သက်ငယ်မုဒိမ်းမှု ပပျောက်ရေး လမ်းလျှောက်ဆန္ဒပြ

2017-07-16
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ သက်ငယ်မုဒိမ်းမှုပပျောက်ရေးအတွက် ဇူလိုင်လ ၁၆ ရက်နေ့က ဒေသခံတွေ ဆန္ဒပြတောင်းဆိုနေစဉ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ သက်ငယ်မုဒိမ်းမှုပပျောက်ရေးအတွက် ဇူလိုင်လ ၁၆ ရက်နေ့က ဒေသခံတွေ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Zaw Zaw/ Facebook

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် ဒေသခံ ၄၀၀ က မြို့ပေါ်မှာ လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ပြည်သူတွေကို သက်ငယ်မုဒိမ်းမှု အသိပညာပေးချင်တဲ့ရည်ရွယ်ချက်အပြင် ကျူးလွန်သူတွေကို ဥပဒေအရ ကြီးလေးစွာအရေးယူပေးဖို့ အခုလိုလမ်းလျှောက် ဆန္ဒထုတ်ဖော်ကြတာလို့ ဦးဆောင် လှုပ်ရှားသူ ဒေါ်ရှင်ဌေး က ပြောပါတယ်။

"ကလေးသူငယ်မုဒိန်းမှုကို ပြည်သူတရပ်လုံး ပထမတစ်ချက် အသိပေးတဲ့သဘောပဲ၊ ပြည်သူလူထုက အဲဒါအသိပေးလိုက်လို့ရှိရင် ပိုပြီးတော့ထိအားပေါ့လေ ကာကွယ်ပေးတဲ့ဟာပေါ့၊ အဓိက ကလေးသူငယ်များ ကို ကာကွယ်ပေးစေချင်တာတပိုင်း၊ နောက်တစ်ခုက ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးရင် ဥပဒေမှာ သက်ငယ်မုဒိန်းမှု ဖြစ်လာခဲ့သည်ရှိသော် ထိရောသော အရေးယူပေးစေချင်တာပေါ့၊ ပုဒ်မကြီးကြီးနဲ့လေ အနှစ် ၂ဝ၊ ၃ဝ အဲလိုမျိုး၊ ထောင်ဒဏ်လို တစ်သက်တစ်ကျွန်းလို ချပေးစေချင်တယ် ရည်ရွယ်ချက်က ဥပဒေပိုင်းဆိုင်ရာ ထိရောက်စွာ အရေးယူပေးစေချင်တယ်"

သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်တွေ မသိနားမလည်မှုသည် အနိုင်ကျင့်ရန်မဟုတ်ပါ၊ သက်ငယ်မုဒိမ်းမှု ချက်ချင်းရပ်စတဲ့ တောင်းဆိုချက် ၅ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ မြို့သစ်နယ်မြေဈေးနဲ့ ကလွင်ဂေါက်ကလပ်အနီးတ၀ိုက်ကနေ လမ်းကြောင်း နှစ်ကြောင်းနဲ့ ချီတက်ကြတာဖြစ်ပြီး မြိတ်တောင်ရပ်မှာရှိတဲ့ အရှေ့သိမ်ကွင်းမှာစုံပြီး သက်ငယ် မုဒိမ်းမှုအကြောင်း ဟောပြောခဲ့ကြတာဖြစ်ပါတယ်။

မြိတ်မြို့မှာ ပြီးခဲ့တဲ့လက တစ်လအတွင်း သက်ငယ်မုဒိမ်းမှု ၃ ခုဆက်တိုက်ဖြစ်ခဲ့ပြီး အခုချိန်ထိ တရားရုံးတွေမှာ ထိရောက်တဲ့ စစ်ဆေးမှုတွေ မပြုလုပ်နိုင်သေးဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

နောက်ထပ်လည်း သက်ငယ်မုဒိမ်းမှုတွေနဲ့ပက်သက်တဲ့ ပညာပေးတာတွေ ဆက်လုပ်သွားမယ်လို့ ဦးဆောင်လှုပ်ရှားသူတွေ ပြောပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့