သပိတ်ကျင်းနဲ့ စဥ့်ကူးက ရွှေလုပ် ကွက်တွေကို လွှတ်တော်ကော် မတီ စစ်ဆေး

2017-06-17
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ရွှေတူးဖော်မှုတွေကြောင့် မိုင်းနောင်ရွာလယ်ကနေ ဖြတ်စီးပြီး အင်းတော်ကြီးကန်ထဲ စီးဝင်တဲ့ ခေါင်းတုံးချောင်းရေ ညစ်ညမ်းနေတာကို ၂၀၁၅ ခုနှစ် သြဂုတ်လက တွေ့ရစဉ်
ရွှေတူးဖော်မှုတွေကြောင့် မိုင်းနောင်ရွာလယ်ကနေ ဖြတ်စီးပြီး အင်းတော်ကြီးကန်ထဲ စီးဝင်တဲ့ ခေါင်းတုံးချောင်းရေ ညစ်ညမ်းနေတာကို ၂၀၁၅ ခုနှစ် သြဂုတ်လက တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းနဲ့ စဥ့်ကူးမြို့နယ်တွေက ရွှေတူးဖော်ရေးလုပ်ငန်းတွေက စွန့်ပစ်တဲ့မြေစာ ပုံတွေကြောင့် ရေအရင်းအမြစ်တွေ ပျက်စီးနေပြီး အနီးအနားကျေးရွာတွေမှာ နေထိုင်သူတွေအတွက် သောက် သုံးရေ အခက်အခဲတွေရှိနေကြာင်း ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်စစ်ဆေးခဲ့တဲ့ အမျိုးသားလွှတ်တော် သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးကျော်သီဟ က ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာနဲ့ စဥ့်ကိုင်မြို့နယ်၊ ၀ါးဘိုးကျေးရွာတွေက ရွှေလုပ်ကွက်တွေနဲ့ ပတ်သက် ပြီး ဒေသခံတွေရဲ့ တိုင်ကြားချက်ကြောင့် သွားရောက်စစ်ဆေးခဲ့တဲ့ ကော်မတီဥက္ကဌ ဦးကျော်သီဟ က အခုလိုပြောပါတယ်။

"စဥ့်ကူးဘက်မှာကျတော့ ဝါးဘိုး၊ သပိတ်ကျင်းဘက်က ရေထွက်ပေါ့၊ အဲလိုရွာတွေက သဘာဝ ပတ်ဝန်းကျင်က လူတွေနေဖို့အတွက်ရော၊ သူတို့သောက်ရေသုံးရေအတွက်ရော အကုန်လုံး အခက်အခဲဖြစ်နေပါတယ်ဆိုတဲ့ အကြောင်းအရာကို လှမ်းပြီးတော့မှတောင်းတော့ လွှတ်တော်ဥက္ကဌ ကလည်း ကိုယ်တိုင်သွားကြည့်ပါတဲ့ ပြောတယ်၊ ရွာသားတွေကိုယ်တိုင်က လိုက်ပြပေးတာပေါ့၊ ဘယ်နေရာမှာတော့ မြေစာပုံတွေ ပုံတယ်၊ ဘယ်နေရာမှာတော့ သူတို့လုပ်ထားပြီးတော့မှ တံတားတွေက ရေလမ်းကြောင်းတွေပိတ်ကုန်တယ်၊ မြေစာပုံတွေကြောင့် ရေစီးရေလာလည်း မကောင်းတော့ဘူး၊ ကျင်းတွေတူးထားပြီးတော့မှ ကုမ္ပဏီတွေက ပြန်မပိတ်ဘဲနဲ့ထားတော့ ကျွဲ နွား တိရစ္ဆာန်တွေရော လူတွေရော အကုန်ဒုက္ခရောက်မှာဆိုတော့ သူတို့ပြောကြားချက်တွေကို အကုန် လိုက်ကြည့်တော့ ဟုတ်တယ်၊ ဟုတ်နေတယ်"

အဲဒီဒေသတွေမှာ ရွှေတူးဖော်ရေးလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ အများအပြားရှိနေပြီး စွန့်ပစ်မြေစာလို့ ခေါ် တဲ့ ကျောက်တွေကို စနစ်တကျစွန့်ပစ်မှုမရှိကြောင်း၊ လူတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ သုံးပြီး ရွှေတူးဖော်တာတွေကို တွေ့ရှိခဲ့ရတယ်လို့လည်း ပြောပါတယ်။

ကွင်းဆင်းစစ်ဆေးတဲ့အခါမှာလည်း သက်ဆိုင်ရာ ရွှေတူးဖော်ရေးကုမ္ပဏီတွေ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ပြီး ပြုပြင်စရာရှိတာတွေ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးဖို့ ညှိနှိုင်းပေးခဲ့သလို တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာကို အမျိုးသားလွှတ်တော်မှာ အမြန်ဆုံးတင်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြော ပါတယ်။

သွားရောက်စစ်ဆေးရာမှာ အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် ၆ ဦး၊ မန္တလေးတိုင်းအစိုးရအဖွဲ့၊ သတ္တုတွင်းဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကလည်း ပါဝင်ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့