ကိုယ်စားလှယ်လောင်းစိစစ်ရွေး ချယ်ရေး သြဂုတ်လကုန်အထိ အချိန်တိုးမြှင့်


2015.08.22
election-commission-620.jpg နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ နိုင်ငံရေးပါတီ ၆၅ ပါတီတို့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်မယ့်ရက်ကို နောက်ဆုံးရက်ကို သြဂုတ်လကုန်အထိ အချိန်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားသူတွေထဲမှာ လက်ရှိလွှတ်တော်အစည်းအဝေးတွေ တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်တာကြောင့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုယ်တိုင်သွားရောက် စစ်ဆေးမခံနိုင်ကြသေးတဲ့အတွက် အခုလို ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်တယ် လို့ ကော်မရှင်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကိုယ်စားလှယ်လောင်းအရည်အချင်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို ခရိုင်ရွေးကောက်ပွဲကော်မရှင် ရုံးခွဲတွေက စိစစ်ရမှာဖြစ်ပြီး အရင်က သြဂုတ်လ ၁၈ ရက်နေ့ကနေ သြဂုတ်လ ၂၇ ရက်နေ့အထိဆိုပြီး သတ်မှတ်ထား တာ ဖြစ်ပါတယ်။ လက်ရှိမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားသူတွေကို စိစစ်ရွေးချယ်နေ ပြီး နေပြည်တော်ကောင်စီနယ်မြေအတွက် ကိုယ်စားလှယ်လောင်း ၄၃ ဦးကိုတော့ စိစစ်အတည်ပြုပြီးဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားသူ ၆၁၈၉ ဦး ရှိပြီး၊ ကိုယ်စားလှယ်တွေဟာ စက်တင်ဘာလ ၈ ရက်နေ့ ကနေ နိုဝင်ဘာလ ၆ ရက်နေ့အထိ မဲဆွယ်စည်းရုံးနိုင်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။