ကေအိုင်အို စခန်းကို လက်နက်ကြီးပစ်ခတ်မှုများပြား


2016.11.12
waimaw-620 ကချင်ပြည်နယ်က ဝိုင်းမော်မြို့နယ် မြေပုံကို တွေ့ရစဉ်
.

အစိုးရတပ်မတော်က ဝိုင်းမော်မြို့နယ်အတွင်းရှိ ကေအိုင်အို တပ်တွေအခြေစိုက်တဲ့ ဂီဒွန်တောင်က စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ နေ့စဉ်လိုလို ရှိနေဆဲဖြစ်ပြီး အခုတလော ပစ်ခတ်တာတွေက အရင်ကထက် ပြိုပီးများပြားလာတယ်လို့ ကေအိုင်အို အရာရှိတစ်ဦးက ပြောပါတယ်။

၂ လကျော်ကြာနေပြီဖြစ်တဲ့ ကေအိုင်အို နယ်မြေအတွင်းက အင်ခရမ်တောင်တန်းပေါ်ရှိ ဂီဒွန်တောင်ကုန်းကို တပ်မတော်ဖက်က လက်နက်ကြီးပစ်ခတ်တာတွေ အရင်ကထက် များပြားလာတဲ့အကြောင်း ကေအိုင်အို ပြန် ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက အခုလို ပြောပါတယ်။

"ဂီဒွန်ဘက်မှာတော့ တိုက်ပွဲက လက်နက်ကြီးနဲ့ ပစ်တာတော့ရှိပါတယ်။၂ ရက် ၃ ရက်လောက် ဆိုရင်တော့ သူတို့ပစ်တဲ့ပုံစံကတော့ အရင်ပစ်တာနဲ့စာရင်တော့ ထူးဆန်းတယ်လို့ ပြောလို့ရပါတယ်။ ဆက်တိုက်ပစ် တာတွေရှိတယ် ခါတိုင်းကတော့ တစ်နေ့ ၁၀ ကျော်၊ ၂၀ လောက်ပစ်တယ်။ အခု ၃ ရက်လောက်မှာတော့ ၄၀၊ ၅၀ ကြိမ်လောက် ပစ်တာတွေရှိတယ်၊ အဲဒါတော့ နည်းနည်းထူးဆန်းတယ်လို့ ပြောလို့ရပါတယ်"

အခုနောက်ပိုင်းမှာ မြေပြင်တိုက်ပွဲတွေ မရှိတော့ပေမယ့်  ကေအိုင်အို ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တာတွေရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။