ဘဏ်တိုးနှုန်းအပေါ် အခွန်ကောက်ခံဖို့ အစီအစဉ် မရှိ


2017.02.20
bank-interest-620.jpg ဘဏ်တိုးနှုန်းအပေါ် အခွန်ကောက်ခံဖို့ အစီအစဉ်မရှိကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ဓါတ်ပုံ - ကြေးမုံသတင်းစာ

ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေကြေးရဲ့ အတိုးနှုန်းအပေါ် အခွန်ကောက်ခံဖို့ အစီအစဉ်မရှိကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီနေ့ထုတ် အစိုးရသတင်းစာမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဝင်ငွေခွန်ဥပဒေအရ ဘဏ်အတိုးရငွေအပေါ် အခွန်ကောက်ခံဖို့ ပြဌာန်းထားပေမယ့် လတ်တလောမှာ ကောက်ခံ သွားဖို့ အစီအစဉ်မရှိကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် က ပြောပါတယ်။

အဲဒီလိုအခွန်ကောက်ခံမယ်ဆိုရင် ဘဏ်တွေနဲ့ ငွေကြေးအပ်နှံသူတွေအပေါ် နစ်နာမှုတွေ ရှိလာနိုင်ကြောင်း လည်း ပြောပါတယ်။

ဘဏ်အပ်ငွေတွေထဲကရမယ့် အတိုးတွေကနေ အခွန်ကောက်ခံမယ်ဆိုပြီး ပြည်တွင်းသတင်းမီဒီယာတချို့ မှာ ဖော်ပြခဲ့တာကြောင့် ဒီရက်ပိုင်းအတွင်း ပြောဆိုဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။ ဘဏ်တွေမှာ အပ်နှံထား တဲ့ငွေရဲ့ အတိုးရငွေအပေါ် ပြည်တွင်းအခွန်ဦးစီးဌာနအနေနဲ့ လက်ရှိအခြေအနေမှာ အခွန်ကောက်ခံဖို့ အစီအစဉ် မရှိသေးကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။