ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို ပြန်လည်စိစစ်လက်ခံရေးစခန်း နှစ်ခု ဖွင့်လှစ်မည်

2017-09-27
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့သူတွေအတွက် ပြန်လည်စိစစ်လက်ခံရေးစခန်းတွေကို တောင်ပြိုလက်ဝဲနဲ့ ငခူရကျေးရွာတွေမှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ရခိုင်အရေးအကြံပြုချက်တွေကို အကောင်အထည်ဖော်ရေးကော်မတီဟာ နေပြည်တော်မှာ ဒီနေ့ အစည်းအဝေး ကျင်းပပြီးနောက် ဒေါက်တာဝင်းမြတ်အေး က သတင်းသမားတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

"National Verification Process နဲ့ ပတ်သက်ပြီးတော့ ဒါတွေကို ဦးစားပေးပြီးတော့ ဆောင်ရွက်မှာတွေ ရှိတယ်ပေါ့နော်၊ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကြိုတင်ပြင်ဆင်ထားတာတွေရှိတယ်၊ ဒါက ပြန်လည်လက်ခံတာနဲ့ ဆက်စပ်သွားတယ်လေ၊ ကုန်းလမ်းဆိုရင် တောင်ပြိုလက်ဝဲမှာလုပ်မယ်၊ ရေလမ်းဆိုရင် ငခူရမှာလုပ်မယ်"

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူပေါင်း လေးသိန်းကျော် ထွက်ပြေးသွားတယ်လို့ နိုင်ငံတကာ မီဒီယာတွေနဲ့ ကုလသမဂ္ဂက ခန့်မှန်းပြောဆိုထားတာတွေရှိပါတယ်။

မြန်မာအစိုးရကတော့ ၁၉၉၃ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူညီထားတဲ့ အချက်တွေအတိုင်း စိစစ်လက်ခံ မယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်ကုန်မှာ ရသေ့တောင်၊ ဘူသီးတောင်နဲ့ မောင်တောဒေသက အိမ်ခြေ ၃သောင်း နီးပါး မီးလင်းအောင် ဆောင်ရွက်မှာဖြစ်သလို လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေမှာ တိုး တက်အောင်ဆောင်ရွက်မယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒီကနေ့ အစည်းအဝေးကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအ၀င် ဌာနဆိုင်ရာတွေက အမြဲတမ်းအတွင်းဝန်၊ ညွှန်ချုပ်အဆင့်ရှိအရာရှိကြီးတွေလည်း တက်ရောက်ကြပါတယ်။

ကွန်မင့်များ (2)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

မြန်မာဘက်ကမှန်ခဲ့ယင် ရိုဟင်ဂျာအပေါ် ထားရှိတဲ့ကိုယ်နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ မူဝါဒပေါ်ရပ်တည်သင့်ပါတယ်။ ကိုယ့်မှန်ယင် နိုင်ငံတကာရှေ့မှောက်မှာလက်မထောင်ပြီး ရပ်တည်နိုင်တယ်.... အခုတော့ ရှေ့ကဖုန်းနောက်ကဖေါ်ဖြစ်နေပြီး။

Sep 28, 2017 08:46 AM

Aung Zaw Oo

မြန်မာနိုင်ငံသားမဟုတ်ဘူး... ခိုးဝင်လူပါလို အမြဲငြင်းနေခြင်းခံရတဲ့ ဒီလူတွေကို ဘာလိုကိုယ်နိုင်ငံထဲပြန်လက်ခံနေရသလဲ? ယင်းဘင်္ဂလီတွေကို သူတို့နိုင်ငံမှာဘဲနေခိုင်းပါ။

Sep 28, 2017 08:38 AM

ဆိုက်တခုလုံးသို့