Father Land ကုမ္ပဏီပိုင်ရှင်ကို လိမ်လည်မှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်


2017.02.20
fatherland-kyawmyint-620.jpg Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က လသာမြို့နယ်တရားရုံးမှာ တွေ့ရစဉ်
Photo: Kaung Htet Kyaw/ RFA

လိမ်လည်မှုနဲ့ Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို လသာမြို့နယ်တရားရုံးက အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။

ကျောက်တံတားမြို့နယ်မှာကျူးလွန်ခဲ့တဲ့ လိမ်လည်မှုနဲ့ ဒီနေ့ လသာမြို့နယ်တရားရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။ မြို့နယ်တရားရုံးရဲ့ အမိန့်ချမှတ်မှုဟာ တိုင်းတရားရုံးက ဖိအားပေးမှုတွေ ရှိနေတယ်လို့ ထောင်ဒဏ်ချမှတ်ခံရသူ ဦးကျော်မြင့် က ပြောပါတယ်။

ပန်းဆိုးတန်း အလယ်ဘလောက်မှာ ဆောက်လုပ်တဲ့ အဆောက်အဦးတစ်ခုနဲ့ပတ်သက်ပြီး မြေပိုင်ရှင်ရဲ့လက်မှတ် ကို လိမ်လည်အတုပြုလုပ်တာ၊ မြေပိုင်ရှင်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါခံစားခွင့်တွေနဲ့ သဘောတူညီချက်တွေကို ဆောင် ရွက်မှုမရှိတာတွေကြောင့် ဦးကျော်မြင့်ကို မြေပိုင်ရှင်က လိမ်လည်မှုနဲ့ ၂၀၁၄ ခုနှစ်က စတင်တရားစွဲဆိုခဲ့တာဖြစ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။