၅၉ (စ)ကို မပြင်ဖို့ လူထုထောက်ခံပွဲပြုလုပ်

2016-02-28
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဖေဖေယ်ဝါရီလ ၂၈ ရက်နေ့က ပုဒ်မ ၅၉ ဆက်လက်တည်ရှိရေး ကိုနေမျိုးဝေ ဟောပြောနေစဉ်
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဖေဖေယ်ဝါရီလ ၂၈ ရက်နေ့က ပုဒ်မ ၅၉ ဆက်လက်တည်ရှိရေး ကိုနေမျိုးဝေ ဟောပြောနေစဉ်
Photo:Aung Thain Kha/RFA

နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ကို ပြင်မယ်ဆိုရင် စစ်တပ်နဲ့ ပူးပေါင်းသွားမယ်လို့ ကြေညာလိုက်ကြောင်း မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ကိုနေမျိုးဝေ က ပြောပါတယ်။

အခြေခံ ဥပဒေ ပုဒ်မ ၅၉ ဆက်လက်တည်ရှိရေး ထောက်ခံဟောပြောပွဲကို ဒီနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပစဉ် ကိုနေမျိုးဝေက လက်ရှိနိုင်ငံရေး အခြေအနေအကြောင်း ဟောပြော ရင်းထည့်သွင်း ပြောခဲ့တာဖြစ်ပါတယ်။

"ဦးရွှေမန်းက လွှတ်တော်ဥက္ကဌ လွှတ်တော်နာယကနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်၊ ဦးရွှေမန်းနဲ့ ဦးသိန်းစိန် အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာခုံရုံးနဲ့ ပဋိပက္ခတွေဖြစ်ကြတယ်၊ စစ်သားတွေအချင်းချင်း စစ်သားလူထွက် အချင်းချင်း ပါဝါတွေပြိုင်ကြတယ်၊ အဲ့လိုပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲမှာ သူ့ရဲ့သြဇာကိုခံမယ့် သူ့ကိုချစ်တဲ့၊ မြတ်နိုးတဲ့ လွှတ်တော်အမတ်တွေ ရှိနေတဲ့အချိန်မှာ လွှတ်တော်နာယကလိုနေရာမျိုးကို ဝင်ထိုင်ပြီးသကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်တဲ့ သမ္မတ တစ်ယောက်ကိုတင်ပြီးတော့ ပါဝါပေးလိုက် လုပ်ပါရပါတယ်၊ ၅၉(စ)ကို ပြင်မယ်ဆိုရင် ကျနော်တို့က တပ်မတော်ထဲကို ဘော်လံဒီယာပဲ ဝင်ရဝင်ရ၊ ပေါ်တာပဲ အဆွဲခံရခံရ၊ စစ်တပ်နဲ့ပေါင်းမှာဖြစ်ကြောင်း ကြေ ညာရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား"

ဒီနေ့ ပြုလုပ်တဲ့ပွဲကို မြန်မာအမျိုးသားရေးကွန်ရက်က ကိုဝင်းကိုကိုလတ်၊ ရှေ့နေ ဦးအေးပိုင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါ်ခင်ဝိုင်းကြည်နဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ တို့က ပုဒ်မ ၅၉ ကို ထောက်ခံတဲ့အကြောင်း ဟောပြောခဲ့ကြပါတယ်။

ဟောပြောပွဲ တက်ရောက်လာသူ ၃ဝဝ လောက်ဟာ “မြန်မာ့နောင်ရေး စိတ်ချဖို့ ပုဒ်မ ၅၉ ထောက်ခံစို့၊ ပုဒ်မ ၅၉ ပြင်ဆင်သူ အမျိုးသားရေး ဘုံရန်သူ၊ ပုဒ်မ ၅၉ ထောက်ခံမှ တိုင်းရင်းသားတို့ဘဝ စိတ်ချရ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) အား ဆိုင်းငံခြင်း၊ ပြင်ဆင်ခြင်း လုံးဝမပြုလုပ်ရန် အမျိုးသားရေး အင်အားစုများက တောင်းဆို ပါသည်” စတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။

ဒီကနေ့ ဟောပြောပွဲကို သံဃာတော်တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ စတဲ့ပါတီတွေလည်း တက်ရောက်ခဲ့ကြပြီး ပုဒ်မ ၅၉ ကိုထောက်ခံတဲ့ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီထောက်ခံပွဲနဲ့ ပတ်သက်ပြီး အာအက်ဖ်အေသတင်းထောက် ကိုကျော်ဇောဝင်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

အများပြည်သူ ဘယ်လောက် ဆန္ဒ ရှိရှိ လူတစ်ဦး အဖွဲ့  တစ် ခု သဘောမကျ ရင် စစ်တပ် ကို အသုံးချ မယ်ဆိုတာ တပ်ဟာ ပြည်သူ ကို မျက်ကွယ်ပြုပြီး အဲဒီ အဖွဲ့ အစည်းတွေရဲ့ သြဇာခံ အဖြစ်ခံ နေတာပေါ့။

Feb 28, 2016 10:55 PM

အမည်မဖော်လိုသူ

ဒါကြောင့် တိုင်းပြည် ပျက်စီးသွားတာပေါ့။ ဒီမိုကရေစီ စံနစ်မှာ လွတ်လပ်စွာ သဘောကွဲလွဲ ပိုင်ခွင့်ရှိပေမဲ့ အများပြည်သူဆန္ဒ အရပဲ လိုက်နာရမှာ။ ၅၉(စ) ပြင်သင့် မပြင်သင့် ပြည်သူဆုံးဖြတ်တာကို လက်ခံရမှာ။ လူတစ်ဦး အဖွဲ့ အစည်း သဘောကျ လုပ်ရမှာမဟုတ်ဘူး။ ဒေါ်စု ကို သမတ ဖြစ်သင့် မဖြစ်သင့် အများပြည်သူ ဆုံးဖြတ်တာကို လက်ခံရမှာ။ လူတစ်ဦး အဖွဲ့ အစည်း တစ် ခု သဘောကျ ဟိုလူ ဟိုမှာနေ ဒီလူဒီမှာနေ ဆိုတာ အာဏာရှင်စံနစ်။ ဒါနဲ့ များ နိုင်ငံ အကျိုးတဲ့။ ဒေါ်စု လောက် အရည်အချင်းရှိတဲ့လူ ခွေးတစ်ကောင်တောင် မရှိဘူး။ လူ ၃၅၀ လောက်က ပြည်သူ သန် ၅၀ ကို တော်လှန်နေတယ်။ စစ်တပ်ကလဲ အာဏာရှင် နဲ့  သူ့ အသိုင်းအ၀ိုင်း ကို ကာကွယ်ဘို့ ပြည်သူ့ ဆန္ဒ မျက်ကွယ်ပြုနေတာများ ပြည်သူ့ တပ်မတော် နံမည် တတ်ချင်သေးတယ်။

Feb 28, 2016 10:52 PM

အမည်မဖော်လိုသူ

နေမျိုးဝေ နဲ့  ခင်ဝိုင်းကြည် ပါနေ မှာတော့ ဘယ်သွား သောက်သုံးကျမလဲ။ အာဏာရှင် အကြိုက် တွေပါ။ သတ္တိ ရှိရင် ဆန္ဒ ခံယူပွဲ လုပ်ရဲ လား။

Feb 28, 2016 07:44 PM

အမည်မဖော်လိုသူ

စစ်တပ် နဲ့  အာဏာရှင် တွေက ပြည်သူဆန္ဒ နဲ့  ဒီမိုကရေစီ အရေး ကို နည်အမျိုးမျိုး သုံး ဆန့် ကျင်ဘို့  မွေးထားတဲ့လူတွေပါ။ ဒီလို ဆန္ဒ ထုတ်ဖေါ်ကြမယ် ဆိုရင် ၅၉(စ) ပြင်ချင်တဲ့ဘက် က ၀က်ဝက် ကွဲ သွားအောင်တောင် ထောက်ခံကြအုံးမယ်။ ပြည်သူ တစ်ရပ်လုံးက ဒီလောက်ဆန္ဒ ပြင်းပြနေတဲ့ ကိစ္စ ကို တပ် က ဆန့် ကျင် တယ် ဆိုတာ ပြည်သူ့ တပ်မတော် မဟုတ်ပဲ အာဏာရှင် တပ် ဖြစ်နေလို့ ပေါ့။ ဒါ များ ကိုမျိုးချစ်တွေတဲ့။ြာည်သူတစ်ရပ်လုံးထက် သူတို့ ကများ ပို စိတ်ပူရသေးတယ်။

Feb 28, 2016 07:41 PM

အမည်မဖော်လိုသူ

ခင်ဗျား တို့ .ဒီလိုဦးနှောက်နဲ. .ထော်လော်ကန့်လန့်လုပ်လိုက် ကြပေါ့

ရန်ကုန်မှ ထောင်ခံသူ ၅၀၀
မပြည့်ဘူဆိုတော့
ပြင်ချင်သူများတာလို့ သဘောရပါတယ်

ပြည်သူ
့ဆန္ဒခံယူ ပွဲ လုပ်လိုက်ကြတာ
အကောင်းဆုံးပဲလို
့ မြင်ပါတယ်

မဲပုံ ထောင်လိုက် ပါ

Feb 28, 2016 04:12 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့