မိန့်ခွန်းပြောဖို့ ရှိပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးရဲ့ အနာဂတ် အလားအလာနဲ့ စိမ်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ် လို့ ဆိုပါတယ်။ ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton လည်းတက်ရောက်ပြီး အဖွင့်မိတ်ဆက်စကား ပြောကြားမှာပါ။

“အသွင်ကူးပြောင်းနေတဲ့ မြန်မာပြည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်း” လို့ အမည်ပေးထားတဲ့ ဒီဆွေးနွေးပွဲ ကျင်းပပုံကို ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီခွဲမှာ အင်တာနက်ကတဆင့် တိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

အဲဒီနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ RFA လွတ်လပ်တဲ့ အာရှအသံကို ဒီကနေ့ နေ့လည် ၂ နာရီ (မြန်မာစံတော်ချိန် ဒီည ၁၂ နာရီခွဲတိတိ) မှာ လာရောက်ပြီး (၁)နာရီကြာမျှ အချိန်ယူလည်ပတ် ကြည့်ရှုမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို မနက်ဖြန်မနက် RFA ရုပ်သံနဲ့ ရေဒီယို အစီအစဉ်တွေကနေ တင်ဆက်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း အမေရိကန် သမ္မတကတော် Mitchelle Obama ကလည်း သမ္မတ အိမ်ဖြူတော်မှာ တစ်ညတာ လာရောက်လည်ပတ် တည်းခိုဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားတယ်လို့ ဝါရှင်တန်မှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေကို ကိုးကားပြီး Foreign Policy စာစောင်က ရေးသားပါတယ်။

အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတည်ခင်းမယ့် ညစာစားပွဲကို သမ္မတဟောင်း George W Bush ၊ သမ္မတဟောင်း Bill Clinton နဲ့ ကမ္ဘာကျော် Microsoft ကွန်ပြူတာ လုပ်ငန်းရှင် သူဋ္ဌေးကြီး Bill Gates တို့လည်း တက်ရောက်ကြမယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

R.Sibia

နေရပ်- Kansas City, Kansas .USA

When i heard this news that Daw Aung San Suu Kyi will rest at White House for a night, my tear roll down on my face. I am supporting Daw Aung San Suu Kyi and that will never end.

Sep 19, 2012 02:47 AM

Aung

နေရပ်- N/Dagon

We are proud of you Amay Suu.We hope
you wll bring many good things for our country from the America.

Sep 18, 2012 08:17 PM