ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြတဲ့ အလုပ်သမားတွေကို ရုံးတင်စစ်ဆေး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မြူးနှင့်ဇူး အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀၀ ကျော် ခွင့်ပြုမိန့်မရဘဲ လမ်းလျှောက်ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တဲ့ အလုပ်သမား ၆ ဦးကို ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်က တရားရုံးတွေက စတင်စစ်ဆေးခဲ့ပါတယ်။

2012.11.05
korea-garment-worker-strike-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၇ ရက်က ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် (၄) ရှိ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံ အလုပ်သမား တစ်ထောင်ကျော် လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြနေကြစဉ်။
RFA

တရားစွဲခံရတဲ့ အလုပ်သမား ကိုလှမင်းထွန်း၊ ကိုနိုင်ဝေလင်း၊ ကိုမျိုးမင်းအောင်၊ ကိုပြည်စိုး၊ မအေးအေးမျိုးနဲ့ မယဉ်ယဉ်ခန့်တို့ (၆) ဦးဟာ ဒီကနေ့မှာပဲ မရမ်းကုန်းမြို့နယ်တရားရုံးကနေ တဆင့် လှိုင်သာယာ မြို့နယ် တရားရုံးမှာ ထပ်မံ စစ်ဆေးခံရဖို့ ရှိသေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ကိုရီးယားနိုင်ငံသားပိုင် မြူးနဲ့ဇူး (MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ  ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့အတွက် စက်ရုံရှေ့ကနေ လေးမိုင်လောက် အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးကို လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။