လယ်သမား အလုပ်သမား အရေး ဖြေရှင်းပုံ ကျေနပ်မှှု မရှိဟု ဒေါ်အောင်ဆန်း စုကြည်ပြောကြား


2014.05.21

လယ်သမား အလုပ်သမားပြသနာတွေကို လက်ရှိအစိုးရက ကိုင်တွယ်ဖြေရှင်းနေပုံတွေဟာ ကျေနပ်အားရဖွယ် မရှိကြောင်း၊ ဒါပေမယ့် တချို့ကိစ္စတွေမှာတော့ မလွဲသာလို့ ကြန့်ကြာနေတာတွေလည်း ရှိကြောင်း ဒေါ်အောင် ဆန်းစုကြည် က RFA ကို မနေ့က ပြောကြားလိုက်ပါတယ်။ တဆက်တည်းမှာပဲ လက်ပန်းတောင်းတောင်ဒေ သ ပြဿနာနဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အစိုးရက အပြည့်အဝ အကောင် အထည်ဖေါ် ဆောင်ရွက်ခြင်းမရှိဘူးလို့လည်း ဝေဖန်ပြောကြားခဲ့ပါတယ်။

"အကြံပေးချက်တွေအတိုင်း တချို့ဟာတွေတော့လုပ်တယ်၊ပြည့်ပြည့်စုံစုံ လုပ်တာတော့မတွေ့ရပါဘူး၊ အစိုးရအနေနဲ့ ပိုလုပ်ရမဲ့တာဝန်ကို ဖိဖိစီးစီးနဲ့ တိတိကျကျ လုပ်ဖို့လိုပါတယ်၊တာဝန်သိဖို့က အရေးအကြီး ဆုံးပါ"

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်တို့ပူးပေါင်းပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေ ဟာ ပြည်သူလူထုရဲ့ထောက်ခံမှုကိုရရှိတဲ့ အောင်မြင်မှုတွေဖြစ်ကြောင်းနဲ့ ဆက်လက်ကျင်းပ မှာဖြစ်ကြောင်း  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

"အဓိကကတော့ NLD နဲ့ ၈၈ ပူပေါင်းရေး ကော်မတီကနေပြီးတော့ စီစဉ်မှာပါ၊ တခြားအားလုံး ဝိုင်းပြီးတော့ ဝန်းရံတဲ့အဖွဲ့ရှိတယ်ဆိုရင်လည်း ကျမတို့ ကြိုဆိုပါတယ်၊ကျေးဇူးလည်း တင်ပါတယ်"

ပြည်သူတွေ ပညာတတ်ရေးနဲ့ ဆင်းရဲတွင်းကလွတ်မြောက်ရေးအတွက် စီမံကိန်းတွေ အသေအချာချမှတ်ဖို့ လိုအပ်နေကြောင်း ပြောကြားချက်အပါအဝင် အပြည့်အစုံကို ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။