ဝိုင်းမော်မြို့နယ်မှာ အစိုးရက အကူအညီပေး

2017-04-19
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ ပျက်စီးခဲ့ရတဲ့ အိမ်ထောင်စု လေးဆယ်ကျော် လူဦးရေ ၂၀၀ ကျော်အတွက်လိုအပ်တဲ့ အိမ်အမိုးတွေနဲ့ အခြေခံရိက္ခာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက ဒီကနေ့ သွားရောက်လှူဒါန်းခဲ့ပါတယ်။

လေဘေးသင့်ပြည်သူသူတွေအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာနက လှူဒါန်းတဲ့ ပစ္စည်းနဲ့ အလှူငွေတွေကို သွားရောက်ပို့ဆောင်ပေးတာဖြစ်တယ်လို့ ဝိုင်းမော်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇယ်ခေါင် က ပြောပါတယ်။

"လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနက ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ပေးတာပါ၊ သွပ်ပြား ၇၁၁ ချပ်၊ အိမ်ပျက်စီးသွားတဲ့ အိမ်ထောင်စု ၄ဝ အတွက် တစ်အိမ်ကို ၁ သိန်းနှုန်းနဲ့ပေးတာပါ၊ စားစရိတ် တပတ်စာထောက်ပံ့လိုက်တာက တစ်ယောက်ကို ၂၁ဝဝ နှုန်းနဲ့ ပေးပါတယ်"

ဧပြီလ ၂ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ လေပြင်းဒါဏ်ကြောင့် ဝိုင်းမော်မြို့နယ်က မန်ဒေါင် နဲ့ ခဝမ် ကျေးရွာက လူဦးရေ နှစ်ရာကျော်ရှိတဲ့ အိမ်ထောင်စု ၄၀ ကျော်ရဲ့ အိမ်အမိုးတွေပျက်စီးခဲ့လို့ အိမ်အမိုးသွပ်အပြင် အဝတ်အထည် ကျောင်းသုံးစာအုပ်နဲ့ မိသားစုသုံး အခြေခံပစ္စည်းတွေကို သွားရောက်ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

အလားတူ အခုလဆန်းပိုင်းက လေပြင်းတိုက်ပြီး မိုးရွာသွန်းခဲ့လို့ ရွှေကူနဲ့ အင်ဂျန်းယန်မြို့နယ်မှာလည်း လူနေ အဆောက်အဦးတွေ ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့ပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်
ဆိုက်တခုလုံးသို့