ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သဲနီရွာအနီးမှာ ပြီးခဲ့တဲ့ မေလ ၄ ၇က်နေ့ ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွား ခဲ့လို့ လူနှစ်ယောက်သေဆုံးပြီး၊ သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ပါတယ်။
သူတို့ဟာ လက်လုပ်မိုင်း ပြုလုပ်နေစဉ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာမှာ မိုင်းလုပ်ရာမှာ အသုံးပြုတဲ့ ယမ်း၊ ကန့်၊မီးသွေးမှုန့်တွေနဲ့ တခြားပစ္စည်းတွေ တွေ့ရှိ သိမ်းဆည်းမိခဲ့တယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။
လက်လုပ်မိုင်း ပြုလုပ်ခဲ့ရာမှာ သေဆုံးသူတွေ၊ ဒဏ်ရာရှိသူတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေသလို၊ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူတွေကို ဆက်လက် စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။