ARSA ကို အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းအဖြစ် Facebook ပိတ်ပင်


2017.09.20
arsa-622.jpg Arakan Rohingya Salvation Army (ARSA) အဖွဲ့မှ အစွန်းရောက် အကြမ်းဖက်သမားတွေကို တွေ့ရစဉ်
Photo: Arakan Rohingya Salvation Army/ Facebook

မြန်မာအစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA ကို အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းအဖြစ် Facebook လူမှုရေးစာမျက်နှာက ပိတ်ပင်လိုက်ကြောင်း Facebook ကုမ္ပဏီပြောခွင့်ရသူက ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်းသတင်းစာကို အတည်ပြု ပြောကြားလိုက်ပါတယ်။

ARSA အဖွဲ့ဟာ အကြမ်းဖက်ဖို့၊ အစုအဖွဲ့အလိုက် ပြစ်မှုကျူးလွန်ဖို့၊ လူတွေကို သတ်ဖြတ်ဖို့၊ ဒါမှမဟုတ် အမုန်းတရား စနစ်တကျဖြန့်ဖို့ လုပ်ဆောင်နေတဲ့အဖွဲ့ ဖြစ်ကြောင်း၊ ဒါ့ကြောင့် Facebook လူမှုရေးစနစ်တွေနဲ့ ဆန့်ကျင်နေတဲ့ အတွက် Facebook အနေနဲ့ ARSA ကို ထောက်ခံချီးကျူးတဲ့ စာတွေ၊ ဓာတ်ပုံဗီဒီယို တင်တာတွေကို ပိတ်ပင်သွား မယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။