သတ်ဖြတ်မြှုပ်နှံထားတဲ့ ဟိန္ဒူ အလောင်းတွေ တွေ့ရှိ

2017-09-24
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက်မှာ မြှုပ်နှံထားတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အလောင်းတွေကို စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရှိစဉ်
မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက်မှာ မြှုပ်နှံထားတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အလောင်းတွေကို စက်တင်ဘာလ ၂၄ ရက်နေ့က တွေ့ရှိစဉ်
Photo: Information Committee's Facebook

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဟိန္ဒူဘာသာဝင်တွေကို သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက်မြှုပ်နှံထားတာ တွေ့ရှိ ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက မနေ့ကထုတ်ပြန်ခဲ့ပါတယ်။

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက် မြေကျင်းတခုမှာ လူသေအလောင်းတွေ မြှုပ်ထား တာကို စက်တင်ဘာလ ၂၄ ရက် တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်ဟာ ရဲဘော်ကျ ကျေးရွာက ရွာသူ ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ ရွာရဲ့ အနောက်ဘက်မှာ တချို့ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်းအရ လုံခြုံရေးအရာရှိတွေ သွားရောုက်စစ်ဆေးရာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့နေရာကို တွေ့ရှိ လို့ တူးဖေါ်ရာမှာ ကျင်းနှစ်ကျင်းထဲက အမျိုးသားအလောင်း ၈ လောင်း၊ အမျိုးသမီးအလောင်း ၂၀ ၊ စုစုပေါင်း ၂၈ လောင်းတွေ့ရှိခဲ့ရပါတယ်။

အလောင်းတွေကို လိုအပ်သလို စစ်ဆေးပြီး၊ စုံစမ်းရှာဖွေမှုတွေ ဆက်လက်ဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက် မှာဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကလည်း မောင်တောမြို့ ၄ ရပ်ကွက်နေ ဟိန္ဒူ ဘာသာဝင် မိသားစု ၁၂ ဦး ကို အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ပစ်ခတ်ခဲ့လို့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး နဲ့ ကလေး ၃ ဦးတို့ သေဆုံးခဲ့ပြီး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Than Nyunt

နေရပ်- Yangon

International News media, UN and diplomats from western countries should be taken to this place and let them observe this carnage. The news from the Myanmar government is not accepted by them because they think that it is faked. They should see this scene themselves and lets find out what they say. Would they still claim it is faked ? The Myanmar government must do it ASAP and effectively.

Sep 26, 2017 12:57 AM

လိုင်းကကျကျနေတယ်

ဟလို ..ဟလို..
UN ကပါ။ ရခိုင်ပြည်နယ်မှာ ဟိန္ဒူတွေ အသတ်ခံရတယ် ဟုတ်လား။ အတွင်းရေးမှူးချုပ် က ပြောပါတယ် ။ ပြန်ပြီး အသက်ရှင်လာကြမှာမှ မဟုတ်တာ ၊ ပြောမနေပါနဲ့ တော့ တဲ့။
ဟလို ..ဟလို..
ဟလို ..ဟလို..

Sep 25, 2017 11:50 AM

အမည်မဖော်လိုသူ

It's better for Myanmar authority to allow international media to access the area and can find out more.

Sep 25, 2017 01:54 AM

ဆိုက်တခုလုံးသို့