မဲဆွယ်ဟောပြောခွင့် ဥပဒေ မူကြမ်းကို ပြင်ဆင်မယ်လို့ ဦးတင်အေး ပြောကြား

2014-05-15
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရန်ကုန်မြို့၊ တာမွေမြို့နယ် Sky Star ဟိုတယ်မှာ မေလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံကြစဉ်
ရန်ကုန်မြို့၊ တာမွေမြို့နယ် Sky Star ဟိုတယ်မှာ မေလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံကြစဉ်
Photo: RFA

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးခွင့် ဥပဒေမူကြမ်း ကို နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ နဲ့ ဆွေးနွေး ပြီး ပြင်ဆင်သွားမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ပြောပါတယ်။

ရန်ကုန်မြို့ တာမွေမြို့နယ်က Sky Star ဟိုတယ် မှာ ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နဲ့ နိုင်ငံရေးပါတီတွေအကြား ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေး မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောလိုက်တာပါ။

"ဥပဒေကို ကျနော်တို့ပြင်လို့မရပါဘူး သို့သော် လည်းပဲ ကျန်တာတွေက တိုင်ပင်ပြီးမှ အများ သဘောတူ အများကျေနပ်တာကို ချပြဆွေးနွေးပြီးတော့ ပြင်ဆင်သွားမှာပါ ရွေးကောက်ပွဲမှာ အားနည်း ချက်တွေရှိတယ်၊ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာအားနည်းတာတွေကို ကျနော်တို့အနေနဲ့ အား လုံးသိအောင် ကိုယ်တိုင်လည်းသိရမှာပေါ့၊ ကျန်တဲ့စနစ်တွေဆိုရင်တော့ ဘာမှပြောင်းလဲစရာမရှိဘူး"

လာမယ့် ၂၀၁၄ခုနှစ်ကုန်ခါနီးမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ လိုက်နာရမယ့်စည်းကမ်းတွေကို ဥပဒေကြမ်းအဖြစ် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တာပါ။

အဲဒီအထဲမှာ မဲဆွယ်စည်းရုံးခွင့်ကာလကို တစ်လသာ သတ်မှတ်ပေးထားတာနဲ့ မဲဆွယ်စည်းရုံးမယ် ဆိုရင် ကြိုတင် ခွင့်ပြုချက်တောင်းခံရမယ်ဆိုတဲ့ အချက်တွေကို ဒီနေ့ တက်ရောက်တဲ့ နိုင်ငံရေးပါတီ အတော်များများက သဘော မတူကြဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ကသာ သဘောတူတယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ ၅၆ ပါတီက ကိုယ်စားလှယ်စုစုပေါင်း ၁၀၀ ကျော်လောက် တက်ရောက်ခဲ့ ပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အဲဒီဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အကြီးအကဲ ဦးခင်မောင်ဆွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

နေရပ်- Yangon.

Tin Aye looks still young and may be expecting to be one of the key leaders in next government. He can control the whole political structure. But people will never keep silent.

May 17, 2014 10:23 PM

အမည်မဖော်လိုသူ

နေရပ်- Yangon.

If constitution does not change... civil war is at hand for Myanmar.

May 17, 2014 12:44 AM

အမည်မဖော်လိုသူ

နေရပ်- Yangon.

U Tin Aye is 100% from Khyant Khine and now tending to act like President to control election for Kyant Khine. He might say already to Than Shwe and Shwe Mann... don't worry... I can manage...Let NLD do whatever they want.

May 17, 2014 12:43 AM

(

Tin Aye, why is it too easy to change the rules when it comes to how the election campaigns should work but too difficult to change 2008 Constitution?

May 16, 2014 10:20 PM

အချိန် တန်

နေရပ်- နွားပိန် ကန်

ကြံ့ဖွတ်ပါတီက စည်းရုံးရေးကာလ တလလည်း မလိုဘူး ၊ တပတ်လည်း မလိုဘူး ။ အချိန်တန်ရင် ကြိုတင်မဲ (၅၀၀စည်း)တွေ ရောက်လာမှာ။

May 16, 2014 01:52 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့