ကိုဂျင်မီ စာအုပ် မိတ်ဆက်ပွဲ

2017-06-19
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
ကိုဂျင်မီရဲ့ ၈ အုပ်မြောက် စာအုပ်ဖြစ်တဲ့ "၀ဲသြဃ မှ တေးသံပြိုင်လို့" စာအုပ် မိတ်ဆက်ပွဲကို ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်မြို့က တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပစဉ်
ကိုဂျင်မီရဲ့ ၈ အုပ်မြောက် စာအုပ်ဖြစ်တဲ့ "၀ဲသြဃ မှ တေးသံပြိုင်လို့" စာအုပ် မိတ်ဆက်ပွဲကို ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်မြို့က တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပစဉ်
Photo: Htet Arker/ RFA

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းက ကိုဂျင်မီရဲ့ ၈ အုပ်မြောက် စာအုပ်ဖြစ်တဲ့ "၀ဲသြဃ မှ တေးသံပြိုင်လို့" အမည်ပေးထားတဲ့ စာအုပ် မိတ်ဆက်ပွဲ ကို ဒီကနေ့ ရန်ကုန်မြို့က တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဒီကနေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်တာကြောင့် မွေးနေ့ကို အလုပ်နဲ့ဂုဏ်ပြုတဲ့အနေနဲ့ စာအုပ်ကို ဒီကနေ့ စတင်ဖြန့်ချီ တာဖြစ်တယ်လို့ ကိုဂျင်မီက ပြောပါတယ်။

"သမိုင်းမှာအထင်ကရဖြစ်တဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို အလုပ်နဲ့ဂုဏ်ပြုတဲ့အနေနဲ့ ဒီစာအုပ်ကို ဒီနေ့မှာပဲစဖြန့်ပါတယ်"

အထက်တန်းကျောင်းသားဘ၀မှာ ပျော်ပျော်နေတတ်တဲ့ လူငယ်တစ်ယောင်ရဲ့ နိုင်ငံရေး အတွေ့အကြုံတွေကို ရေးသားထားတာဖြစ်ပြီး စာအုပ်ထဲက ဇာတ်ကောင်တွေဟာ အပြင်လောကမှာ ၂၅ ရာခိုင်နှုန်းလောက် အမှန်တကယ်ရှိသူတွေဖြစ်ကြောင်းလည်း ပြောပါတယ်။

အဲဒီစာအုပ်ဟာ ပထမစာအုပ်ဖြစ်တဲ့ "သံစုံတီးတဲ့ ၀ဲသြဃ" စာအုပ်ရဲ့ အပိုင်းဆက်ဖြစ်ပြီး ပထမ စာအုပ်မှာတော့ တက္ကသိုလ်ကျောင်းသားဘ၀ကို အခြေခံပြီးရေးသားထားတာဖြစ်ပါတယ်။

အဲဒီစာအုပ်ကို သြရသ စာပေက ထုတ်ဝေတာဖြစ်ပြီး စာအုပ် တန်ဖိုး ငွေကျပ် ၃ထောင်နဲ့ ရောင်းချ ကာ အုပ်ရေအရေအတွက် ၅၀၀ ထုတ်ဝေထားတယ်လို့ သိရပါတယ်။

စာအုပ်မိတ်ဆက်ပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ စာနယ်ဇင်းသမားတွေ တက်ရောက်ခဲ့ကြပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

Like such books, the movies with "revolutions back grounds" should be coming out in Myanmar.

Jun 20, 2017 03:22 AM

ဆိုက်တခုလုံးသို့