ဦးကိုနီကို ထောက်လှမ်းရေးက အဆက်မပြတ် စောင့်ကြည့်ခဲ့


2017.02.02
koni-620.jpg ရှေ့နေ ဦးကိုနီ ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

ရန်ကုန်လေဆိပ်မှာ သေနတ်သမားရဲ့ လုပ်ကြံသတ်ဖြတ်ခံရသူ ဦးကိုနီ ကို ထောက်လှမ်းရေးက အနီးကပ်စောင့် ကြည့်မှုရှိတယ်လို့ ဦးကိုနီရဲ့ မိတ်ဆွေနဲ့ လုပ်ဖေါ်ကိုင်ဖက်များက ပြောပြသလို ခြိမ်းခြောက်ခံရတာတွေလည်း ရှိတယ်လို့ ရိုက်တာ သတင်းတရပ်မှာဖေါ်ပြထားပါတယ်။

ဒီကိစ္စများနဲ့ပတ်သက်ပြီး ဦးကိုနီရဲ့ မိတ်ဆွေရင်းများက လုံခြုံရေးအတွက် သတိပေးပြောဆိုမှုတွေရှိပေမဲ့ ဦးကိုနီ အနေနဲ့ အလေးထားခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ အခုလို ထောက်လှမ်းရေးက စောင့်ကြည့်တာတွေဟာ NLD ပါတီ အနိုင်ရပြီးတဲ့ နောက်ပိုင်းမှာ ပိုပြီးဆိုးရွားလာပါတယ်။

ဦးကိုနီရဲ့ လုပ်ဖေါ်ကိုင်ဖက်နှစ်ဦးအဆိုအရ ထောက်လှမ်းရေးတွေဟာ သူတို့ကို တိုက်ရိုက်ချဉ်းကပ်ပြီး သတင်းပေး ဖို့အထိ ပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။

အလားတူ ဦးကိုနီနေထိုင်ရာ ဗိုလ်တထောင်မြို့နယ်မှာ တာဝန်ကျတဲ့ စစ်တပ်ထောက်လှမ်းရေး အရာရှိတဦး ကတော့ အခုလိုထင်ရှားတဲ့သူတွေကိုစောင့်ကြည့်တာဟာ သာမန်လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး နေ့တဓူဝ ဦးကိုနီရဲ့ လှုပ်ရှားမှုတွေကို သူက သတင်းပို့ရတယ်လို့ ရိုက်တာသတင်းကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။