ငြိမ်းချမ်းရေးနဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဒေါ်အောင်ဆန်း စုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ရာမှာ ဒေသအတွင်း မှာ ကျန်နေသေးတဲ့ မြေမြှုပ်မိုင်းတွေ ရှာဖွေရှင်းလင်းပေးဖို့ကို အဓိကထား တိုက်တွန်းဆွေးနွေးခဲ့တယ်လို့ ဇန်နဝါရီလ ၂၁ရက်နေ့ ဒီကနေ့ ပြည်သူ့လွှတ်တော် ခေတ္တနားနေစဉ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှု ကို ဖြေကြားခဲ့ပါတယ်။

မနေ့က ဇန်နဝါရီလ ၂၀ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က တာဝန်ရှိသူတွေနဲ့ မနေ့က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ငြိမ်းချမ်းရေး အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှုလုပ်ငန်းတွေမှာ အစိုးရက ပါဝင်စေချင်တယ်ဆိုရင် မိမိအနေနဲ့ ပါဝင်ဆောင်ရွက်ပေးဖို့လည်း အဆင်သင့်ရှိတယ်လု့ိ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားခဲ့ပါတယ်။

မနေ့က ကျောက်ကြီးမြို့နယ်၊မုန်းဒေသမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို RFA သတင်းထောက် မအိအိခိုင် က ကောက်နုတ်တင်ပြထားပါတယ်။

0:00 / 0:00