ငြိမ်းချမ်းရေး ဆက်လက် ကြိုးပမ်းမယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြော


2016.12.01
dassk-singapore-620 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စင်ကာပူနိုင်ငံရှိ မြန်မာမိသားစုတွေ Jurong East ရှိ Big Box Hall မှာ ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံစဉ်
ဓါတ်ပုံ - မြန်မာသံရုံး၊ စင်ကာပူမြို့ - ပြန်/ဆက်ဌာန

ငြိမ်းချမ်းရေးအတွက် ကြိုးပမ်နေချိန်မှာ စစ်ပွဲတွေဖြစ်နေတာကို ကြောက်မှာမဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့  ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံ သားတွေကို ပြောဆိုလိုက်ပါတယ်။

စင်္ကာပူရောက် မြန်မာနိုင်ငံသားများက ၂၁ ပင်လုံညီလာခံကျင်းပနေပြီး တိုက်ပွဲတွေဖြစ်ပွားလာတာနဲ့ ပတ်သက် ပြီး မေးမြန်းခဲ့တာမှာ ခုလိုဖြေကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်က တိုက်ပွဲတွေ ပေါ်ပေါက်လာတဲ့အပေါ်မှာ စိုးရိမ်ကြောက်ရွံ့နေမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှေ့တိုးဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်က

"သာမန်ပြည်သူပြည်သားတွေကတော့ ဘယ်တိုင်းရင်းသားအုပ်စုကပဲမဆို အေးအေးဆေးဆေးပဲနေချင် တယ်၊ ငြိမ်းချမ်းရေးပဲလိုချင်တယ်၊ တချို့က ငြိမ်းချမ်းရေးလိုချင်တဲ့ စိတ်ဓာတ်ထက် သံသယတွေက ပိုပြီးတော့ကြီးနေတဲ့အခါကျတော့ ငြိမ်းချမ်းရေးကို မယူရဲတာပဲလို့ ကျမ ပြောချင်ပါတယ်"

စင်္ကာပူနိုင်ငံကိုရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်ကို Online ကတဆင့်မေးမြန်းထားတဲ့ မေးခွန်းတွေထဲက တူညီရာစုစည်းပြီး မြန်မာမိသားစုတွေနဲ့တွေ့ဆုံစဉ်မှာ မေးမြန်းခဲ့တာပါ။

မေးမြန်းတဲ့ မေးခွန်းတွေထဲမှာ မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ သလို မြန်မာနိုင်ငံမှာ သက်ငယ်မုဒိန်းမှုတွေ တိုးများလာတဲ့ကိစ္စ၊ နိုင်ငံခြားမှာ အလည်အပတ် နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေသူများကိစ္စနဲ့ ဝန်ထမ်းများ အဂတိလိုက်စားမူကိစ္စ စတာတွေပါဝင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်္ကာပူနိုင်ငံရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင် က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။